Thursday, May 6, 2010

“ အမြတ်ဆုံး အချစ် ”




ကိုယ်က မချစ်

သူကချစ်၊

ဒီချစ် အမုန်းဆုံး။

(မုန်းစရာ ပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)


ကိုယ်ကသာချစ်၊

သူမချစ်၊

ဒီချစ်ဆင်းရဲဆုံး။

(ချစ်စရာပုဂ္ဂိုလ်တို့နှင့် မယှဉ်တွဲ ကင်းကွာနေရသည့်ဆင်းရဲ)


ကိုယ်ကလည်း ချစ်၊

သူလည်းချစ်၊

ဒီချစ် အသင့်ဆုံး။

(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲ

အပြစ်ကင်းညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)


ကိုယ်လည်း မချစ်၊

သူမချစ်၊

ဒီချစ် အမြတ်ဆုံး။

(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်းမုန်းခြင်း ဆင်းရဲခြင်းမှ

လွတ်မြောက်စေရန် သတိပဌာန်လေးပါးမြတ်တရားကို ပွားများအားထုတ်နိုင်မှသာ

ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုကြရသည့်ချမ်းသာ)


ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်း

ဆရာတော် ဘဒ္ဒ န္တ ဝိရောစန

တာချီလိတ်မြို့။

“ လူ့တန်ဖိုး-၁...( ဟင်နရီဖို့ဒ်)”



ဟင်နရီဖို့ဒ်

(၁၈၆၃-၁၉၄၇)=၈၄-နှစ်

အမေရိကန်စက်မှုပညာရှင် ဟင်နရီဖို့ဒ်

ကတော့ သူတီထွင်ခဲ့တဲ့ ဖို့ကားတွေနဲ့အတူ ကမ္ဘာကျော်ခဲ့သူဖြစ်တယ်။

ဟင်နရီဖို့ဒ် ကို ၁၈၆၃ခုနှစ်၊ ဇူလိုင်လ(၃၀)မှာ မွေးဖွားခဲ့တယ်။

သူ့ဖခင်ကလယ်လုပ်ကိုင်သူဖြစ်တယ်။

ဟင်နရီဖို့ဒ် ဟာ ၁၅နှစ်အရွယ်တိုင်အောင်ကျေးရွာစာသင်ကျောင်းကလေးမှာ စာပေသင်ယူခဲ့ရတယ်။

ဖခင်ကလယ်သမားဖြစ်စေလိုပေမယ့် ဟင်နရီဖို့ဒ်

ကတော့စက်မှုပညာကို ဝါသနာထုံသူဖြစ်တယ်။

ရွာထဲက နာရီပျက်မှန်သမျှ အခကြေးငွေမယူဘဲ သူကပြင်ပေးလေ့ရှိတယ်။

၁၆နှစ်သားမှာတော့ သူဟာ ဒီးထရွိုက်စ်မြို့ကစက်ပြင်ဆိုင်မှာ အလုပ်သွားလုပ်တယ်။

တစ်နှစ်ကြာတော့ အင်ဂျင်စက်တွေ တည်ဆောက်တဲ့ ဆိုင်ကို ပြောင်းပြီးလုပ်တယ်။

၁၈၈၄ခုနှစ်မှာ ဖခင်က သားကိုလယ်ယာလုပ်ငန်းစိတ်လည်လာအောင် မြေဧက ၄၀ပေးတယ်။

ဒါပေမယ့် ဟင်နရီဖို့ဒ် က အဲဒီမြေပေါ်မှာ သစ်ပင်ကြီးတွေ လှဲပြီး လွှစက်ထောင်တယ်။

နွေအခါ လယ်ထွန်စက်တွေ ပြင်တယ်။ အဲဒီနောက်အိမ်ထောင်ကျပြီး ဒီးထရွိုက်စ်မြို့ကို ပြန်သွားတယ်။

သူဟာ အလုပ်လုပ်ရင်းက အားတဲ့အချိန်တိုင်းဓါတ်ဆီနဲ့

မောင်းနှင်သွားလာနိုင်တဲ့ ယာဉ်တစ်မျိုးကို စမ်းသပ်လုပ်ကိုင်တယ်။

မဖြစ်မနေကြိုးစားမှုကြောင့် ၁၈၉၂ ခုနှစ်မှာ သူ့ရဲ့ယာဉ်ရထားပြီးခဲ့ပေမယ့်

၁၈၉၃မှာ ကျေနပ်လောက်အောင်မောင်းနှင်နိုင်ခဲ့တယ်။

သူ့ရဲ့ပထမဆုံး အောင်မြင်မှုယာဉ်ကလေးကို မြို့ပေါ်မှာ မောင်းသွားတဲ့အခါ လူတွေဝိုင်းအုံကြည့်ကြပြီး

ရထားဆွဲမြင်းတွေက လန့်ပြေးကြတယ်။

အဲဒီကားကို ဒေါ်လာ ၂၄၀နဲ့သူရောင်းပြီး ကုမ္ပဏီမှာ အစုရှယ်ယာဝင်တယ်။

ကုမ္ပဏီလူကြီးတွေက မော်တော်ကားတွေကို မှာသမျှသာ လုပ်လိုကြတယ်။

အမြင်ကျယ်တဲ့ ဖို့ ဒ် ကတော့ တစ်ကမ္ဘာလုံးသုံးမယ့် ပစ္စည်းအဖြစ် ပိုမိုလုပ်ထားလိုတယ်။

ဒီလိုနဲ့ သဘောထားကွဲလွဲပြီး ၁၉၀၂ ခုနှစ်မှာ ကုမ္ပဏီက ထွက်လိုက်တယ်။

အလုပ်ထွက်ပြီး တစ်ထပ်တိုက်ခန်းလေးတစ်ခု ငှားတယ်။

ကားအမျိုးမျိုး စမ်းသပ်လုပ်ကိုင်တယ်။ ပြိုင်ပွဲဝင်ကားတွေ လုပ်တယ်။

ဖို့ဒ် ရဲ့ကားတွေ အောင်မြင်ကျော်ကြားခဲ့ပြီး ဖို့မော်တော်ကားကုမ္ပဏီရယ်လို့ဖြစ်လာခဲ့တယ်။

အမြော်အမြင်ရှိလှတဲ့ ဟင်နရီဖို့ဒ်

ဟာ သူ့သားစဉ်မြေးဆက်နဲ့နောင်လာနောင်သားတွေ နှစ်ဖက်အကျိုးရှိတဲ့ လမ်းကြောင်းတစ်ခုကို

ဖောက်ပေးခဲ့တဲ့ လေးစားဖွယ် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။

ဟင်နရီဖို့ဒ် ရဲ့အားထုတ်ကြိုးစားမှုကြောင့် အခုဆိုရင်

ကားနဲ့ကင်းတဲ့တိုင်းပြည်နဲ့လူမျိုးဆိုတာမရှိတော့ပါဘူး။

ကားဟာ လူသားတွေအတွက် ဇိမ်ခံပစ္စည်းအဆင့်ကနေ

မရှိမဖြစ်ပစ္စည်းအဆင့်ကိုရောက်လာခဲ့ပါတယ်။

“ စိတ်ကောင်းထားဖို့ အရေးကြီးသည်”



စိတ်ပုပ်၊

နှုတ်ပုပ်၊

အလုပ်ပုပ်လျှင်

အများမုန်း၍

ဆင်းရဲသည်။




စိတ်ဖြူ

နှုတ်ဖြူ

အလုပ်ဖြူလျှင်

အများချစ်၍

ချမ်းသာသည်။


ချမ်းမြေ့ဆရာတော်

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com