Tuesday, May 3, 2011

" အမေ့ထံသို့ပေးစာများ-၁..."



သို့…..
ချစ်တဲ့ အမေ
သားသတိရစွာဖြင့်စာရေးလိုက်ပါတယ်။
အမေကြောင့် သားဆရာဝန်ဖြစ်ခဲ့တာပါ။
သား ၁၀-တန်းအောင်တော့ သားက ဆရာဝန်လိုင်းကို မယူချင်ဘူး။
သားမှာ လုံလောက်တဲ့အကြောင်းတွေရှိတယ်အမေ၊
တစ်အချက်က
အမေက မုဆိုးမအမေဖြစ်နေတယ်။
သားအတွက် ငွေကုန်ကြေးကျများမှာကို မလိုလားဘူးအမေ၊
အမေမှာ ငွေလုံလောက်အောင်မရှိရင် အမေစိတ်ရော၊ကိုယ်ပါ ပင်ပန်းနေလိမ့်မယ်။
အမေကို မပင်ပန်းစေချင်ဘူး။
ဒါကြောင့် ကျနော် ဆေးတက္ကသိုလ်ကို မတက်ချင်ဘူး။
နှစ်အချက်က
ကျနော်က စာကျက်ရတာ ပျင်းတယ်။
သခ်ာၤမွာသာ စိတ္ဝင္စားတာ၊
စာကျက်ရပျင်းသလို အင်္ဂလိပ်စာမှာလည်း ညံ့တယ်။
ကျနော်သာ ဆေးတက္ကသိုလ်ကို တက်ရင်
ဆရာဝန်ဖြစ်အောင် အရမ်းကို ကြိုးစားရမယ်ဆိုတာကိုသိနေတယ်။
သုံးအချက်က
ကျနော်က စစ်တက္ကသိုလ်ကိုသာ တက်ရင်
အမေကို အမြန်ဆုံး လုပ်ကျွေးခွင့်ရမှာပဲလို့
တွေးမိတယ်လေ။
အဲဒီတုန်းက အမေပြောတဲ့စကားကို ကျနော်အခုထိ မှတ်မိနေတုန်းပါပဲ။
“ စစ်သားဖြစ်ဖို့ အမှတ်များများမလိုပါဘူး။
ဆရာဝန်ဖြစ်ဖို့တော့ အမှတ်များများလိုအပ်တယ်။
ပြီးတော့ စစ်သားက သူများရဲ့အသက်ကို အန္တရာယ်ဖြစ်စေတယ်။
ဆရာဝန်က သူများရဲ့အသက်ကို ကယ်တင်ရတယ်။
စစ်သားနဲ့ဆရာဝန်တွေက လားရာမတူကြပါဘူး။
ပျက်စေသူနဲ့ဖြစ်စေသူ၊
သားဘယ်အရာကိုရွေးမလဲ။
သားတစ်ယောက်ဆရာဝန်ဖြစ်နေတာကို
အမေ မသေခင်မှာ မြင်သွားချင်တယ်။
အမေရဲ့ကျေးဇူးကို ဆပ်ချင်တယ်ဆိုရင်
သားဆရာဝန်ဖြစ်အောင်သာ ကြိုးစားပါ”
လို့ ပြောခဲ့တယ်လေ။
အဲဒီစကားကြောင့် သားဆရာဝန်လိုင်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်အမေ။
အခုတော့ သားရွေးချယ်ခဲ့တာမှန်ကြောင်း
တစ်နေ့ထက်တစ်နေ့ပိုပိုသိလာရပါတယ်။
သားက လူတော်မဟုတ်တော့ မနည်းမနည်းကို ကြိုးစားအားထုတ်ရပါတယ်။
အဲဒီအတွက် အမေ့ကို အရမ်းအရမ်းကို ကျေးဇူးတင်ရပါတယ်အမေ။
သားဆရာဝန်ဘွဲ့ရတော့ ဘွဲ့နှင်းသဘင်မှာ
အမေ့ရဲ့အပြုံးကို ဒီနေ့အထိသားမမေ့နိုင်သေးပါဘူး။
အမေ့ရဲ့အပြုံးက အရမ်းလှပနေတယ်လေ။
“ ငါတို့အမျိုးမှာ ဆရာဝန်ဖြစ်သွားသူဆိုလို့ ငါ့သားတစ်ယောက်ထဲရှိတယ်ဟေ့”
လို့အမေခဏခဏပြောတော့ သားတောင်ရှက်မိပါတယ်။
ဆရာဝန်ဖြစ်ပြီးတော့ သားသူငယ်ချင်းအတော်များများဟာ
နိုင်ငံခြားတိုင်းပြည်တွေကိုထွက်သွားကြတယ်။
နောက်ထပ်ဘွဲ့လွန်ပညာတွေ သွားသင်သူတွေရှိသလို
နိုင်ငံခြားတိုင်းပြည်မှာ အလုပ်သွားလုပ်သူတွေလည်း ရှိကြလေရဲ့။
သူငယ်ချင်းတွေကခေါ်တော့ သားလည်း နိုင်ငံခြားတိုင်းပြည်တွေကို
ထွက်ချင်စိတ်မကြာခဏဖြစ်မိတယ်လို့ဝန်ခံချင်ပါတယ်။
ဒါပေမယ့် သားမထွက်ဖြစ်ခဲ့ပါဘူး။
အကြောင်းကတော့ သားရဲ့ဆေးခန်းလုပ်ငန်းက အောင်မြင်တာရယ်၊
ပြီးတော့ သားက နိုင်ငံခြားမှာ ရွှေတိဂုံဘုရားလို ဖူးမျှော်စရာဘုရားမရှိဘူးထင်တာရယ်၊
သားကြိုက်တတ်တဲ့ မုန့်ဟင်းခါး၊ ငပိတို့စရာတွေမရှိဘူးထင်တာရယ်ကြောင့်
မသွားဖြစ်ခဲ့ပါဘူးအမေ၊
ဒါနဲ့ပဲ သားဟာ
ဆရာဝန်ဘဝနဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်တဲ့အထိ ဖြတ်သန်းလာခဲ့ရပါတယ်။
ဘဝဆိုတာ နိမ့်တုံ၊မြင့်တုံပါပဲ။
သုံညဘဝကိုလည်းအခါခါရောက်ခဲ့ပါတယ်။
အဲဒီလိုရောက်လေတိုင်း အမေ့ရဲ့စိတ်အားမြှင့်တင်တဲ့စကားတွေကြောင့်
ပြန်ပြန်မြင့်တက်လာခဲ့တာလည်း အကြိမ်ကြိမ်၊
အခုမှ ဘဝကံဇာတာမြင့်လာတာကြောင့် သားနိုင်ငံခြားတိုင်းပြည်ကိုသွားခွင့်ကြုံခဲ့ပါတယ်။
သားသွားရမယ့်နိုင်ငံကလည်း အမေရိကန်နိုင်ငံ၊
အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရတယ်လို့အမေကို ပြောပြတော့
အမေက တွေဝေသွားတယ်။
“ ငါ အသက်ကြီးပြီသား၊
ငါတစ်ခုခုဖြစ်ရင် သားအနားမှာ ရှိတော့မှာ မဟုတ်ဘူးလို့
တွေးမိတော့ စိတ်အားငယ်မှုဖြစ်မိတယ်။
ဒါပေမယ့်
သားက တိုးတက်ကြီးပွားတဲ့အခွင့်အရေးရတာကို အမေမတားရက်ပါဘူး။
သားရေ…မသွားခင်တော့ စဉ်းစားပေါ့ကွယ်၊
သားက သွားမယ်လို့ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ နောက်မဆုတ်လေနဲ့။
ယောကျာ်းဆိုတာ ငုတ်မိရင် သဲတိုင်၊
တက်မိရင် အဖျားရောက်အောင်တက်ပေတော့”တဲ့။
လေဆိပ်ကို အမေလိုက်ပို့တယ်။
သားအားဖြစ်ရပါတယ်အမေ။
ဒီအတွက်လည်း သားလေ အမေ့ကို ကျေးဇူးတင်မိပါတယ်။
စာလည်းရှည်သွားပြီ။
နောက်မှ စာထပ်ရေးမယ်နော်။
ဒီနေ့တော့ဒီလောက်နဲ့ရပ်နားခွင့်ပြုပါအမေ။
ချစ်တဲ့အမေ ကို ဦးတင်ကတော့လိုက်ပါတယ်။

ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကာရိုးလိုင်းနား(မြောက်)/ ( North Carolina )
အမေရိကန်နိုင်ငံ ( U.S.A )
ဧပြီလ-၂၉ရက်-၂၀၁၁ ( သောကြာ )
( အမေများနေ့ကို ဂုဏ်ပြုပါတယ် )

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com