 
   
  တစ်ခါတုန်းက
  အစာငတ်မွတ်တဲ့ ဘေးဒုက္ခနဲ့ကြုံခဲ့ရတဲ့အာဖရိကမှာ
  လူတွေ၊တိရစ္ဆာန်တွေဟာ အစာငတ်ပြီးသေကုန်ကြပါတယ်။
  လူတွေဟာ ဆက်လက်နေထိုင်ရမှာကိုကြောက်လန့်ပြီး 
  အဲဒီဒေသကို စွန့်ခွာထွက်ပြေးကုန်ပါတယ်။
  အဲဒီဒေသမှာ ထူးဆန်းတဲ့ ပယ်လီကင်ငှက်မတစ်ကောင်ရှိပါတယ်။
  သတ္တိရှိလှတဲ့ အဲဒီငှက်ကတော့ ဘာမှ စိုးရိမ်စိတ်မရှိပဲ သူရဲ့သားသမီးတွေကိုပျော်ပျော်ရွှင်ရွှင်
  ပြုစုစောင့်ရှောက်နေပါတယ်။
  သားသမီးများတဲ့အတွက် ပယ်လီကင်ငှက်မအတွက် အစားအစာများစွာလိုအပ်ပါတယ်။
  နေ့စဉ်ရက်ဆက်အစာရအောင် ကြိုးစားရှာပါတယ်။
  အစာရှားပါးတဲ့အတွက် ပယ်လီကင်ငှက်မအတွက် ပင်ပန်းကြီးစွာ အစာရှာရပါတယ်။
  နောက်ဆုံးအစာလုံးဝ ရှာမတွေ့တော့တဲ့အခါ သူရဲ့နှုတ်သီးနဲ့သူ့ရဲ့ရင်ဘတ်ကိုဖောက်ပြီး
  သူ့ရင်မှ သွေးတွေကို သားငယ်၊သမီးငယ်တွေကို ကျွေးမွေးပါတယ်။
  အစာငတ်မွတ်တဲ့ဘေးကြီးပြီးဆုံးသွားတဲ့အခါ အဲဒီပယ်လီကင်ငှက်ရဲ့သား၊သမီးတွေဟာ
  မိခင်သွေးနဲ့ သန်မာထွားကြိုင်းပြီး အဝေးကို ပျံသွားကြပါတယ်။
  သူတို့ကိုယ်ကိုသူတို့လည်း စောင့်ရှောက်နိုင်ကြပါတယ်။
  အဲဒီလိုစောင့်ရှောက်နိုင်ဖို့အတွက် မိခင်ပယ်လီကင်ငှက်မကြီးဟာ 
  သူ့ရဲ့အသွေးအသားကို ရက်ရက်ရောရောပေးဆပ်ခဲ့ပါတယ်။