Tuesday, January 31, 2012

"ငါတို့လုပ်နိုင်တယ်ဟေ့!..."









Yes We Can!

By Sam Mc Bratney,(စာရေးသူ)

Illustrated by Charles Fuge(သရုပ်ဖော်သူ)

US$ 16.99

Ages 2-6

++++++++++++++++++

Little Roo and his friends usually have a great time playing together,

but not today.

They are too busy making fun of each other.

When everyone is left in bad moods,

Little Roo’s wise mother comes up with an idea that might just help

the threesome make

amends.

++++++++++++++++++

Little Roo was chasing leaves one windy day to play with him.

“Let’s make a big pile of leaves,” said Roo.

“A mountain of leaves,” said Country Mouse.

“The biggest ever seen!” quacked Duck.

They began to collect up all the leaves they could find but making

a leaf mountain is hard work,

So after a while they stopped for a rest.

While they were resting, Little Roo said to friend Quacker Duck,

“I know something you can’t do. You can’t jump over a big, big log.”

Quacker Duck tried as hard as she could,

but little ducks aren’t made to jump over big, big logs.

Country Mouse thought it was so funny when Quacker Duck fell over the fallen-down tree.

“ Don’t you laugh at me!” said Quacker Duck to Country Mouse.

“I know something you can’t do. You can’t float on a puddle.”

“ Yes I can,” said Country Mouse.

So Country Mouse tried to float on the puddle…

but a little mouse isn’t really made for floating.

Little Roo thought it was so funny when Country Mouse

crawled out of the water, soaking wet and dripping.

“Don’t you laugh at me!” said Country Mouse.

“I know something you can’t do. You can’t catch your own tail.”

“Yes I can,” said Roo.

Roo tried as hard as he could to catch his own tail, to catch his own tail,

but his tail would not be caught. It was too far away.

Country Mouse and Quacker Duck laughed and

laughed as Roo ran around in circles.

“Don’t you dare laugh at me!” cried Roo.

“Well, you laughed at me!” said Mouse.

“And you laughed at me!” said Duck.

No one was happy.

No one was happy because each had made fun of someone else

and someone else had fun of them.

Instead of making the biggest mountain of leaves that anyone had ever seen,

they looked as if they might all go home in a bad mood.

Little Roo’s mother came over to see what the fuss was about.

“I’m not surprised the three of you look so grumpy,” she said.

“Nobody likes to be laughed at!”

It was true. No one likes to be laughed at.

“Why don’t you show each other what you can do?” said Roo’s mom.

Roo cried, “ I can jump over a big, big log!”

He hopped up and over the fallen-down tree.

“ That’s really good jumping,” the others said.

“I can float on a puddle,” said Quacker Duck, taking to the water with ease.

“That’s really excellent floating!” the others agreed.

And when Country Mouse caught his own tail, Little Roo and

Quacker Duck thought that his tail-catching was the best they had ever seen.

“There now,” said Roo’s mother, “Can we all be friends again?”

Little Roo, Country Mouse,and Quacker Duck looked at one another.

They were all thinking the same thing…

“Yes we can!”

++++++++++++++++++

ဘာသာပြန်…

နိဒါန်း…

တစ်ခါတုန်းကပေါ့။ သူငယ်ချင်းသုံးယောက်ရှိကြပါတယ်။ သူတို့တွေကတော့ ကန်ကရူးလေးရယ်၊

တောကြွက်လေးရယ်၊တစ်ဂတ်ဂတ်အော်တတ်တဲ့ဘဲကလေးရယ်ပေါ့။

သူတို့တွေဟာ အမြဲတမ်းလိုလို အကြာကြီး အတူတူကစားကြတယ်။

ဒါပေမယ့် ဒီနေ့တော့ မကစားနိုင်ကြဘူး။

သူတို့ဟာတစ်ကောင်နဲ့တစ်ကောင်ကိုရီစရာလုပ်ပြီးအလုပ်ရှုတ်ကြတယ်။

အဲဒီလိုလုပ်တော့ စိတ်ဆိုးကြတာပေါ့။

ကန်ကရူးလေးရဲ့အမေကဥာဏ်ရှိသူဖြစ်တယ်။

သူတို့လေးတွေရဲ့အမှားတွေကိုပြင်ပေးလိုက်တော့မှသူတို့တွေ ပြန်ပြီးသင့်မြတ်သွားကြတယ်။

++++++++++++++++++++

ငါတို့လုပ်နိုင်တယ်ဟေ့!

လေတိုက်တဲ့နေ့တစ်နေ့မှာ ကန်ကရူးလေးဟာ ရွက်ကြွေတွေနောက်ကိုလိုက်နေလေရဲ့။

ကန်ကရူးရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့တောကြွက်လေးရယ်၊

ဘဲလေးကတော့ သူတို့တွေအတူတူကစားဖို့စောင့်နေကြတယ်။

သူတို့တွေဆုံကြတော့ ကန်ကရူးလေးကပြောတယ်။

“တို့တစ်တွေ ရွက်ကြွေတွေကို အကြီးကြီးဖြစ်အောင် ပုံကြရအောင်”

“သစ်ရွက်တောင်ကြီးရမယ်နော် ”လို့တောကြွက်ကပြောတယ်။

ဘဲလေးကလည်း “ငါမြင်ဖူးတဲ့အထဲမှာတော့ အကြီးဆုံးဖြစ်ရမယ်ဟေ့!”လို့ပြောလိုက်တယ်။

သူတို့တွေဟာ တွေ့သမျှသစ်ရွက်တွေကိုစတင်စုဆောင်းကြတယ်။

ဒါပေမယ့် ရွက်ကြွေတောင်တစ်ခုကိုလုပ်ရတာ ခက်လှပါတယ်။

အဲဒီနောက်တော့ သူတို့တွေ ရပ်ပြီးအနားယူကြတယ်။

အဲဒီလိုနားနေချိန်မှာ ကန်ဂရူးဟာ ဘဲလေးကိုပြောလိုက်တယ်။

“မင်းမလုပ်နိုင်တဲ့အလုပ်ကို ငါသိတယ်။ မင်းသစ်တုံးအကြီးကြီးအပေါ်ကို မင်းမကျော်နိုင်ပါဘူး။”

ဘဲလေးက “ငါလုပ်နိုင်ပါတယ်”လို့ပြောလိုက်တယ်။

ဘဲလေးဟာ သူတတ်နိုင်သလောက်ကြိုးစားပြီးခုန်ပါတယ်။

ဒါပေမယ့် ဘဲလေးဟာ သစ်တုံးကြီးမကျော်နိုင်ပါဘူး။

ဘဲလေးဟာ သစ်တုံးပေါ်မှာ လဲကျသွားချိန်မှာတော့ တောကြွက်ကလေးက

တွေး တွေးပြီး အရမ်းရီမိပါတယ်။

ဒီတော့တောကြွက်ကလေးကို ဘဲလေးကပြောတယ်။

“ငါကိုမရီပါနဲ့၊မင်းမလုပ်နိုင်တာကိုလည်း

ငါသိတယ်၊ရေအိုင်လေးမှာ မင်းကိုယ်မင်း ကိုယ်မဖေါ့နိုင်ပါဘူး”လို့ပြောလိုက်တယ်။

တောကြွက်လေးက “ငါလုပ်နိုင်ပါတယ်”လို့ပြန်ပြောလိုက်တယ်။

ပြီးတော့ တောကြွက်လေးကရေအိုင်လေးမှာကိုယ်ဖေါ့ဖို့ကြိုးစားပါတယ်။

ဒါပေမယ့် တကယ်တန်းတော့ တောကြွက်လေးဟာ ရေအိုင်မှာ ကိုယ်မဖေါ့နိုင်ပါဘူး။

ကြွက်စုတ်ကလေးတစ်ကောင်လို ရေအိုင်ထဲကဝမ်းလျှားမှောက်၊လေးဖက်ထောက်ပြီးတက်လာတယ်။

တစ်ကိုယ်လုံးရွှဲရွှဲစိုတဲ့လို့။ ရေစက်တွေတစ်စက်စက်ကျလို့။

ကြွက်လေးကိုကြည့်ကြည့်ပြီး ကန်ဂရူးလေးကတွေးတွေးပြီးရီပါတယ်။

တောကြွက်လေးက “မင်းငါ့ကိုမရီပါနဲ့၊မင်းမလုပ်နိုင်တာကိုလည်းငါသိပါတယ်။

မင်းရဲ့အမြီးလေးကိုမင်းပြန်ပြီးမဖမ်းနိုင်ပါဘူး” လို့ ကန်ကရူးလေးကိုပြောလိုက်ပါတယ်။

ကန်ကရူးလေးက“ ငါလုပ်နိုင်ပါတယ်”လို့ပြောလိုက်တယ်။

ပြီးတော့ ရူးလေးဟာ

သူ့ရဲ့အမြီးကိုသူတတ်နိုင်သလောက်ခက်ခက်ခဲခဲကြိုးစားပြီးပြန်ဖမ်းပါတယ်။

ဒါပေမယ့် သူ့အမြီးကို သူပြန်ပြီးမဖမ်းနိုင်ပါဘူး။အဝေးကြီးကိုရောက်သွားပါတယ်။

တစ်နေရာထဲမှာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလိုဖြစ်နေတဲ့ရူးလေးကိုတောကြွက်လေးနဲ့

ဘဲလေးက ကြည့်ပြီးရယ်မောကြပါတယ်။

ရူးလေးက “မင်းတို့တွေ ငါ့ကိုမရီပါနဲ့”လို့အော်ပြောလိုက်ပါတယ်။

တောကြွက်လေးက “မင်းလည်းငါ့ကိုရီခဲ့တာပဲ”

ဘဲလေးက “ဟုတ်တယ်၊မင်းတို့လည်း ငါ့ကိုရီခဲ့ကြတာပဲ ”လို့ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာ ဘယ်သူမှမပျော်နိုင်ကြဘူး။

အကြောင်းကတော့

တစ်ကောင်ကိုတစ်ကောင်ရီစရာဖြစ်အောင်လုပ်ခဲ့ကြတဲ့အတွက်ဖြစ်တယ်။

သူတို့မြင်ဖူးသမျှထဲမှာ အကြီးဆုံးရွက်ကြွေတောင်ကြီးတစ်ခုကိုလုပ်ရမယ့်အစား

သူတို့ကိုကြည့်ရတာ ဒီအတိုင်းဆိုရင် စိတ်ဆိုးဆိုးနဲ့ပဲ အိမ်ပြန်ရဖို့ရှိတယ်။

အဲဒီအချိန်မှာပဲ ကန်ကရူးရဲ့အမေရောက်လာပြီး

သူတို့ရဲ့အစဉ်မပြေတဲ့အဖြစ်ကိုလှမ်းမြင်သွားပါတယ်။

“မင်းတို့သုံးကောင်ရဲ့အလွန်ဆိုးတဲ့မျက်နှာထားတွေကိုမြင်ရပေမယ့် ငါတော့ မအံ့သြပါဘူး။

ဘယ်သူမှ ကိုယ့်ကိုယ်ရီတာကိုမကြိုက်ကြဘူးလေ”လို့

ကန်ကရူးအမေကပြောလိုက်ပါတယ်။

ဒါဟာ အမှန်ပါပဲ။ ဘယ်သူမှ အရီခံရတာကို မကြိုက်ကြပါဘူး။

ကန်ကရူးရဲ့အမေက

“မင်းတို့တွေ ကိုယ်လုပ်နိုင်တာကို လုပ်နိုင်ကြောင်းပြလိုက်ပါလား”လို့ပြောလိုက်ပါတယ်။

ကန်ကရူးက အော်လိုက်တယ်။ “ငါ သစ်တုံးအကြီးကြီးကိုကျော်လွှားနိုင်တယ်ဟေ့!”

သူဟာ မြေကြီးမှာလဲနေတဲ့သစ်တုံးကြီးပေါ်ကို ကျော်လွှားပြီး ခုန်ပြလိုက်ပါတယ်။

သူ့သူငယ်ချင်းနှစ်ယောက်က “အရမ်းလှတဲ့ခုန်ချက်ပဲ”

ဘဲလေးကလည်း “ငါလည်း ရေပေါ်မှာ ကိုယ်ဖေါ့နိုင်တယ်” လို့ပြောပြီး၊

သက်သက်သာသာနဲ့ရေပေါ်မှာ ကိုယ်ဖေါ့ပြလိုက်ပါတယ်။

ကျန်သူငယ်ချင်းနှစ်ယောက်က

“ဟုတ်တယ်ဟေ့…အရမ်းလှပတဲ့လုပ်ချက်ပဲ”လို့ချီးကျူးကြတယ်။

အဲဒီနောက် တောကြွက်လေးက သူ့အမြီးကိုသူ လှလှပပဖမ်းပြလိုက်ပါတယ်။

ကျန်သူငယ်ချင်းနှစ်ယောက်က သူတို့မြင်ဖူးသမျှမှာတော့

အကောင်းဆုံးလုပ်ချက်ပဲလို့ချီးကျူးကြတယ်။

ကန်ကရူးရဲ့အမေက

“အခုဆိုရင် မင်းတို့သုံးယောက်စလုံးသူငယ်ချင်းတွေပြန်ဖြစ်သွားကြပြီးမဟုတ်လား”

လို့မေးလိုက်ပါတယ်။

သူငယ်ချင်းသုံးယောက်စလုံးဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။

သူတို့ဟာ အတူတူဖြစ်သွားကြပြီးလို့လည်း အားလုံးကတွေးဖြစ်သွားပါတယ်။

အဲဒီနောက် သူငယ်ချင်းသုံးယောက်စလုံးဟာ

တစ်ပြိုင်နက်ထဲအော်လိုက်ကြတာက…“ဟုတ်တယ်ဟေ့! ငါတို့လုပ်နိုင်တယ်”

++++++++++++++++++++

ကလေးအရွယ်လူငယ်လေးတွေအတွက်

လုပ်နိုင်တာချင်းမတူကြဘူး။ အရည်အချင်းရှိတာချင်းမတူကြဘူး။

မလုပ်နိုင်တဲ့အချက်ကို လုပ်ခိုင်းရုံနဲ့တော့ ပျော်စရာကောင်းတဲ့အခြေအနေဖြစ်လာမှာမဟုတ်ပါဘူး။

လုပ်နိုင်တဲ့အရာကိုလုပ်ခိုင်းတော့ အရည်အသွေးတွေကို ထုတ်ပြခွင့်ရတော့ လူငယ်လေးတွေအတွက်

ပျော်စရာကောင်းသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်လည်းပိုဖြစ်စေကြောင်းကို ဖေါ်ပြလိုက်တဲ့

အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

ဒီစာကိုဖတ်လိုက်တဲ့ကလေးငယ်အတွက် အဲဒီသင်ခန်းစာကိုရနိုင်တယ်။

ပြီးတော့ကလေးလေးတွေဟာ...

ကန်ကရူးနဲ့တောကြွက်လေးနဲ့တစ်ဂတ်ဂတ်အော်တတ်တဲ့ဘဲလေးနဲ့

လည်းမိတ်ဆွေဖြစ်သွားစေပါတယ်။

သူတို့လေးတွေရဲ့သဘာဝကိုလည်းသိသွားနိုင်ပါတယ်။

သရုပ်ဖော်ပုံကကြီးကြီး၊ စာကနည်းနည်းနဲ့ဆိုတော့ ကလေးအတွက်

စာအုပ်တွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့ လွယ်ကူစေပါတယ်။

အဲဒီစာအုပ်ကို ကြမ်းပြင်ပေါ်အားရပါးရထိုင်ပြီးဖတ်နေတဲ့ကလေးငယ်တစ်ယောက်ကို

တွေ့တော့ အရမ်းကို ကြည်နူးရပါတယ်။



++++++++++++++++++

စာကြည့်တိုက်တိုင်းမှာ ကလေးစာကြည့်တိုက်ကိုတွဲထားပေးပါတယ်။

စာကြည့်တိုက်ရဲ့တည်နေရာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ဒါဟာ အမျှော်အမြင်ရှိတဲ့၊ အရည်အချင်းရှိတဲ့လူကြီးတွေရဲ့အစီအမံလို့ပြောနိုင်ပါတယ်။

စာကြည့်တိုက်ရဲ့ဘယ်ဖက်ဘေးမှာ ကလေးကစားကွင်းရှိပါတယ်။

စာကြည့်တိုက်ရဲ့နောက်ဖက်မှာ မူလတန်းကျောင်းရှိပါတယ်။

ကျောင်းလွှတ်လိုက်တဲ့အချိန်မှာ ကလေးဟာ ကစားကွင်းမှာလွတ်လွတ်လပ်လပ်ကစားနိုင်သလို

စာကြည့်တိုက်မှာလည်း လွတ်လွတ်လပ်လပ် စာဖတ်နိုင်ပါတယ်။ ကွန်ပျူတာအသုံးပြုနိုင်တယ်။

စာကြည့်တိုက်ထဲကို ကစားကွင်းကပျော်ပျော်ရွှင်ရွှင် ဝင်လာတဲ့ကလေးများ၊

ကျောင်းကဝင်လာတဲ့ကလေးများနဲ့စာကြည့်တိုက်ဟာ အမြဲတမ်းစည်ကားနေတာကိုတွေ့တော့

ကံမကောင်း၊အကြောင်းမလှရှာကြတဲ့ မြန်မာပြည်က ကလေးတွေကို သတိရ၊ လွမ်းမောမိပါတယ်။

"ကျန်းမာရေးအတွက် ဆေးတစ်ခွက်..."


တစ်ခါတုန်းက

တာချီလိတ်မြို့၊ဆန်ဆိုင်းရပ်ကွက်မှာနေကြတဲ့သားအမိ၊သားအဖသုံးဦးရှိကြပါတယ်။

တစ်နေ့တော့ နံနက်စာအဖြစ် ယိုဒယားဆန်ပြုတ်ကို သားငယ်ထွန်းဦးနဲ့

ယောက်ျားဖြစ်သူကိုအေးရွှေတို့ကို

မိန်းမဖြစ်သူမနန်းဖေါင်းကထည့်ကျွေးပါတယ်။

သားငယ်ထွန်းဦးက ဆန်ပြုတ်ကိုမကြိုက်ပါ။

ဒါကြောင့်မစားချင်ဘူးဆိုကာ အင်တင်တင်လုပ်နေပါတယ်။

ကျောင်းတက်ချိန်နီးနေသောကြောင့် အမေလုပ်သူမနန်းဖောင်းက စိတ်တိုလာပါတယ်။

ဒါကြောင့် ဇွန်းနဲ့သားလုပ်သူရဲ့နဖူးကိုခေါက်လိုက်ပါတယ်။

အဖေလုပ်သူကိုအေးရွှေက

“ ဟဲ့ ကလေးကို ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”

လို့မိန်းမဖြစ်သူမနန်းဖောင်းကိုမာန်မဲပြောဆိုကာ သားဖြစ်သူကိုချော့ပါတယ်။

ပြီးတော့ သားရဲ့နားနားကပ်ပြီးလည်းတိုးတိုးပြောလိုက်ပါတယ်။

သားငယ်က အဖေ့ရဲ့စကားကိုကြားတာနဲ့ဆန်ပြုတ်ကို

ခဏအတွင်းကုန်အောင် သောက်လိုက်ပါတယ်။

အဲဒီနောက် ကျောင်းလွယ်အိတ်ကိုယူပြီးကျောင်းဖက်ကို ပျော်ပျော်ရွှင်ရွှင်ထွက်သွားပါတယ်။

လင်မယားနှစ်ယောက်ထဲကျန်တဲ့အခါ မိန်းမဖြစ်သူမနန်းဖောင်းက ကိုအေးရွှေကိုမေးပါတယ်။

“ ရှင် ကလေးကို ဘာပြောလိုက်သလဲ၊

ဆန်ပြုတ်မကြိုက်တဲ့ကလေး ချက်ချင်းသောက်ပစ်လိုက်ပါလား၊အံသြစရာပဲ”

ကိုအေးရွှေက...

“ အော် သားဆန်ပြုတ်မသောက်ရင်

သားရဲ့ဖွားဖက်တော်လေးဟာ ဘယ်တော့မှ ကြီးလာမှာ မဟုတ်ဘူးလို့”

ပြောလိုက်ပါတယ်။

မနန်းဖောင်းက တော်တော်ကြာအောင်တွေဝေသွားပါတယ်။

အဲဒီနောက် ရုတ်တရက်ဆိုသလို ကိုအေးရွှေရဲ့နဖူးကို ဇွန်းနဲ့ခေါက်လိုက်ပါတယ်။

ကိုအေးရွှေက...

“ ဟဲ့…မိန်းမ ဘာဖြစ်လို့ ငါ့နဖူးကို ခေါက်ရတာလဲ”လို့မေးလိုက်ပါတယ်။

ဒီတော့ မနန်းဖောင်းပြန်ပြောလိုက်တာက…

“ ရှင် ငယ်ငယ်တုန်းက ဆန်ပြုတ်မှန်မှန်မသောက်ခဲ့လို့”

တဲ့။


++++++++++++++++++


ခက်ဆစ်အဓိပ္ပာယ်....ဖွားဖက်တော်=ရွှေပန်း=ငယ်ပါ


Monday, January 30, 2012

"ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်အရင်လုပ်..."


ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်လုပ်လိုက်ရင်

လောကကြီးကိုကောင်းအောင်လုပ်တာပါ။

++++++++++++++++++


ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ အဖက်ဖက်က

ပိုကောင်းအောင် ကြိုးစားတာ၊

အကျင့်စာရိတ္တ၊

စိတ်နေသဘောထား၊

လုပ်ရည်ကိုင်ရည် ပိုကောင်းအောင် ကြိုးစားတာ၊

ပိုပြီး ဉာဏ်ပညာ ရင့်ကျက်တဲ့သူ ဖြစ်အောင်

ကြိုးစားတာဟာ

တစ်လောကလုံးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုတာပဲ။

+++++++++++++++++++++++++++

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်၊

ကိုယ့်ဘဝကို အကောင်းဆုံးနေသွားနိုင်တဲ့ လူဟာ

လောကကြီးကိုလည်း အများဆုံး အကျိုးပြုတဲ့လူ ဖြစ်တယ်။

+++++++++++++++++++++++++++


ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေတတ်တာကိုက

လောကကြီးရဲ့အကျိုးကို ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။

+++++++++++++++++++++++++++

လူ့အသိုင်းအဝိုင်းထဲက ကောင်းကျိုးများများရချင်ရင်

အဲဒီလူ့အသိုင်းအဝိုင်းကို ကောင်းအောင်ပြုစုရတယ်။

+++++++++++++++++++++++++++

အဆင့်မြင့်တဲ့ ခံယူချက်ရှိမှ၊

ပြတ်သားတဲ့မူရှိမှ၊

ရိုးသားမှုရှိမှ၊

အများအကျိုးကို ထိထိရောက်ရောက်

ဆောင်ရွက်နိုင်မယ်။

ဒါမှလည်း ခေါင်းဆောင်ကောင်းဖြစ်မယ်။

++++++++++++++++++

(ဆရာတော်ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com