Monday, November 30, 2009

“ဘာဘဲဖြစ်ဖြစ်...အများအတွက်လုပ်နိုင်တယ်။”



ဟင်လင်ကဲလားဟာ မျက်မမြင်တဲ့အပြင် ဆွံ့အနားမကြားရသူလည်းဖြစ်တယ်။
သူမဟာ နှစ်ထပ်ကွမ်း ဒုက္ခိတဖြစ်တယ်။
သူမဟာအသက်(၂)နှစ်အရွယ်မှာ အပြင်းဖျားပြီးနောက်မှာ ဖြစ်သွားခဲ့တာပါ။
သူမအဖို့ အသက်ရှင်ရပ်တည်ဖို့အတော်ခက်ခက်ခဲခဲ ရုန်းကန်နေရသူဖြစ်တယ်။
တကယ်ဆို စာတတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်တဲ့ကိစ္စမျိုးပါ။
ဒါပေမယ့် သူမ ဟာအဲဒီအခက်အခဲကိုကျော်လွှားပြီး “ဘီအေ အယ်လ်အယ်လ်ဒီ” ဆိုတဲ့ဘွဲ့ကိုရခဲ့တယ်။
ဘာသာစကားအတော်များများကိုတတ်ကျွမ်းအောင်သင်ခဲ့တယ်။
စာအုပ်တွေအတော်များများကိုရေးခဲ့တယ်။ “ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ” အပါအဝင်စာအုပ်စာတမ်းများစွာကို ပြုစုခဲ့တယ်။
လူတိုင်းအတွက် အတုယူစရာ၊ အားတက်စရာစံပြအမျိုးသမီးကြီးတစ်ဦးဖြစ်ခဲ့ပါတယ်။
နှစ်ထပ်ကွမ်း
ဒုက္ခိတဖြစ်တဲ့သူမဟာ ဘဝတစ်သက်တာလုံး အတတ်နိုင်ဆုံး လူအများတွေရဲ့ အကျိုးအတွက်ဆောင်ရွက်သွားခဲ့ပါတယ်။





ဟင်လင်ကဲလားအကြောင်းကိုသိရတော့ ကိုယ့်ကိုယ်ကို ရှက်သလိုခံစားမိပါတယ်။
ဘာကြောင့်ဆိုတော့ လူအများရဲ့အကျိုးကို ဘာမှထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်ကျတဲ့အခါတိုင်းမှာတော့ ဟင်လင်ကဲလားရဲ့အကြောင်းကို ဖတ်ဖြစ်တယ်။ ဖတ်တိုင်းလည်း စိတ်ဓာတ်ပြန်တက်ပါတယ်။
ဟင်လင်ကဲလားလိုအဆိုးဆုံးအခြေအနေဖြစ်နေတာတောင် စိတ်ဓာတ်မကျဘဲ
အတတ်နိုင်ဆုံး ကောင်းအောင်ကြိုးစားနိုင်သေးတယ်ဆိုရင်..........

အဲဒီစိတ်က အရှိန်အဟုန်မပျက် လုပ်စရာရှိတာကို လုပ်ဖြစ်စေပါတယ်။
အဲဒီအတွက်
ဟင်လင်ကဲလားကို ကျေးဇူးတင်မိပါတယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com