Friday, October 8, 2010

“ ကိုယ်ချင်းစာနာခြင်း…. ”



လူငယ်တစ်ဦးဟာ သူ အလုပ်လုပ်နေတဲ့ လုပ်ငန်းမှ

ဒေါ်လာရာပေါင်း တော်တော်များများကို လျှို့ဝှက်စွာ အလွဲသုံးစားပြုခဲ့ပါတယ်။

စစ်ဆေးသိရှိသွားသောအခါ အထက်အရာရှိက

ထိုလူငယ်အား သူ့ရုံးခန်းကို ခေါ်ပါတယ်။

လူငယ်ကချက်ချင်းသိလိုက်တာကတော့ သူ့အားအလုပ်ရှင်က

အလုပ်ဖြုတ်ပြီး ထောင်ချတော့မယ်ဆိုတာပါပဲ။

အလုပ်ရှင်နဲ့တွေ့သောအခါ အလုပ်ရှင်က

မင်းမှာ အပြစ်ရှိသလား

လို့မေးပါတယ်။လူငယ်က အပြစ်ရှိကြောင်း ဝန်ခံပါတယ်။

အဲဒီနောက်မှာတော့ အလုပ်ရှင်ရဲ့စကားက

သောကရောက်နေတဲ့ လူငယ်ကိုအံ့သြသွားစေခဲ့ပါတယ်။

မင်းကို လက်ရှိတာဝန်ဆက်ပေးရင် နောက်ပိုင်းမှာ

ငါ မင်းအပေါ် ယုံကြည် လို့ရနိုင်မလား? လို့အလုပ်ရှင်ကမေးပါတယ်။

အံအားသင့်နေတဲ့ လူငယ်က

ဟုတ်ကဲ့ပါဆရာ၊ အသေအချာ ယုံကြည်နိုင်ပါတယ်။

ကျနော် ကောင်းကောင်း သင်ခန်းစာရပါပြီလို့ ပြန်ဖြေလိုက်ပါတယ်။


လူငယ်ရဲ့ တကယ်နောင်တရသွားတဲ့ စိတ်ရင်းကို သိမြင်လိုက်တဲ့ အလုပ်ရှင်က

ငါ မင်းကို အပြစ်မယူပါဘူး။

လက်ရှိတာဝန်ကို ဆက်လုပ်ပါ။

ပြီးတော့ မင်းသိသင့်တာ တစ်ခုရှိသေးတယ်။

ဒီအလုပ်မှာ အခုလို စိတ်မထိန်းနိုင်လို့

ကျူးလွန်ပြီး အမှုပြန်ပေါ်တာမင်းဟာ ဒုတိယလူပါ။

ငါ က ပထမဆုံးဖြစ်ခဲ့တဲ့လူပါ။

မင်းလုပ်ခဲ့တာမျိုး ငါလုပ်ခဲ့ဖူးပါတယ်။

မင်း အပေါ်ငါက သနားခံခဲ့သလို ငါလည်း အသနားခံရဖူးပါတယ်။

ဒို့ နှစ်ယောက်လုံး ချမ်းသာရတာ ဘုရားရဲ့ကျေးဇူးကြောင့်ပါပဲ။

လို့ပြောလိုက်ပါတယ်။



အကောင်းဆုံး မေတ္တာပြနိုင်သူတွေဟာ

သူတို့အပေါ် မေတ္တာပြမှုကို အကောင်းဆုံး သိခဲ့သူများဖြစ်ပါတယ်။

ခွင်လွှတ်တတ်သူတွေဟာ ခွင့်လွှတ်ခံခဲ့ရသူများလည်းဖြစ်ပါတယ်။

“ ညီညွှတ် မျှတမှု…”



လမ်းလျှောက်ဖို့အတွက်

ခြေတစ်ဖက်ဟာ မြေကြီးပေါ်တွင် ရှိပြီး

အခြားတစ်ဖက်ဟာ လေထဲတွင်ရှိရပါမယ်။

(ရှေ့ကို တစ်လှမ်းချင်း တိုးတက်နေပေလိမ့်မယ်။)


အကယ်၍ သာ ခြေနှစ်ဖက်စလုံး

မြေကြီးပေါ်တွင် ရှိနေရင်

သင်ဟာ မရွေ့လျားနိုင်ပါ။

(မူလနေရာမှာပင် ရှိနေပါမယ်။)


အကယ်၍ သာ သင်ရဲ့ ခြေနှစ်ဖက်စလုံး

လေထဲရောက်နေခဲ့လျှင်လည်း

သင်ဟာ မှောက်ရက်လဲကျနိုင်ပါတယ်။

(အလျင်အမြန်လိုနေခြင်းဖြစ်နိုင်ပါတယ်။)



ဘာဘဲဖြစ်ဖြစ်

အချိန်နဲ့အမျှ

ရှေ့ကို တိုးတက်နေဖို့လိုပါတယ်။


“ တီထွင်ဖန်တီးမှု စွမ်းရည်…”




နံပါတ် ရှစ်ရဲ့ တစ်ဝက်ဟာ ဘယ်လောက်လဲလို့

တစ်ဦးဦးကမေးခဲ့ရင် သင်ဘယ်လိုဖြေမလဲ

(ပုံမှန်အဖြေကတော့ လေး လို့ဖြေကြပါလိမ့်မယ်။)


အဖြေက သုညဖြစ်တယ်လို့ ပြောရင်

အဓိပ္ပာယ်မရှိတဲ့ အဖြေလို့ ထင်စရာရှိပါတယ်။

ဒါပေမယ့် အဓိပ္ပာယ်မရှိလိုက်တာလို့ မပြောလိုက်ပါနဲ့ဦး။

ခဏစဉ်းစားကြည့်ပါဦး။

နံပါတ်ရှစ်ကို စဉ်းစားကြည့်ပါ။

(အင်္ဂလိပ် ဂဏန်း{ 8 }ကို စဉ်းစားကြည့်ပါ)

{ 8 }ဂဏန်းဟာ{ 0 }နှစ်လုံးထိထားခြင်းဖြစ်ပါတယ်။

{ 0 }တစ်လုံးအပေါ် အခြား{ 0 }တစ်လုံးကို တင်ထားခြင်းဖြစ်ပါတယ်။

ဒါကြောင့် တစ်ဝက်မှာ{ 0 } ဖြစ်တယ်လို့ဆိုရင် မမှားပါ။


နောက်တစ်နည်း စဉ်းစားကြည့်ရအောင်လား။


{ 8 } ဂဏန်းကို အလယ်တည့်တည့်မှ ဒေါင်လိုက်ခွဲကြည့်ပါ။

အချင်းချင်း မျက်နှာချင်းဆိုင်နေတဲ့ အင်္ဂလိပ်ဂဏန်း { 3 }နှစ်ခု ရလာပါလိမ့်မယ်။

အဲဒီအမြင်ရှု့ထောင့်မှ ကြည့်ပြန်ရင်း { 8 }ရဲ့တစ်ဝက်မှာ 3ဖြစ်နေပြန်ပါတယ်။


ကြည့်နေကျ ကိစ္စတစ်ခုကို အမြင်သစ်ဖြင့် ကြည့် လိုက်ပါ။

မြင်နေကျ ကိစ္စတွေကို ခြားနားတဲ့ အမြင်ဖြင့် မြင်ကြည့် လိုက်ပါ။

ကျနော်တို့ဟာ ဆန်းသစ်တဲ့ တွေ့ရှိချက်အမျိုးမျိုးကို တွေ့မြင်လာပါလိမ့်မယ်။

အရိုးစွဲနေတဲ့ အမြင်ဟောင်း၊အမြင်ရိုးတွေကို

အမြင်သစ်၊ ဆန်းသစ်တဲ့အမြင်များဖြင့် မြင်နိုင်ပါလိမ့်မယ်။

စိတ်ကူးဟောင်း၊ အမြင်ဟောင်းများကို

ဆန်းသစ်တဲ့ ပေါင်းစပ်မှု နှင့် ပေါင်းစပ်ကြည့်နိုင်ပါတယ်။

အဲဒီလို ပေါင်းစပ်တီထွင်လိုက်ခြင်းအားဖြင့်

အရင်တုန်းက မရှိခဲ့သေးတဲ့ အသစ်အဆန်းတွေ ရရှိလာပါလိမ့်မယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com