Wednesday, October 6, 2010

“ ပေးကမ်း စွန့်ကြဲခြင်း…”



အပြုသဘောဖြင့် အကျိုးပြုလိုတဲ့ စိတ်အခြေခံနှင့်စဉ်းစားတဲ့

ပုဂ္ဂိုလ်များအတွက်မူ

ပေးကမ်းစွန့်ကြဲခြင်းဟာ အမြင့်မြတ်ဆုံး ပင်ကို စွမ်းအားတစ်မျိုးကို

ထူထောင်ခြင်းဖြစ်ပါတယ်။

ပေးကမ်းစွန့်ကြဲတဲ့ လုပ်ငန်းတွင် စိတ်ရဲ့စွမ်းအားကြံခိုင်မှုကိုလည်းကောင်း၊

မိမိရဲ့ ပစ္စည်းဥစ္စာပေါကြွယ်ဝမှုကိုလည်းကောင်း၊

မိမိရဲ့ ပါဝါစွမ်းရည်ကို လည်းကောင်း၊

လက်တွေ့သိရှိလာရပါတယ်။

မိမိရဲ့ ကြံ့ခိုင်တဲ့ စိတ်စွမ်းရည်နှင့် တက်ကြွတဲ့ သဘောကို သိရခြင်းဟာ

ကြည်နူးဝမ်းမြောက်စရာဖြစ်ပါတယ်။

ပေးကမ်းစွန့်ကြဲတဲ့အချိန်တွင်

စိတ်ကောင်းစေတနာတွေ ယိုဖိတ်စီးဆင်းနေသလို

မိမိမှာ ရှိတဲ့ပစ္စည်းကို အကျိုးရှိရှိ အသုံးချနေရသလို

စိတ်ရောကိုယ်ပါ ပေါ့ပါးသွက်လက်ကြည်နူးနေမှု ကို ခံစားရပါတယ်။

ပေးကမ်းစွန့်ကြဲခြင်းဟာ ရယူရခြင်းတက် ကြည်နူးပျော်ရွှင်စရာကောင်းပါတယ်။

ပေးကမ်းစွန့်ကြဲခြင်းဟာ ကောင်းမြတ်တဲ့ စေတနာရဲ့ နိုးကြားရှင်သန်မှုကို

ဖော်ညွှန်းပေးတဲ့အတွက် ပေးကမ်းစွန့်ကြဲခြင်းဟာ

ကြည်နူးပျော်ရွှင်စရာ ပိုကောင်းခြင်းဖြစ်ပါတယ်။

“ သေတဲ့အထိ ယဉ်ကျေးသူ....”





ကမ္ဘာပေါ်တွင် ပြင်သစ်လူမျိုးဟာ
အယဉ်ကျေးဆုံးလို့ သတ်မှတ်ကြတယ်။
အဲဒီအချက်ကို ပဲရစ်မြို့သင်္ချိုင်းဟောင်းတစ်ခုတွင်
တွေ့ခဲ့ရတဲ့ အုတ်ဂူပေါ်က စာတမ်းက သက်သေထူပါတယ်။

စာတမ်းမှာ ဒီလိုဖြစ်ပါတယ်။

“ ကျွန်ပ် အနားယူသောနေရာသို့
မိတ်ဆွေရောက်လာချိန်တွင်

ထပြီးမကြိုနိုင်သည့်အတွက်

တောင်းပန်ပါတယ်။ ”

“ ငြိမ်သက်ခြင်း အလေ့အကျင့်…”



သိပံ္ပပညာရှင်ကြီးပါစကယ်က

လူသားတွေကို နှစ်ပေါင်းများစွာ လေ့လာပြီးကျနော်သိလာတာတစ်ခုရှိပါတယ်။

အဲဒါကတော့ လူသားတို့အတွက် အကြီးမားဆုံးဒုက္ခများအနက်

တစ်ခုမှာ ငြိမ်ငြိမ် မနေနိုင်ခြင်းပင်ဖြစ်တယ်

လို့ပြောခဲ့ပါတယ်။


စတားဒေလီဟာ စိတ်ပညာရှင်တစ်ဦးဖြစ်တယ်။

စိတ်ပိုင်းဆိုင်ရာ ကုစားမှုအကြောင်းကို ကောင်းစွာ သိသူတစ်ဦးဖြစ်တယ်။

သူက

ကျနော်အတွေ့အကြုံအရပြောရမယ်ဆိုရင် …..

ကျနော်သိသမျှယောက်ျား ဒါမှမဟုတ် မိန်းမတွေထဲမှာ

ငြိမ်ငြိမ် သက်သက်နေတဲ့ အလေ့အကျင့်ကိုသိပြီး

လက်တွေ့လေ့ကျင့်သူဟာ ဖျားခြင်း နာခြင်းတောင် မရှိပါဘူး

လို့ပြောဖူးပါတယ်။


အလွန်မှန်ကန်တဲ့စကားဖြစ်ပါတယ်။

ငြိမ်ငြိမ်သက်သက် နေထိုင်တဲ့ အလေ့အကျင့်ဟာ

ဆေးဝါးအများစုထက် ရောဂါကို ကာကွယ် ပျောက်ကင်းစေနိုင်ပါတယ်။


မြန်မာလူမျိုးအတွက် ငြိမ်ငြိမ်သက်သက် နေထိုင်တဲ့အလေ့အကျင့်ဟာ

နီးလျက်ဝေးနေတဲ့အလေ့အကျင့်ဖြစ်ပါတယ်။

အဲဒါကတော့ တရားထိုင်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။

မှန်ကန်တဲ့နည်းစံနစ်ဖြစ်ဖို့တော့လိုအပ်ပါတယ်။

ဒါကလည်း ခက်ခဲတဲ့နည်းလမ်းတော့မဟုတ်ပါဘူး။

ကိုယ်နဲ့နီးတဲ့တရားစခမ်းတစ်ခုခုမှာ ဝင်ရောက်ပြီး

နည်းစံနစ်ကိုယူလည်းရနိုင်ပါတယ်။

နောက်တစ်ခုကတော့ မှန်ကန်တဲ့ နည်းစံနစ်ကိုရေးသားထားတဲ့

ဆရာတော်ကြီးတွေရဲ့စာအုပ်ကိုဖတ်ပြီး စနစ်တကျလေ့ကျင့်ရင်လည်း ဖြစ်နိုင်ပါတယ်။

အဲဒီအလေ့အကျင့်ကို ယုံယုံကြည်ကြည်နဲ့လေ့ကျင့်ခဲ့မယ်ဆိုရင်

ကိုယ်ခန္ဓာ ကျန်းမာမှုကိုတိုးတက်စေနိုင်သလို

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊

ရင့်ကျက်မှုလည်း ဖြစ်စေနိုင်ပါတယ်။

“ ကြောက်လို့သေကြတာပါ…”



တစ်ခါတုန်းက

ဘုရားဖူးတစ်ဦးဟာ ဘက်ဒက်ကို သွားနေတဲ့ ပလိပ်ရောဂါနဲ့

တွေ့ဆုံပါတယ်။

မင်း အဲဒီကို ဘာသွားလုပ်မှာလဲ

လို့ ဘုရားဖူးက ပလိပ်ရောဂါကိုမေးပါတယ်။

ငါ အဲဒီကို သွားပြီး လူ (၅၀၀၀)ကို သေအောင်သတ်မလို့

လို့ ပလိပ်ရောဂါက

ကြွားဝါပြီးပြောပါတယ်။


အဲဒီအခါ ဘုရားဖူးဟာ အလွန်ကြောက်လန့်တဲ့အတွက်

သူရဲ့မူလအစီအစဉ်ကို ပယ်ဖျက်လိုက်ပါတော့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ရောဂါကျရောက်တဲ့ဒေသက

ထွက်ပြေးလာသူတစ်ဦးကို ဘုရားဖူးကတွေ့ခွင့်ရပါတယ်။

ပလိပ်ရောဂါကြောင့် သေဆုံးသူဦးရေမှာ (၅၀၀၀)မဟုတ်ဘဲ

(၅၀၀၀၀)ဖြစ်ကြောင်းသိခဲ့ရပါတယ်။


နောက်များမကြာမီ ဘုရားဖူးဟာ ပလိပ်ရောဂါနှင့်

နောက်တစ်ကြိမ် ထပ်မံတွေ့ပြန်ပါတယ်။

ပလိပ်ရောဂါကို အခြားမြို့ကြီးတစ်မြို့ကို

အသွားလမ်းတွင်တွေ့ဆုံကြခြင်းဖြစ်ပါတယ်။

တွေ့တွေ့ခြင်း ဘုရားဖူးက ပလိပ်ရောဂါကို

ဟေ့ကောင်၊မင်းလိမ်တယ်။

မင်း ငါ့ကိုပြောတော့ လူ (၅၀၀၀)ကိုပဲသတ်မယ်ဆို

လို့ ဘုရားဖူးက ပြောလိုက်ပါတယ်။


ဟုတ်ပါတယ်..မိတ်ဆွေ၊

ကျနော်သတ်တာက လူ (၅၀၀၀)ပါပဲ။

ကျန်တဲ့ (၄၅၀၀၀)ကတော့ ကြောက်ပြီးသေကုန်တာပါ


လို့ ပလိပ်ရောဂါက ညင်ညင်သာသာ ပြန်ဖြေလိုက်ပါတယ်။


အကြောက်တရားကတော့ လူကိုသေစေနိုင်တယ်။

အကြောက်တရားကြောင့် သေခဲ့သူပေါင်း ဘယ်လောက်ရှိပြီလဲဆိုတာတောင်

မခန့်မှန်းနိုင်လောက်အောင်ပါပဲ။

လောကကြီးမှာ ကြောက်စရာဆိုတာ မရှိပါဘူး။

ကြောက်စိတ် ဆိုတာပဲရှိပါတယ်။


ဆင်ခြင်တုံ တရားနဲ့ ကြောက်စိတ် မရှိသူများ ဖြစ်နိုင်ကြပါစေ။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com