Sunday, August 14, 2011

" ပိုကောင်းတဲ့သူ ဖြစ်လာဖို့..."


အရေးကြီးတာက အကောင်းဆုံးလူသားတစ်ယောက်

ဖြစ်လာဖို့ပဲ။

အကောင်း၊အဆိုး ဘာပဲကြုံရ၊ကြုံရ

ပိုကောင်းတဲ့သူ ဖြစ်လာဖို့ဟာ

လိုရင်းပဲ။

+++++++++++++++

ကိုယ့်ဘဝရဲ့ပူလောင်မှု၊

ငြိမ်းအေးမှုကို

ကိုယ်စိတ်ကပဲ ဖန်တီးပါတယ်။

စိတ်ပူရင် ဘဝပူမယ်။

စိတ်ငြိမ်းအေးရင် ဘဝငြိမ်းအေးမယ်။

ဘဝဆိုတာ စိတ်ရဲ့ပုံရိပ်ပါ။

ဘဝဆိုတာ စိတ်ရဲ့ ကိုယ်တိုင်ရေးပုံတူ ပန်းချီကား

တစ်ချပ်ပါ။

(အရှင် ဆန္ဒာဓိက)

+++++++++++++++

မသေခင်မှာ တဏှာကင်းရင်

ငြိမ်းအေးတယ်။

ဗုဒ္ဓ

+++++++++++++++

မြတ်စွာဘုရားက

ထမင်းစားသောက်ပြီးလို့ ပန်းကန်ဆေးရည်၊

အိုးဆေးရည်တွေကို

မြောင်းထဲသွန်တဲ့အခါ

ဒီပန်းကန်ဆေးရည်၊အိုးဆေးရည်တွေထဲက ထမင်းလုံး၊

ဟင်းဖတ်လေးတွေ၊ဆီဖတ်လေးတွေကို

မြောင်းထဲက ပိုးကောင်လေးတွေစားကြ၊

သောက်ကြပါစေလို့ နှလုံးသွင်း စိတ်ထားပြီး

စွန့်သွန်ရင် ကြီးကျယ်တဲ့ဒါနကုသိုလ်ဖြစ်ပါတယ်လို့

ဟောကြားတော်မူထားပါတယ်။

(အရှင်ဆန္ဒာဓိက)

+++++++++++++++

သိက္ခာချရင် ငိုချင်တယ်…”


သူများသိက္ခာချရင် ကိုယ့်သိက္ခာကျတယ်။

သူများသိက္ခာချတဲ့အလုပ်မျိုး

ဘယ်တော့မှ မလုပ်ဘူး။

( ဖါးအောက်တောရဆရာတော်ဘုရားကြီး)

+++++++++++++++

ဉာဏ်ကောင်းချင်တယ်ဆိုရင်၊

စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်ချင်တယ်ဆိုရင်၊

မှတ်ဉာဏ်ကောင်းချင်တယ် ဆိုရင်

နေ့စဉ်နေ့တိုင်းဝင်လေ၊ထွက်လေ ရှုမှတ်တဲ့အလုပ်ကို

မလုပ်မဖြစ်လုပ်ပါ။

(ဆရာတော် အရှင်ဆန္ဒာဓိက)

+++++++++++++++

အရေးကြီးတာက မိဖို့ပဲ။

မိပြီးဆိုရင် နဲနဲဖြစ်ဖြစ်၊ မှန်မှန်လုပ်ဖို၊

ပြီးတော့ အခြေအနေအရ ပိုပိုပြီးလုပ်သွားဖို့ပါပဲ။

(ဆရာတော် ဦးဇောတိက)

+++++++++++++++

လူတစ်ယောက်ရဲ့စိတ်နေသဘောထား၊

အကျင့်သီလ၊

အသိဉာဏ်၊

လုပ်ရည်ကိုင်ရည် စသည်ဖြင့်အားလုံး

အဆင့်မြင့်မားလာဖို့အရေးမှာ

အခြေခံအကျဆုံးအချက်ဟာ

သတိပါပဲ။

(ဆရာတော် ဦးဇောတိက)

+++++++++++++++

အရင့်ကျက်ဆုံးလူဟာ

အခြိုးခြံဆုံးလူပါပဲ။

+++++++++++++++

ပြင်ပကို မှီခိုမှုများခြင်းကြောင့်

အတွင်းမှာ လွတ်လပ်မှု မရှိတော့ဘူး။

+++++++++++++++

အမှန်ပြောရမယ်ဆိုရင်

အခုအသက် အရွယ် (၅၄)နှစ်မှာ

အရသာအတွေ့ဆုံးအရာ ()ခုပဲ

ရှိတယ်လို့ ပြောရမယ်။

၁။ ။တရားအားထုတ်တာ နဲ့

၂။ ။အကြောင်းအရာတစ်ခုခုကို ဆက်စပ်ပြီးတော့တွေးတာ။

(ဆရာတော် ဦးဇောတိက)

+++++++++++++++

လောကမှာ လောဘက အဆန်းပြားဆုံးပဲ။

အရှုပ်ထွေးဆုံးပဲ။

သူ့အလိုသာ လိုက်ရရင် ရှုပ်ဖို့ပဲ ရှိတော့တယ်။

(ဆရာတော် ဦးဇောတိက)

+++++++++++++++++++++++

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com