Monday, April 18, 2011

“ရဖို့ထက် သိဖို့က ပိုပြီး အရေးကြီးပါတယ်….”


တစ်ဦးပေါ်တစ်ဦးထားတဲ့

စစ်မှန်တဲ့ မေတ္တာ၊

လေးစားမှု၊

တန်ဖိုးထားမှုဟာ

ဘဝမှာစိတ်ချမ်းသာမှု

အများဆုံး ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။

+++++++


မျှော်လင့်ချက်နဲ့

အဖြစ်မှန်၊

အခြေအနေမှန်ကို မျှအောင်လုပ်ပြီး

နေသွားတာဟာ လောကမှာ

ဉာဏ်အမြော်အမြင်ရှိတဲ့

တစ်ခုတည်းသောနေနည်းပါပဲ။

+++++++


ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ

ချမ်းသာတဲ့စိတ်ဖြစ်ပါတယ်။

ကျေးဇူးမသိတတ်တဲ့သူဟာ

ဉာဏ်ပညာကြီးမားသူ

မဖြစ်နိုင်ဘူး။

+++++++


ကျေးဇူးသိတတ်တဲ့သူမှာ

မိတ်ဆွေကောင်းပေါတယ်။

အခက်အခဲနဲ့တွေ့တဲ့အခါ

အကူအညီပေးမည့်သူ ပေါတယ်။

+++++++


ကျေးဇူးကို သိတဲ့စိတ်၊

အသိအမှတ်ပြုတဲ့စိတ်ဟာ လေးနက်၊

နူးညံ၊ အေးချမ်းတဲ့စိတ် ဖြစ်တယ်။

+++++++


သတိမြဲလေလေ၊

အသိမြဲလေလေ၊

စိတ်နေသဘောထားလေးနက်၊

မြင့်မြတ်လေလေ၊

ကြည်လင်အေးချမ်းလေလေ၊

ဖြစ်လာနိုင်တယ်။

+++++++


ဘယ်လို လောကဓံနဲ့တွေ့ရ၊ တွေ့ရ၊

အားလုံးဟာ ရင့်ကျက်မှုကို

အထောက်အကူ ပြုမယ်။

+++++++


အကောင်းအဆိုး၊

တွေ့ရသမျှ ဘဝအတွေ့အကြုံထဲက

လေးနက်တဲ့အသိအမြင် ကို

ရမှသာ အတွေ့အကြုံဟာ တန်ဖိုးရှိတယ်။

+++++++


အမြင်မှန်ဖို့၊

သဘောထားမှန်ဖို့၊

စေတနာမှန်ဖို့၊

အရေးအကြီးဆုံးဖြစ်ပါတယ်။

ရဖို့ထက်

သိဖို့က၊

ပိုပြီး အရေးကြီးပါတယ်။

+++++++


တကယ်စစ်မှန်တဲ့သတိ

( ပစ္စုပ္ပန်တည့်တည့်သိနေတဲ့သတိ )

နဲ့

တရားအားထုတ်ခြင်းဟာ

တကယ်စစ်မှန်တဲ့ မေတ္တာကို

ဖော်ပြတာနဲ့တူနေတယ်။

+++++++


အသိအမြင်ထူးမှ၊

သဘောထားထူးမှ၊

မြင်သမျှ၊

ကြားသမျှ

လုပ်သမျှတွေဟာ

ထူးလာမယ်။

( ဆရာတော်ဦးဇောတိက )


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com