Thursday, March 31, 2011

“ တစ်ကိုယ်ထဲလည်း ပျော်မှ ဖြစ်မယ်…”


အလေးနက်ဆုံး အလုပ်ကို တစ်ယောက်ထဲ

နေပြီး လုပ်မှ ရတယ်။


အလေးနက်ဆုံး အသိဉာဏ်ကို

တစ်ယောက်ထဲနေတဲ့အချိန်မှာမှ ရတယ်။


ဉာဏ်ရှိရင် အဆိုးထဲက

အကောင်းဖြစ်လာမယ်။


ဒုက္ခကို ဉာဏ်နဲ့သတိနဲ့

ကြည့်တဲ့အတွက်ကြောင့် ပိုပြီး

ရင့်ကျက်လာတယ်။


စိတ်ဆင်းရဲချိန်မှာ အကျိုးရှိတာ

တစ်ခုခုလုပ်နေပါ။

နောက်မှ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားပါ။

အကျိုးရှိတဲ့အလုပ်တစ်ခုခုကို လုပ်နေတာဟာ

စိတ်ဆင်းရဲမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းပဲ။

တရားအားထုတ်တာ စိတ်ချမ်းသာမှုကို ရဖို့ အကောင်းဆုံးနည်းပဲ။

ဒါကြောင့်ဘာဘဲဖြစ်ဖြစ်

တရားမှန်မှန် အားထုတ်ပါ။


မိတ်ဆွေကောင်းရှိအောင်

ကိုယ့်ကိုယ်တိုင်က မိတ်ဆွေကောင်း ပီသတဲ့သူ

ဖြစ်ရမယ်။



ကြုံတွေ့လာမဲ့ဒုက္ခကို ခံနိုင်ရည်ရှိအောင်တော့

ကြိုကြိုတင်တင် ပြင်ဆင်ထားပါ။


နောက်ဆုံးတော့လည်း သေတဲ့အခါမှာ

တစ်ယောက်ထဲပါဘဲ။

အဖော်မရှိပါဘူး။

အဲဒီအတွက်ပါ ကြိုတင် ပြင်ဆင်ထားပါ။


အတ္တာဟိ အတ္တနော နာထော

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ အားထားရာ ဖြစ်၏။

ကောဟိ နာထော ပရောသိယာ

သူတစ်ပါးသည် မိမိအတွက်

ကိုးကွယ်ရာ၊ အားထားရာ

အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

ဗုဒ္ဓ



တည်တည်ငြိမ်ငြိမ် နေပြီးတော့

တည်တည်ငြိမ်ငြိမ် သေသွားချင်တယ်။


စိတ်ကို တုန်လှုပ်မှုနည်းအောင်

လေ့ကျင့်ထားပါ။


အကောင်းအဆိုးတွေ တွေ့ကြုံရတဲ့အခါ

သတိရှိဖို့၊

ဉာဏ်ရှိဖို့

အရေးကြီးတယ်။


သတိပဋ္ဌာန်တရားဆိုတာ သတ္တဝါတွေရဲ့

စိတ်ထား၊

အသိဉာဏ် စင်ကြယ်ဖို့အတွက်

တစ်လမ်းတည်းသော လမ်းပါပဲ။

သောက ပရိဒေဝတွေ လွန်မြောက်ဖို့အတွက်

တစ်လမ်းထဲပဲတဲ့။

(မြတ်စွာဘုရား)


ဒီနည်းလမ်းဟာ ဒီဒုက္ခတွေ လွန်မြောက်ဖို့

ဘုရားကပေးတဲ့ နည်းလမ်းပဲ။


ဒုက္ခကနေ လွတ်ချင်ရင်တော့ လွတ်အောင်

လုပ်ပေးနိုင်တဲ့ အသိဉာဏ်ကို

ရမှ ဖြစ်မယ်။


(ဆရာတော် ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com