Tuesday, November 6, 2012

"သတင်း မှားကြီးပါ..."


 


တစ်ခါတုန်းက
မြတ်မြတ်ဆိုသူ အမျိုးသမီးတစ်ဦးဟာ
ဗိုလ်ချုပ်ဈေးမှာ သူငယ်ချင်းအမျိုးသမီးဖြစ်တဲ့ အိဖြူ နဲ့ဆုံပါတယ်။
“နင် တကယ်ပဲ အိမ်ထောင်ပြုလိုက်ပြီဆို…၊
နင် အိမ်ထောင်ပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး
လူတွေပြောသံက နားလျှံနေတယ်။
အဲဒါ တကယ်ပဲလား”လို့
အိဖြူ က ရိုးရိုးလေး မေးလိုက်မိပါတယ်။

မြတ်မြတ်က မကျေမနပ်နဲ့ပြန်ပြောလိုက်တာက
ငါ ဟာငွေမက်ပြီးတော့ ဦးလူမောင်ကို ယူလိုက်တယ်လို့
ပတ်ဝန်ကျင်ကလူတွေကပြောနေကြတယ်။
ဒါ လုံးဝမမှန်ပါဘူး။
အဲဒီလူကြီးမှာ သိန်း ဘယ်နှစ်ရာ ချမ်းသာတယ်ဆိုတာ အခုထိ
ငါ အတိအကျ မသိသေးပါဘူးဟယ်...


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com