တစ်ခါတုန်းက 
လူတစ်ဦးဟာ သူ့ဆန္ဒနဲ့ဆန်ကျင်ပြီး အမြဲပြောလေ့ရှိတဲ့အတွက် 
   သူ့ကို “ဦးဟင့်အင်း ”
လို့ အမည်တွင်ပါတယ်။
  သူဟာ ပေါင်မုန့်တစ်လုံးဝယ်ရန်ပေါင်မုန့်ဆိုင် ကိုသွားပါတယ်။
  ဆိုင်ရှင်က ” ပေါင်မုန့်လိုချင်ပါသလားခင်ဗျာ ”လို့ မေးရာ၊ 
  သူက“ ဟင့်အင်း ”လို့ပြန်ဖြေလိုက်ပါတယ်။ 
  သူဟာ ထောပတ်လည်း ဝယ်ချင်ပါတယ်။ 
  ဆိုင်ရှင်က  ”ထောပတ်လိုချင်ပါသလား ”လို့ မေးပြန်ပါတယ်။
  အဲဒီလူက ဆန့်ကျင်ပြောနေကျအတိုင်း
 “ ဟင့်အင်း ”
  လို့သာ ပြန်ဖြေခဲ့ပါတယ်။
  “ ဟာ ဒီလိုဆိုရင် ကျနော်ခင်ဗျားအတွက် 
ရောင်းပေးနိုင်တာ ဘာမှ မရှိတော့ပါဘူး ”
  လို့ဆိုင်ရှင်ကပြောပါတယ်။
  အဲဒါကြောင့်
“ဦးဟင့်အင်း ”
  ဟာလက်ထဲမှာ ဘာမှမဝယ်ဘဲ ပြန်ခဲ့ပါတယ်။
  သူလိုချင်တဲ့အရာ ဘာမှ မရခဲ့ပါ။ 
  ဘာကြောင့်ဆိုတော့ သူဟာသူလုပ်ချင်တဲ့ ဆန္ဒနဲ့ 
လုပ်လေ့ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
  သူဆာလောင်တဲ့အခါ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးကို
 ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။
  ရေဆာတဲ့အခါ ရေခွက်ကို ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။
  အိပ်ချင်တဲ့အခါ အိပ်ရာပေါ်ကို ရေတွေ လောင်းချတတ်ပါတယ်။
  တစ်နေ့မှာ
“ဦးဟင့်အင်း ” ရဲ့အိမ်တံခါးကို 
တစ်ယောက်ယောက် လာခေါက်ပါတယ်။
  “ဦးဟင့်အင်း ”
  ရှိပါသလားလို့ အသံထွက်လာပါတယ်။
  “ဦးဟင့်အင်း ”က မရှိဘူးလို့ ပြန်ဖြေပါတယ်။ 
  တံခါးခေါက်တဲ့အမျိုးသမီးက 
အထဲမှာလူရှိမှန်းသိလို့ တံခါးဖွင့်ပြီး ဝင်လာပါတယ်။
  အလွန်ချောမောလှပတဲ့ မိန်းကလေးတစ်ဦးဟာ 
  စားစရာခြင်းတောင်းဆွဲပြီး ဝင်လာခြင်းဖြစ်ပါတယ်။
  သူမဟာ ဘာမှ မေးမနေတော့ပါ။ 
  ပါလာတဲ့ ပေါင်မုန့်၊ထောပတ်၊ ဝက်အူချောင်းတွေကို ထုတ်ပြီး စားဖို့ပြင်ပါတယ်။
  အဲဒီအခါ
“ဦးဟင့်အင်း ”ဟာ 
အမျိုးသမီးလေးဘေးတွင် ဝင်ထိုင်ပြီး စားပါတယ်။ 
  သူတို့နှစ်ဦးဟာ အတူတူ နေ့လည်စာ အဝစားကြပါတယ်။
  အားလုံးစားပြီးတဲ့အခါ အမျိုးသမီးက 
  “ နောက်တစ်ကြိမ် ကျမလာရဦးမလား ”
  လို့မေးပါတယ်။
  ဒီတစ်ခါတော့ ဦးဟင့်အင်း က
“ အေး ”
လို့ပြန်ဖြေလိုက်ပါတော့တယ်။