Saturday, March 13, 2010

“ သိဒ္ဓတ္ထမင်းသားရဲ့အတွေး…”



ခမည်းတော်အပါအဝင် ဆွေတော်မျိုးတော်အားလုံးတို့က

လောကမှာ အကြီးကျယ်ဆုံး ဆိုတဲ့ စကြာဝတေးမင်းကြီးဖြစ်ဖို့

ဝိုင်းပြီးဖိအားပေးနေချိန်မှာ သိဒ္ဓတ္ထက


သူတို့က ငါ့ကို အကြီးကျယ်ဆုံးဖြစ်စေဖို့အတွက်

အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်။

ငါကအမြင့်မြတ်ဆုံးဖြစ်ဖို့အတွက်

အကြီးကျယ်ဆုံးများကို စွန့်လွှတ်ရမယ်။

ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ

အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်။

ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့ တန်ဖိုးကို နားမလည်ကြဘူး။

ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက်

အနှစ်အခိုင်အမာ မရှိတဲ့ တစ်ဘဝ တစ်နပ်စာသာဖြစ်တယ်။

မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့်

အနှစ်သာရ ပြည့်ဝခိုင်မာတယ်။


လို့ဆင်ခြင်သုံးသပ်ပြီး အမှန်တရားကို ရှာဖို့တောထွက်ခဲ့ပါတယ်။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

လောကကျက်သရေ...စာအုပ်မှ.....


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com