Wednesday, November 2, 2011

" ရိုးသားတော့ ထိုက်တန်..."






တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။
အဲဒီဘုရင်ကြီးမှာ မိဖုရားတွေအများကြီးရှိပေမယ့် သားတော်ကတော့
တစ်ပါးတည်းသာရှိပါတယ်။
မင်းကြီးဟာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက်
သားတော်ကို ထီးနန်းစည်းစိမ်ကိုလွှဲပြောင်းပေးချင်တယ်။
ဒါပေမယ့် သားတော်ဟာ ကြင်ယာတော်မရှိသေးတဲ့အတွက်
ကြင်ယာတော်ကို ရှာဖွေပေးပြီးတစ်ခါတည်း
ထီးနန်းကိုလွှဲပေးဖို့အစီအစဉ်လုပ်ပါတယ်။
သားတော်ဟာ မင်းသားတို့တတ်အပ်သောပညာများကို အားလုံးတတ်တဲ့အပြင်
စာဖတ်ခြင်းနဲ့ ဥယျာဉ်စိုက်ပျိုးခြင်းကို အထူးစိတ်ဝင်စားသူလည်းဖြစ်ပါတယ်။
မင်းကြီးက သားတော်ရဲ့ကြင်ယာတော်ရှာဖွေခြင်းကိစ္စကို မှူးမတ်များနဲ့
တိုင်ပင်ပြီးရှာဖွေဖို့သားတော်ကို တိုင်ပင်တယ်။
သားတော်က သဘောမတူပါဘူး။
မှူးမတ်ဆိုတာ ဘုရင့်အလိုကျပြောဆို၊လုပ်ကိုင်တတ်သူများသာဖြစ်တာမို့
သူ့အလိုကျဖြစ်နိုင်မယ်မထင်ကြောင်း၊
ဒါကြောင့် သူ့ရဲ့ကြင်ယာတော်ကိစ္စကို
သူ့ဘာသာသူအလိုကျဆောင်ရွက်ချင်ကြောင်းတင်ပြတယ်။
မင်းကြီးက လိုက်လျောပြီးတစ်နှစ်အတွင်းအပြီးဆောင်ရွက်ဖို့
ကတိကိုတောင်းဆိုတယ်။
တစ်နေ့တော့ မင်းသားရဲ့အစီအမံနဲ့တိုင်းပြည်နေရာအနှံကြောငြာချက်ထုတ်ပြန်ပါတယ်။
"အသက် (၁၈)ပြည့်ပြီးတဲ့အပျိုစင်တိုင်းတစ်ပတ်အတွင်း
မင်းသားရဲ့ဥယျာဉ်တော်ကို လာနိုင်တယ်။
မင်းသားရဲ့ဥယျာဉ်တော်မှာ ထားရှိတဲ့ မြေအိုးထဲကို မြေသြဇာကိုကြိုက်သလောက်ထည့်ယူနိုင်တယ်။
မျိုးစေ့ကိုတော့ လက်မနဲ့လက်ညှိုးအတွင်းပါနိုင်သလောက်ကိုသာယူရမယ်။
ခြောက်လအတွင်း အပင်နဲ့အပွင့်ကို တင်ပြရမယ်။
အဲဒီအပင်နဲ့အပွင့်ပေါ်မူတည်ပြီး မိဖုရားအရာမြှောက်စားတော်မူမယ်"လို့
နိုင်ငံတော်အနှံ့အပြင် အတိုင်းတိုင်းအပြည်ပြည်ကိုလည်းကြောငြာပါတယ်။
ဒီတော့ မိဖုရားဖြစ်ချင်ကြတဲ့ အမျိုးသမီးအားလုံးဟာ စိတ်ဝင်စားကြတယ်။
ပြိုင်ပွဲဝင်စည်းကမ်းနဲ့ကိုက်ညီတဲ့အပျိုစင်တိုင်းဟာ ဝင်ပြိုင်ကြတယ်။
အတိုင်းတိုင်းအပြည်ပြည်က မင်းသမီးအပါအဝင်
ကျေးတောသူအထိပါဝင်ကြတယ်။
နန်းတော်မှာ အမျိုးသမီးတွေနဲ့စည်းကားနေတယ်။
နောက်ခြောက်လကြာတဲ့အခါမှာလည်း
အပင်က ပွင့်လာတဲ့ပန်းမျိုးစုံနဲ့အပျိုစင်တွေက စည်းကားနေပါတယ်။
အားလုံးကို စံနစ်တကျ မှတ်တမ်းတင်ပါတယ်။
အပင်မျိုးစုံ၊ပန်းမျိုးစုံ၊ အပွင့်မျိုးစုံနဲ့အနံ့မျိုးစုံလှပါတယ်။
သူ့ထက်သူပိုပြီးသာလွန်လှပတဲ့၊မွှေးကြိုင်တဲ့ပန်းပင်တွေနဲ့ပေါ့။
အပျိုစင်တစ်ဦးကတော့ ထူးထူးခြားခြား။
ဘာပန်းပင်၊ဘာပန်ပွင့်မှမပါတဲ့မြေအိုးအလွတ်တစ်ခု
ကိုယူလာပါတယ်။
အကျိုးအကြောင်းကိုမေးပြီး မင်းသားဆီကိုခေါ်သွားပါတယ်။
" ဘယ်လိုဖြစ်လို့ဘာအပင်၊ဘာအပွင့်မှမပါရတာလဲ"
" ကျွန်မဟာ ဥယျာဉ်မှူးရဲ့သမီးတော်တစ်ဦးဖြစ်ပါတယ်။
ပန်းဥယျာဉ်စိုက်ပျိုးမှုကိုလည်း ဝါသနာထုံပါတယ်။
ဘာအပင်ကိုစိုက်စိုက် ရှင်တဲ့အပင်သာများလှပါတယ်။
ဒီမျိုးစေ့ကို စိုက်ပျိုးတာ ဘယ်လိုမှ အပင်မဖြစ်လာကြောင်းပါအရှင်မင်းသား
ဒါကြောင့်အပင်မပါတဲ့ မြေအိုးကိုသာယူလာရကြောင်းပါ"လို့
တည်တည်ငြိမ်ငြိမ်လျှောက်တင်ပါတယ်။
နောက်တစ်လနန်းသိမ်းပွဲမှာ မိဖုရားကို ကြောငြာတော့
ဥယျာဉ်မှူးရဲ့သမီးတော် ကို မိဖုရားအဖြစ်ကြော်ငြာပါတယ်။
အပျိုစင်အမြောက်အများဟာ မကျေမနပ်သံများထွက်လာပါတယ်။
သူ့ထက်သူ ပိုလှပတဲ့ပန်းပွင့်တွေကို မရွေးချယ်ပဲ ဘာပင်မှ
မတင်ပြနိုင်သူကိုရွေးချယ်တာဟာ မတရားကြောင်း၊
ဘာကြောင့်ရွေးချယ်တဲ့အကြောင်းကို ရှင်းလင်းသင့်ကြောင်းပြောကြပါတယ်။
ဒီတော့မင်းသားငယ်က ရှင်းပြပါတယ်။
" ဒီပြိုင်ပွဲကိုကျင်းပဖို့သူတစ်ဦးတည်းသာစီစဉ်ကြောင်း၊
ပြိုင်ပွဲမကျင်းပမှီမှာ မျိုးစေ့အားလုံးကို အပင်မပေါက်အောင် နာရီပေါင်းများစွာ
ရေနွေးပူပူနဲ့ပြုတ်ထားကြောင်း၊ဒီတော့ ဘာအပင်မှ မပေါက်နိုင်တော့ကြောင်း၊
တိုင်းပြည်နဲ့လူမျိုးတိုးတက်ဖို့အတွက် ရိုးသားဖြူစင်တဲ့မိဖုရားကိုသာအလိုရှိကြောင်း၊
အပင်မပေါက်တဲ့တစ်ဦးတည်းသော အပျိုစင်သည်သာ မိဖုရားနဲ့ထိုက်တန်ကြောင်း၊
တိုင်းပြည်ရဲ့မိဖုရားဟာ ရိုးသားဖြူစင်မှသာ တိုင်းပြည်ဟာတိုးတက်လာနိုင်ကြောင်း၊
ဒါကြောင့် ဥယျာဉ်မှူးရဲ့သမီးတော်ဟာ ရိုးသားဖြူစင်သူဖြစ်တဲ့အတွက်
မိဖုရားတင်မြှောက်ခြင်းဖြစ်ကြောင်း"ကို
အကျယ်တဝင့်ရှင်းပြလိုက်ပါတယ်။
ပြီးတော့ မိဖုရားကိုရွှေလက်တွဲပြီး နန်းသိမ်းပွဲကျင်းပပါတယ်။
မင်းကြီးနဲ့မိဖုရားတို့ဟာ တိုင်းပြည်နဲ့လူမျိုးတိုးတက်အောင်
ဆောင်ရွက်ရင်း တိုင်းပြည်ကိုမင်းကျင့်တရားဆယ်ပါးနဲ့အညီ
အုပ်ချုပ်စိုးစံသွားပါသတဲ့ကွယ်။


++++++++++++++++++

ရိုးသားမှုဟာ
သူတစ်ပါးကိုလဲ မစော်ကားဘူး၊
ကိုယ့်ကိုယ်ကိုယ်လဲ မဖျက်ဆီးဘူး။


++++++++++++++++++

တိုင်းပြည်တစ်ပြည်ဟာ အိမ်ထောင်စုတစ်ခုနဲ့တူတယ်ဆိုရင်
မိဖုရားဆိုတာ မိခင်တစ်ယောက်နဲ့တူပါတယ်။
မိခင်က ရိုးသားမှုမရှိရင်
ဒီအိမ်ထောင်စုဟာ တိုးတက်ဖို့
အလွန်ခက်ခဲပါတယ်။

++++++++++++++++++

ကျနော်ရဲ့အိမ်နီးချင်းကဇာတ်လမ်းတစ်ခု။
အဖေက သဘောင်္ကပ္ပတိန်၊
နိုင်ငံခြားသဘောင်္လိုက်နေချိန်မှာ
အမေက ချဲထီထိုးတယ်။
ကိုယ်ပိုင်တိုက်၊ကိုယ်ပိုင်ကား
ပိုင်ဆိုင်သမျှအားလုံးကုန်၊
အဖေပြန်လာတော့ လင်မယားကွဲ၊
သားသမီးတွေ ကစင့်ကလျားဖြစ်။

++++++++++++++++++

မိခင်က အကျင့်ပျက်၊
အရက်သောက်၊
ဖဲရိုက်၊
မူးယစ်ဆေးစွဲ၊
အဲဒီမိသားစု ဒုက္ခလှလှတွေ့ပြီ။

++++++++++++++++++

မိသားစုမှာ မိခင်ဟာ အလွန့်အလွန်အရေးကြီးသလို
တိုင်းပြည်တစ်ပြည်မှာလည်း မိဖုရားဟာ
အလွန့်အလွန်အရေးကြီးလှပါတယ်။

++++++++++++++++++





" ပိန်ဆေး..."




တစ်နေ့မှာ ဟိန်းဆေးကုခန်းသို့အမျိုးသမီး လူနာဖြစ်တဲ့

ဒေါ်ခင်ဥမ္မာ ရောက်လာပါတယ်။

သူမဟာ ဝသူဖြစ်ပြီး ဆရာဝန်ကိုဆရာလုပ်သူလည်းဖြစ်နေပါတယ်။

ပြောတဲ့အတိုင်းဘယ်တော့မှ လိုက်နာလေ့မရှိပါ။

ဒါပေမယ့် ဆေးခန်းကိုလည်း မကြာခဏလာပြသူဖြစ်နေတယ်။

သူမအလှည့်ကိုရောက်တော့

ဒေါ်ခင်ဥမ္မာက

“ဒေါက်တာ ကျမ ဆရာဝန်တွေ အများကြီးဆီရောက်ခဲ့ပြီးပြီ။

"ပိန်ချင်ရင် လမ်းများများလျှောက်"

လို့တစ်ယောက်ကပြောတယ်။

နောက်တစ်ယောက်ကတော့

"အနားယူစခန်းသွားပါ"

လို့ပြောတယ်။

ဒေါက်တာကကော ဘာအကြံဥာဏ်ပေးမလဲဟင်”


ဒေါက်တာဟိန်းက

" အနားယူစခန်းကို ခြေကျင်လျှောက်သွားပါ "

လို့ပြန်ပြောလိုက်ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com