Tuesday, September 22, 2009

ကံဆိုးလိုက်.....ကံကောင်းလိုက်.....



တစ်ခါတုန်းက လယ်သမားကြီး ဦးမောင်တင်ဟာ

ကံဆိုးချင်တော့....ဒီနှစ်လယ်တွေ မိုးဖျက်လို့အားလုံး ပျက်သွားတယ်။
ကံကောင်းချင်တော့..... အဝေးရောက်နေတဲ့ သားက သူ့ဆီလာဖို့ လေယာဥ်စီစဉ်ပေးတယ်။
ကံဆိုးချင်တော့.....လယ်သမားကြီးစီးတဲ့ လေယာဉ်ဟာ ပျက်ကျသွားပါလေရော!
ကံကောင်းချင်တော့.....လေထီးနဲ့ အချိန်မှီ ခုန်ဆင်းခွင့်ရလိုက်ပါတယ်။
ကံဆိုးချင်တော့.....လေထီးက မပွင့်ပါဘူး။
ကံကောင်းချင်တော့.....ကောက်ရိုးပုံ တည့်တည့်ပေါ်ကို ပြုတ်ကျ သွားပါတယ်။
ကံဆိုးချင်တော့.....ကောက်ရိုးပုံပေါ်က လိမ့်ဆင်းသွားပြီး
နွားချေးပုံပေါ်မျက်နှာနဲ့မှောက်ကျ သွားပါတယ်။
ကံကောင်းချင်တော့.....လယ်သမားကြီး ဦးမောင်တင်ဟာ ဘာဒါဏ်ရာမှ မရခဲ့ပါဘူး။

ဘ၀ဆိုတာလဲ ဒီလိုပါပဲ။
ကံဆိုးလိုက်၊ ကံကောင်းလိုက်နဲ့ တစ်လှည့်စီ ဖြစ်နေတတ်ပါတယ်။
အမြဲတမ်း ကံကောင်း မနေတတ်သလို အမြဲတမ်း ကံဆိုး မနေတတ်ပါဘူး။
ကံကောင်းတဲ့အခါ အမြဲတမ်းလို့သဘောထားပြီး မာန မတက်သင့်သလို
ကံဆိုးတဲ့အခါ အမြဲတမ်းလို့ နားလည်မှုလွဲပြီး စိတ်ဓါတ်မကျသင့်ပါဘူး လို့
ဒီအကြောင်းအရာက မီးမောင်း ထိုးပြနေပါတယ်။
လူကြီးမင်းအနေနဲ့ ရီမောရင်း ဒါကို သဘောပေါက်လိမ့်မယ်လို့ ယူဆပါတယ်။
ရီစရာထဲက မောစရာတွေပေါ့ ခင်ဗျာ.....။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com