Wednesday, November 17, 2010

“ တက္ကသိုလ်ကျောင်းသား…”



တစ်ခါတုန်းက မှောင်မည်းနေတဲ့ ညချမ်းတစ်ခုတွင်

လူငယ်တစ်ယောက်ကို

လူဆိုး နှစ်ယောက်က လမ်းထောင့်တစ်နေရာမှာ

ညှပ်ပိတ်လိုက်ပြီး အမိန့်ပေးတယ်။


ဟေ့ကောင်၊

မင်းရဲ့ဂျာကင်ကို ချွတ်လိုက်စမ်း


ကျနော့်ဂျာကင်က

ပလတ်စတစ်ဂျာကင်ပါခင်ဗျား


ကိုရွှေ

သူပြောတဲ့အတိုင်းဟုတ်၊မဟုတ် စစ်ကြည့်စမ်း


ဟုတ်တယ်၊

သူပြောတဲ့အတိုင်း ပလတ်စတစ်ဂျာကင်ကြီး


အဲဒါဆို မင်းဘောင်ဘီချွတ်လိုက်


ဘောင်ဘီကလည်း စက္ကူဘောင်းဘီပါဗျာ


ကိုရွှေ၊

စစ်ကြည့်စမ်း


ဟုတ်တယ်၊

စက္ကူဘောင်းဘီကြီး


မင်း စီးထားတဲ့ ဖိနပ်ကို ချွတ်စမ်း


အောက်ခွာမပါဘူး


ဟေ့ကောင်၊

မင်း တက္ကသိုလ်ကျောင်းသားလား


ဟုတ်ပါတယ်ခင်ဗျား


ကိုရွှေ၊

ဒီကောင်ကို ငွေ တစ်သိန်းပေးလိုက်စမ်းကွာ

“ စကားကောင်းနေမိလို့ …”



ကျောင်းဆရာဖြစ်တဲ့ ကိုအေးကိုဟာ

အိမ်နီးချင်း ဖြစ်တဲ့ခွဲစိတ်ဆရာဝန်ဒေါက်တာခင်မောင်ဝင်း

ထံကို ရောက်လာတယ်။

နှစ်ယောက်သား ဟိုအကြောင်း၊ ဒီအကြောင်းပြောဖြစ်ကြတယ်။

နောက်တော့ ဝီစကီ နှစ်ပက်စီ သောက်လိုက်ကြတယ်။

အရင်ကထက် စကားပြောကောင်းလာကြတယ်။

နောက်ဆုံးမှာတော့ ကိုအေးကို နေရာမှ ထပြီး ပြန်ဖို့ပြင်တယ်။


မိတ်ဆွေ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာခင်မောင်ဝင်းကို ကပြောတယ်။


ခင်ဗျားဇနီးမနန်းနန်းကို

နှုတ်ဆက်ကြောင်း ပြောပါဗျာ၊

ဒါနဲသူ နေကောင်းရဲ့လားဗျ


ဒီတော့မှ ကိုအေးကို ကပြောဖြစ်တာက

ကျနော်လာတာ တကယ်တော့ သူ့ကိစ္စခင်ဗျ၊

သူ လှေခါးက လိမ့်ကျပြီး

အခု အိမ်အောက်မှာ သတိမေ့ပြီ လဲနေတယ်

“ လက်တွေ့က ပိုအရေးကြီးပါတယ်…”



တစ်ခါတုန်းက အာဏာပိုင်တို့ဟာ

သူတို့တိုင်းပြည်မှာ ဘောလုံးကစားနည်း

ကို စပြီးသင်ဖို့ ဆုံးဖြတ်ကြပါတယ်။


ကစားနည်း ဥပဒေ၊

စည်းမျဉ်းစာအုပ်တွေကို

အကြီးအကျယ်အကုန်အကျခံပြီးဝယ်ပါတယ်။

အဲဒီစာအုပ်ထဲကအတိုင်း အတိအကျ လိုက်နာပြီး

ဆရာတွေက သင်ကြားပို့ချဖို့ညွှန်ကြားပါတယ်။

ဆရာတွေကလည်း အထက်ကညွှန်ကြားတဲ့အတိုင်း

အတိအကျ သင်ရပါတယ်။


သင်ကြားလိုတဲ့ ကျောင်းသား တွေကလည်း

ကစားနည်း စည်းကမ်းတွေကို

အလွတ်ကျက်မှတ်ကြပါတယ်။

ဆရာတွေက ကျောက်သင်ပုန်းပေါ်မှာ

ပုံတွေ ရေးဆွဲပြပြီး အသေအချာပို့ချပါတယ်။

တစ်လတစ်ကြိမ်လောက်လည်း ရေးဖြေစာမေးပွဲ ကျင်းပပေးပါတယ်။

သေသေချာချာ နားမလည်ကြတော့ အားလုံးနီးပါးကျပါတယ်။

သင်ကြားသူအားလုံးလည်း စိတ်ဓါတ်ကျကြပါတယ်။


ဘာကြောင့်ဆိုတော့

အချိန်ကုန်ပြီး တိုးတက်လာတယ်လို့

မခံစားရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။


တစ်နေ့တော့ နိုင်ငံခြားမှ လူငယ်တစ်ဦးရောက်လာပါတယ်။

သင်ကြားသူလူငယ်တွေအတွက်

အကျိုးမထင်တဲ့ ကြိုးစားအားထုတ်မှုကို

တွေ့မြင်သွားပါတယ်။


အမလေး၊

ဘောလုံးကစားနည်းကို စာအုပ်နဲ့ သင်နေလို့ကတော့

တစ်သက်လုံးလည်း ကစားတတ်မှာ မဟုတ်ဘူး။

ဘောလုံးကစားတတ်အောင် လက်တွေ့ကစားဖို့လိုပါတယ်

လို့ တအံ့တသြပြောပါတယ်။


အဲဒီလူငယ်လေးဟာ ဘောလုံးတစ်လုံးကို ဝယ်ပါတယ်။

ပြီးတော့ သင်ကြားသူလူငယ်တွေကို

ကွင်းပြင်တစ်ခုကို ခေါ်သွားပါတယ်။


လက်တွေ့ကစားရင်း သင်လိုက်ရာ

တစ်ပတ်အတွင်းမှာပင်

စာအုပ်နဲ့ ကျောင်းခန်းအတွင်း တစ်နှစ် သင်ယူခဲ့တာထက်

ပိုပြီးတတ်မြောက်သွားပါတော့တယ်။

“ မြန်မြန်သေစေချင်တာလားအချစ်ရယ်…”



တစ်နေ့မှာတော့ ဂျူးအဖိုးကြီး ဦးဂျွန်နီဟာ

လှုပ်တုတ်လှုပ်တုတ်နဲ့ အိမ်ကိုပြန်ရောက်လာတယ်။

မိန်းမဖြစ်သူ ဒေါ်ချမ်းမြက ဆီးကြိုအပြစ်တင်တယ်။


ဒေါ်ချမ်းမြက

ရှင် ဘယ်သွားနေတာလဲ၊

ညစာအတွက် ပြင်ထားတဲ့ ထမင်းဟင်းတွေတောင် အေးကုန်ပြီ


ဦးဂျွန်နီက

အေးကွာ၊ မြို့ထဲသွားပြီးပိတ်စ နှစ်ကိုက်ခွဲ သွားဝယ်နေတာနဲ့

အချိန်နည်းနည်းနောက်ကျသွားတယ်


ဒေါ်ချမ်းမြက

ပိတ်စက ဘာလုပ်ဖို့လဲ


ဦးဂျွန်နီက

ငါ သေရင်ဝတ်ဖို့ ရှပ်အင်္ကျီချုပ်မလို့ပါ၊

စင်္ကာပူအပ်ချုပ်ဆိုင်မှာ တစ်ခါတည်း အပ်ခဲ့ပြီ


ဒေါ်ချမ်းမြက

တခြားအပ်ချုပ်ဆိုင်မှာ အပ်ရော့ပေါ့၊

စင်္ကာပူအပ်ချုပ်ဆိုင်ဆိုရင်

ရှင့်အင်္ကျှီ

နောက်သုံးလလောက်ကြာမှ ရမှာသေချာတယ်

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com