Friday, March 9, 2012

“ကိုယ်ကြိုက်ရာ ကိုယ်ကောင်းတာပဲ..."



တစ်ခါတုန်းက

ဆင်းရဲသူဖြစ်တဲ့ မဥမ္မာခင်ဆိုသူဟာ

ငပိရောင်းပြီးအသက်မွေးဝမ်းကြောင်းရသူဖြစ်တယ်။

တစ်နေ့လုပ်မှ တစ်နေ့စားရသူလည်းဖြစ်တယ်။

တစ်နေ့တော့ ငပိကို လည်ရောင်းရင်း သူဋ္ဌေးကြီးတစ်ဦးရဲ့အိမ်ရှေ့ကိုရောက်လာပါတယ်။

“အကောင်းစား ငပိရမယ်”လို့အော်လိုက်ပါတယ်။

ငပိကိုကြိုက်တဲ့ သူဋ္ဌေးကြီးဦးရွှေဟာ အော်ခေါ်ပါတယ်။

ငပိသည် မဥမ္မာခင်ကို ငပိဈေးနှုန်းမေးပါတယ်။

"နင့်ငပိဈေးနှုန်းကလည်း ကြီးလိုက်တာ။

ငါ နည်းနည်းမြည်းကြည့်လို့ရမလား" လို့မေးပါတယ်။

"သူဋ္ဌေးမင်း မြည်းကြည့်နိုင်ပါတယ်"လို့ပြောပြီး

ငပိနမူနာနည်းနည်းပေးလိုက်ပါတယ်။

သူဋ္ဌေးကြီး ဦးရွှေက မြည်းကြည့်ပြီးပြောလိုက်ပါတယ်။

“နင့်ရဲ့ငပိကလည်း ခွေးချေးလောက်တောင် မကောင်းဘူး” လို့

နှိမ်ပြီးပြောလိုက်ပါတယ်။

မဥမ္မာခင်ပြန်ပြောလိုက်တာက…

“ကိုယ်ကြိုက်ရာ ကိုယ်ကောင်းတာပဲ သူဋ္ဌေးမင်းရယ်” တဲ့။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com