Friday, January 7, 2011

“ ကျနော်တို့ရဲ့ဆရာများ…”


ဆရာဝန်ပေါက်စတုန်းက

ကျနော့်ဆေးခန်းဆီကို

လူနာအမျိုးသမီးတစ်ဦးရောက်လာပါတယ်

လူနာကို သေသေချာချာစမ်းသပ်စစ်ဆေးပါတယ်။

ဆီး၊ဝမ်း၊ သွေးနဲ့သလိပ်များကို စစ်ကြည့်ပြီး

ရတဲ့ရလာဒ်များကို လေ့လာတယ်။

ဘာရောဂါဆိုတာကို ဘယ်လိုမှ ဖော်ထုတ်လို့မရပါ။

နောက်ဆုံးမှာတော့ လူနာအမျိုးသမီးကို

မသေမချာကောက်ချက်ကိုပြောရပါတော့တယ်။


ကျနော် သိပ်တော့မသေချာလှဘူး၊

ခင်ဗျားဟာ တစ်ယောက်ယောက်ဆီက

တုတ်ကွေးကူးတာလား၊

ဒါမှမဟုတ်

ခင်ဗျားမှာ ကိုယ်ဝန်ရှိနေပြီလား၊

တစ်ခုခုပါပဲ

လို့ ဆရာဝန်ပေါက်စ ကျနော်

က ပြောလိုက်ပါတယ်။


ဒီစကားကို ကြားတဲ့အခါ အမျိုးသမီးလူနာက

ချက်ချင်းပြန်ပြောပါတယ်။


ဒေါက်တာ၊

ကျမမှာ ကိုယ်ဝန်ရှိနေတာပဲ ဖြစ်ရမယ်။

ဘာကြောင့်လဲဆိုတော့ ဒီတစ်လ၊ နှစ်လအတွင်းမှာ

ကျမရဲ့အသိမိတ်ဆွေတွေထဲမှာ

ဘယ်သူမှ တုတ်ကွေးဖြစ်တဲ့လူ မရှိဘူးရှင့် ”တဲ့။


ဒီတော့မှ ကျနော်လည်း သက်ပြင်းချနိုင်ပါတော့တယ်။

ဆရာဝန်ဖြစ်စမှာတော့

လူနာဟာ ကျနော်တို့ရဲ့ ဆရာတွေပါပဲ

ဆိုတာကို ပိုမိုသဘောပေါက် နားလည်ခဲ့ရပါတယ်။



“ ချွတ်ယွင်းချက်…”



သူငယ်ချင်း တင့်ဝေ၊

မင်းဘာဖြစ်လို့ မနီနီအေးနဲ့

လက်မထပ်သေးတာလဲ


သူ့မှာ

စကားပြောရာမှာ

ချွတ်ယွင်းချက်တစ်ခု ရှိနေလို့ပါ


ဘာချွတ်ယွင်းချက်ပါလိမ့်


ဟုတ်ကဲ့ပါရှင်

ဆိုတာ မပြောတတ်သေးဘူး

“ စောင့်ရတာကြာပြီ…”



မီးရထားပေါ်ကို လက်မှတ်စစ် တက်လာတယ်။

ခရီးသည် တစ်ဦးဟာ

လပေးလက်မှတ်ကို ထုတ်ပြတယ်။

လက်မှတ်စစ်က ယူကြည့်ပြီး ပြောတယ်။


ဒီလက်မှတ်က

မူလတန်းကျောင်းသူ ကျောင်းသားတွေ

အတွက် ထုတ်ပေးထားတဲ့ လက်မှတ်ပဲ


ဟုတ်ပါတယ်၊

ခင်ဗျားတို့ ရထားကို ကျနော်

ဘယ်လောက်ကြာကြာ စောင့်ခဲ့ရသလဲ

ဆိုတာကို စဉ်းစားကြည့်ပေါ့

“ အကြွေးပေးပါ…”



ခန်းမကြီးထဲမှာဖြစ်တယ်။

စိတ်ညှို့ဆရာက ကြေညာတယ်။


အခု ဟောဒီလူကြီးကို

ကျနော် စိတ်ညှို့ပြမယ်၊

သူဟာ အရာခပ်သိမ်းကို

မေ့သွားလိမ့်မယ်


အခန်းထဲက စိုးရိမ်သံတစ်ခု

ပေါ်ထွက်လာတယ်။


ခဏနေပါဦး၊

ကျနော့်အကြွေးကို

အရင်ပြန်ဆပ်ခိုင်းပါ

“ဘာဘဲလုပ်လုပ်…”




“ ဘာဘဲလုပ်လုပ် ပြုလုပ်ခိုက်မှာ

မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
သိအောင် ရှုမှတ်ပွား
သိလျှင် ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
မျက်မှောက်ပြုမှာ သေချာလှ၊”


“ ဘာဘဲပြောပြော ပြောဆိုခိုက်မှာ
မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
သိအောင် ရှုမှတ်ပွား
သိလျှင် ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
မျက်မှောက်ပြုမှာ သေချာလှ၊”


“ ဘာဘဲကြံကြံ ကြံစည်ခိုက်မှာ
မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
သိအောင် ရှုမှတ်ပွား
သိလျှင် ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
မျက်မှောက်ပြုမှာ သေချာလှ၊”


“ မမြဲ ဆင်းရဲ
သဘောတရားမျှသာ ရှိသည်ဟု
မတွေမဝေ သိမြင်ခြင်းသည်
ဆင်းရဲချုပ်ငြိမ်းရာ
နိဗ္ဗာန်သို့
မျက်မှောက်ပြုခြင်းပင်တည်း ”


ဘဒ္ဒ န္တဝိရောစန၊
မဟာဂန္တဝါစက ပဏ္ဏိတ၊ ကမ္မဋ္ဌာနာစရိယ

ငွေတောင်ဦးမ္မဋ္ဌာန်းကျောင်းတိုက်
ပုန်းထွန်ရပ်၊တာချီလိတ်မြို့။
မဟာ သတိပဋ္ဌာန်ရှုနည်း အလုပ်ပေးတရား(ပဌမတွဲ)စာအုပ်မှ...


Thursday, January 6, 2011

“ သည်းမခံနိုင်သူအတွက် ကုထုံး…”


စကော့လူမျိုး အဘိုးကြီးတစ်ဦးအကြောင်း ဖတ်ဖူးပါတယ်။

စိတ်ထဲမှာသည်းမခံနိုင်စရာများ ကြုံကြိုက်တဲ့အခါတိုင်းမှာ

သူဟာ ခရမ်းချဉ်သီးများကို တစ်၊ နှစ်၊ သုံး၊ လေး၊……….

စသဖြင့် ဖြည်းဖြည်းရေတွက်တတ်ပါတယ်။


ဥပမာ…..နောက်ကျမှု၊

မမျှော်လင့်တဲ့ အန္တရာယ်ကြုံရမှု၊

အနှောက်အယှက် ကြုံရမှု၊

ဒါမှမဟုတ်

အခက်အခဲတစ်မျိုးမဟုတ် တစ်မျိုးကြုံရတဲ့အခါမျိုးမှာ

ရေတွက်တတ်ပါတယ်။

ခရမ်းချဉ်သီးတစ်လုံး၊

ခရမ်းချဉ်သီးနှစ်လုံး၊

ခရမ်းချဉ်သီးသုံးလုံး………….

အဲဒီလိုရေတွက်ရာ ခရမ်းချဉ်သီးအလုံး ၆၀ လောက်အထိ ရောက်အောင်

ကြာမြင့်လာတဲ့အခါ ဖြစ်ပေါ်တဲ့ သည်းမခံနိုင်စိတ်၊

ဒေါသစိတ်ဟာ ပျက်ပြယ်သွားပါတော့တယ်။

ဒါမှမဟုတ် မေ့လျော့သွားပါတယ်။

ဒါမှမဟုတ်ရင်လည်း တကယ့် အခြေအနေကို

သိနားလည်ခြင်းအဆင့်ကို ရောက်တာမျိုးလည်း ဖြစ်သွားပါတော့တယ်။

“ ဝမ်းသာစရာ အဖြစ်အပျက်...“



စိတ်ရောဂါကု ဆရာဝန်က လူနာကိုပြောတယ်။

ခင်ဗျာအနေနဲ့ ဝမ်းသာစရာအကြောင်းကိုပဲ

စဉ်းစားသင့်တယ်ဗျ။

နို့မဟုတ်ရင် စိတ်ဓာတ်ကျဆင်းတဲ့ရောဂါ ပျောက်ဖို့

လွယ်မှာ မဟုတ်ဘူး။

ကိုင်း အခု စဉ်းစားကြည့်စမ်းပါ။

အခုရက်ပိုင်းအတွင်းမှာ ဝမ်းသာစရာ အဖြစ်အပျက်

တစ်ခုခု မဖြစ်ခဲ့ဘူးလား



သိပ်ဖြစ်ခဲ့တာပေါ့။

ကျနော့်အိမ်နီးချင်းရဲ့ကား

မနေ့က ဓာတ်တိုင်ကို အရှိန်နဲ့ ဝင်ဆောင့်တယ်။

ဟဲဟဲတစ်ကားလုံးကို ရစရာကို မရှိဘူး

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com