Friday, May 14, 2010

“ လူ့တန်ဖိုး-၈...(ဂယ်လီလီယို) ”



ဂယ်လီလီယို(Galileo)
(၁၅၆၄-၁၆၄၂)=၇၈ နှစ်

ရှေးဟောင်းအစဉ်အလာ အယူအဆတွေကို ရဲဝံ့စွာ တော်လှန်ပြီး
မှန်ကန်တဲ့အချက်ကို ထုတ်ဖော်ပြသခဲ့ရာက သိပ္ပံပညာကို တိုးတက်ထွန်းကားလာစေတဲ့ လေးစားဖွယ်ပုဂ္ဂိုလ်တစ်ဦးကတော့ အီတလီပြည် ပီစာမြို့မှာ မွေးဖွားခဲ့တဲ့
နက္ခတ်ပညာကျော်
ဂယ်လီလီယိုဖြစ်တယ်။


သူဟာ ကမ္ဘာမှာ မက္ကင်းနစ်ပညာကို ပထမဆုံး လေ့လာခဲ့သူပါပဲ။
သူ အသက်(၁၉)နှစ်မှာ ဘုရားရှိခိုးကျောင်းမျက်နှာကြက်က
တွဲလွဲဆွဲထားတဲ့ မှန်မီးအိမ်ရဲ့လှုပ်ရှားမှုကို သတိပြုမိ
ရာက ချိန်သီးလွှဲပုံအကြောင်းနဲ့စပ်လျဉ်းတဲ့လူအများမသိသေးတဲ့အချက်တွေကို
သတ်မှတ်နိုင်တဲ့အတွက် နောင်အခါ သိပ္ပံပညာရှင်တွေ
နာရီကို ကြံစည်လုပ်ကိုင်နိုင်ကြတာ ဖြစ်တယ်။

ဂယ်လီလီယိုဟာ သင်္ချာပါမောက္ခအဖြစ် အလုပ်လုပ်နေစဉ်မှာပဲ

ရူပဗေဒနဲ့ နက္ခတ္တဗေဒပညာရပ်တွေကို လေ့လာခဲ့တယ်။

သူဟာ အဝေးကြည့်မှန်ပြောင်းကိုတီထွင်သူဖြစ်တယ်။

အဲဒီမှန်ပြောင်းနဲ့ အရာဝတ္တု တစ်ခုကို ကြည့်ရင် မူလအရွယ်ထက် ()ဆမျှကြီးပြီးမြင်ရတယ်။

အဲဒီနောက် အဆ(၃၀)ပိုပြီး ကြည့်အားကောင်းတဲ့ မှန်ပြောင်းကို သူတီထွင်ခဲ့တယ်။

အဲဒီမှန်ပြောင်နဲ့ကြည့်တဲ့အခါ လမှာရှိတဲ့ တောင်တွေကို တွေ့ရတယ်။

ကြာသပတေးဂြိုလ်၊ဂျူပီတာရဲ့ အရံဂြိုလ်()လုံးကို တွေ့ရတယ်။

ကွင်းစွပ်လျက်ရှိတဲ့ စနေဂြိုလ်ဆက်တန်ရဲ့ထူးဆန်းတဲ့ ပုံသဏ္ဍန်ကိုလည်း မြင်ရတယ်။

ဂယ်လီလီယိုရဲ့ ယူဆချက်မှာ ကမ္ဘာလုံးဟာဝင်ရိုးပေါ်မှာ လည်ပြီး

နေကို လှည့်ပတ်လျက်ရှိတယ်လို့ဆိုတယ်။

အဲဒီခေတ်က သာသနာရေးအာဏာပိုင်တွေက

သူ့အယူအဆကို မိစ္ဆာအယူလို့စွတ်စွဲပြီး စွန့်လွှတ်ဖို့ သတိပေးခဲ့တယ်။

၁၆၃၂ မှာ သူ့အယူအဆကို ထုတ်ဖော်ရေးသားခဲ့တဲ့အတွက် ရောမမြို့သာသနာရေးဆိုင်ရာ

တရားရုံးကခေါ်ယူစစ်ဆေး အပြစ်ပေးဝန်ခံခိုင်းပြီး ဇာတိရပ်ရွာကို ပြန်ပို့ခဲ့တယ်။

ဒါပေမယ့် သူဟာ သူ့ရဲ့ အယူအဆကို လက်မလွှတ်ခဲ့ပါ။

နောက်တော့ သူကြိုးစားလေ့လာဆည်းပူးခဲ့တဲ့မက္ကင်းနစ်ပညာရပ်အကြောင်း

စာအုပ်ရေးသားထုတ်ဝေခဲ့ပြန်တယ်။

ဂယ်လီလီယိုဟာ ပညာဉာဏ်စူးရှပြီး စမ်းသပ်လုပ်ကိုင်လေ့ ရှိတဲ့ ထူးချွန်သူ

သိပ္ပံပညာရှင်တစ်ဦးဖြစ်တယ်။

သာသနာအာဏာပိုင်တွေနဲ့ အတိုက်အခံပြုပြီး

ကိုယ်တွေ့ အမှန်တရားကို ဖော်ထုတ်ဝံ့သူ လေးစားဖွယ် ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။



“ လူ့တန်ဖိုး-၇...(မာဂရက်ဆန်ဂါ) ”



မာဂရက်ဆန်ဂါ

(၁၈၈၃-၁၉၆၆)=၈၂ နှစ်

မျိုးသမီးတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို တိုက်ပွဲဝင်ပေးခဲ့တဲ့

မာဂရက်ဆန်ဂါဟာ ကမ္ဘာတွင်ခဲ့တဲ့ စံပြအမျိုးသမီးတစ်ဦးဖြစ်တယ်။

ဆန်ဂါရဲ့ ရည်မှန်းချက်ကတော့

မွေးဖွားလာတဲ့ ကလေးတိုင်းဟာ မိဘရဲ့ အလိုရှိသော ကလေးဖြစ်ရမယ်ဆိုတာပဲ။

ဒီနေ့ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသုံးပြုလျက်ရှိတဲ့

ကလေးမွေဖွားမှုထိန်းချုပ်ရေး အစီအစဉ်တွေဟာ ဆန်ဂါရဲ့ ကြိုးစားအားထုတ်ခဲ့မှု့ကြောင့် ဖြစ်ခဲ့တယ်။

မာဂရက်ဆန်ဂါကို ၁၈၈၃ ခုမှာ နယူးယောက်ပြည်နယ် ကွန်းနင်းမြို့မှာ မွေးဖွားခဲ့တယ်။

သူ့မှာ မောင်နှမ (၁၁) ယောက်ရှိတယ်။

သူ့မိခင်က အသက် ၄၈ နှစ်မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်တယ်။

သူဟာ (၁ရ) နှစ်သမီးမှာ နယူးယောက်ကို ရောက်တယ်။

လူစည်ကားတဲ့အရပ်မှာ သူနာပြုတစ်ဦးအဖြစ် အလုပ်လုပ်တယ်။

သူအလုပ်လုပ်စဉ်မှာ ကလေးမွေးဖွားမှု့ကို ကြုံကြိုက်သလို တားဆီးမှုကြောင့်

အသက်ဆုံးရှုံးရတဲ့ မိခင်တွေနဲ့ထိတွေ့လာရတယ်။

၁၉၁၃ မှာ ပြင်သစ်နဲ့စကော့တလန်ကို သွားပြီး

နယူးယောက်ကို ပြန်လာတဲ့အခါ မိန်းမသူပုန်မဂ္ဂဇင်းကို ဆန်ဂါထုတ်ဝေတယ်။

အဲဒီမှာ ကလေးမွေးဖွားမှု့ ထိန်းချုပ်ရေးသတင်းပါရှိတာကြောင့်

စာတိုက်မှ တစ်ဆင့် သတင်းဖြန့်ချိမှု့နဲ့အရေးယူကြတယ်။

ဆန်ဂါဟာ သူ့ဘက်က ခုခံချေပဖို့ပြင်ဆင်နိုင်ရေးအတွက် ဥရောပကို ထွက်ပြေးတယ်။

တစ်နှစ်ကြာလို့ ပြန်ရောက်လာပြီး အမှု့ရင်ဆိုင်မယ့် အချိန်မှာတော့

ပြည်သူလူထုရဲ့ ထောက်ခံမှု့ကို စတင် ရရှိလာပြီး အစိုးရက တရားစွဲဆိုမှုကို ရုပ်သိမ်းသွားခဲ့တယ်။

၁၉၁၆ ခုနှစ်မှာ ဆန်ဂါဟာ အမေရိကန်ပြည်ထောင်စုမှာ

ပထမဆုံးမွေးဖွားမှု ထိန်းချုပ်ရေးဆေးခန်း ကို ဘရွတ်ကလင်းမှာ စတင်ဖွင့်လှစ်ရာ

ပထမဆုံးနေ့မှာပဲ မိန်းမ (၁၅၀) လာရောက်တန်းစီတယ်။

ကိုးရက်ကြာတော့ တရားစွဲခံရပြီး ရက် (၃၀) အချုပ်ခံရတယ်။

ဒါပေမဲ့ ဆန်ဂါဟာ သူမတီတွင်ခဲ့တဲ့ ကလေးမွေးဖွားမှု ထိန်းချုပ်ရေး ဝေါဟာရဟာ

တိရိစ္ဆာန်တစ်ကောင်လို ကိုယ်ကျင့်တရားကင်းမဲ့ ဥပဒေနဲ့ ဆန့်ကျင်တယ်လို့

တရားဟောစင်မြင့်တွေက မခံရပ်နိုင်အောင် ဝေဖန်ပုတ်ခတ်ခဲ့ကြတယ်။

သူမရဲ့ ၀ါသနာကြောင့် ပထမအိမ်ထောင်နဲ့ ကွဲပြီး နားလည်မှုရှိတဲ့ ဒုတိယအိမ်ထောင်နဲ့ ခိုင်မြဲခဲ့တယ်။

၁၉၂၀ နဲ့ ၁၉၃၀ ကြားမှာတော့ သန္ဓေသားအစွပ်တွေကို တရားမ၀င်သေးပေမဲ့

တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတယ်။

၁၉၆၅ ခုနှစ်ကို ရောက်တော့ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို

စိန်ခေါ်အန်တုခဲ့တဲ့ ဆန်ဂါရဲ့ ကြိုးစားမှုအပြီးအပိုင် လမ်းပွင့်ခဲ့တယ်။

၁၉၆၆ အသက် (၈၂) နှစ် ဆန်ဂါကွယ်လွန်ပြီးနောက်မှာတော့

သူမရဲ့ အိပ်မက်တွေဟာ ကမ္ဘာတွင်တဲ့ အမျိုးသမီးများရဲ့ ရွေးချယ်ပိုင်ခွင့်တွေ ဖြစ်လာခဲ့တော့တယ်။

ကမ္ဘာ့အမျိုးသမီးထုတစ်ရပ်လုံး လေးစားဂါရ၀ပြုရမယ့် စံပြအမျိုးသမီးကြီးပါပဲ။

“ အရောင်ဆိုးထားသော စိတ်ထားများ ”



တစ်ခါတုန်းက ကုန်သည်နှစ်ယောက်ရှိတယ်။

တစ်ယောက်က သားရေကုန်သည်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ စပါးကုန်သည်ဖြစ်ကြတယ်။

သားရေကုန်သည်ဆိုတာ နွားသားရေ၊ ကျွဲသားရေ၊ ဆိတ်သားရေတွေကို ဝယ်ယူရောင်းချသူဖြစ်တယ်။

စပါးကုန်သည်ကတော့ စပါးတွေ ဝယ်ယူရောင်းချသူဖြစ်တယ်။

အဲဒီကုန်သည်နှစ်ယောက် တို့ဟာ လိုတဲ့ကုန်တွေဝယ်ဖို့အတွက်

မြောက်ဘက် ဒေသကို ခရီးထွက်လာကြတယ်။

ညရောက်လာတော့ ရွာတစ်ရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ

ခွင့်တောင်းပြီးတစ်ညတာ တည်းခိုကြတယ်။

ကျောင်းထိုင်ဆရာတော်က တည်းခိုဖို့ခွင့်ပြုပြီးဧည့်ခံနေရာပေးပါတယ်။

တစ်ဦးနဲ့တစ်ဦးမတူဘူး။ စပါးကုန်သည်ကို စားစရာလည်းကျွေးမွေး၊

နေရာကောင်းလည်းပေးပြီးအေးအေးချမ်းချမ်းနားခိုစေပါတယ်။

သားရေကုန်သည်ကိုတော့ ကျွေးလည်းမကျွေးဘူး၊ နေရာကောင်းလည်းမပေးဘူး။

ဒီလိုနဲ့ နံနက်မိုးလင်းလာတော့ ကုန်သည်နှစ်ဦးဟာ ဆရာတော်ကို

ကန်တော့နှုတ်ဆက်ပြီး ခရီးဆက်ကြပါတယ်။

ရက်အတန်ကြာတဲ့အခါ ကုန်သည်နှစ်ဦးဟာ ကုန်တွေနဲ့အတူ ပြန်ရောက်လာကြတယ်။

အသွားတုန်းကလို ဘုန်းကြီးကျောင်းမှာပဲ ဝင်တည်းခိုကြပြန်ပါတယ်။

ဒီအခါမှာတော့ ဆရာတော်က သားရေကုန်သည်ကို ဧည့်ခံကျွေးမွေး နေရာကောင်းပေးပြီး

စပါးကုန်သည်ကိုတော့ ဘာမှလည်းမကျွေး၊နေရာလည်းမပေးပါဘူး။

အသွားတစ်မျိုး၊အပြန်တစ်မျိုးဧည့်ခံပုံ၊နေရာပေးပုံကို ထူးဆန်းနေကြတယ်။

ကုန်သည်တွေကနားမလည်ကြဘူး။

နောက်တစ်နေ့မိုးလင်းတော့ ခရီးဆက်ဖို့ဆရာတော်ကိုဦးချနှုတ်ဆက်ကြရင်း သူတို့ရင်ထဲမှာ

မရှင်းလင်းတဲ့အကြောင်းကို မေးလျှောက်ကြပါတယ်။


တစ်ခုမေးလျှောက်ပါရစေ ဆရာတော်၊ အသွားတုန်းက စပါးကုန်သည်ကိုပြုစုပြီး၊ အပြန်ကြတော့

သားရေကုန်သည်ကိုဧည့်ဝတ်ပြုတာဟာ ဘာကြောင့်လဲဆိုတာ သိပါရစေ အရှင်ဘုရား…”


အိမ်းဒါယကာတို့ ခုလို သင်တို့ကို ဧည့်ခံဆက်ဆံရခြင်းဟာ သင်တို့ရဲ့ နှလုံးသွင်းစိတ်ထားကို

လှမ်းကြည့်ပြီး ခုလိုဆက်ဆံတာကွယ့်။ သင်တို့နှစ်ယောက်လာစဉ်က

သင်တို့ရဲ့စိတ်ထဲမှာစပါးကုန်သည်က သွားရာဒေသမှာ ဆန်ရေစပါးတွေ ပေါများမှ

ဈေးသက်သက်သာသာနဲ့ ဝယ်ရမှာမို့ မိုးလေဝသတွေမှန်ပါစေ၊ဆန်ရေစပါးတွေ

ပေါပါစေဆိုတဲ့စိတ်ထားနဲ့လာခဲ့တယ်။

သားရေကုန်သည်ကတော့ သားရေတွေများများဝယ်နိုင်ဖို့

ဆုတောင်းလာတော့ ကျွဲနွားတွေ များများ

သေကြေကြပါစေလို့ ရည်ရွယ်ရာရောက်နေတာပေါ့။

အဲဒါကြောင့်အသွားမှာ စပါးကုန်သည်ကို ဧည့်ဝတ်ပြုပြီး သားရေကုန်သည်ကို လျစ်လျူရူတာကွဲ့။

အဲခုအပြန်မှာတော့ သင်တို့စိတ်ထားတွေ ပြောင်းပြန်ဖြစ်သွားပြီး၊

သားရေကုန်သည်က သူ့သားရေတွေ ဈေးကောင်းရဖို့ဒီဒေသ သားရေရှားပါးမှဖြစ်မှာ ဆိုတော့

ကျွဲနွားသိုးဆိတ်တွေ အသေအပျောက်နည်းမှဖြစ်မှာလေ။

ဒီတော့ သူ့ဆုတောင်းက ကောင်းသွားတာပေါ့။

စပါးကုန်သည်ကတော့ သူ့စပါးတွေ ဈေးကောင်းရဖို့ ဒီဒေသ စပါးဆန်ရေရှားပါးမှဖြစ်မယ်။

ဒီတော့ သူ့ဆုတောင်းက တစ်မျိုးဖြစ်သွားပြီ၊

အဲဒီနှလုံးသွင်းကို ချင့်ချိန်ပြီး ငါခုလို ဧည့်ဝတ်ပြုလိုက်တာကွယ့်

လို့ဖြေလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com