စီးပွားရေးပညာရှင် တစ်ဦးက 
စီးပွားရေးလုပ်ငန်းရှင်များကို ဟောပြောရပါတယ်။
 
စီးပွားရေးပညာရှင် က 
စက္ကူဖြူအကြီးကြီးတစ်ချပ်ကို ယူလိုက်ပါတယ်။
 အဲဒီစက္ကူဖြူပေါ်မှာ အမည်းစက် တစ်စက်ရေးပြီး
ရှေ့တန်းတွင် ထိုင်နေသူတစ်ဦးအား
“ဘာမြင်သလဲ ”
လို့မေးပါတယ်။
လူတစ်ယောက်က ချက်ချင်းဖြေပါတယ်။ .................... “အမည်းစက်” ၊
နောက်တစ်ယောက်ကလည်း................................. “အမည်းစက်” ၊
ဟောပြောသူစီးပွားရေးပညာရှင်က
လာရောက်နားထောင်သူ အားလုံးကို
”ဘာမြင်ပါသလဲ”
ဆိုတဲ့ မေးခွန်းကို မေးပါတယ်။
 
လူတိုင်းက
“အမည်းစက်”
ကိုသာမြင်တယ်လို့ ဖြေကြပါတယ်။
စီးပွားရေးပညာရှင်က အေးအေးသာသာ လေးလေးနက်နက်ထားပြီး 
ပြောလိုတဲ့အချက်ကို မီးမောင်းထိုးပြပါတယ်။
“ ဒီမှာတက်ရောက်လာသူတိုင်း တွေ့မြင်တဲ့အမည်းစက်ငယ်ငယ်လေးရှိပါတယ်။
အားလုံးက မမှားပါဘူး။
 ဒါပေမယ့်  တက်ရောက်လာသူတိုင်း 
စက္ကူဖြူ အချပ်ကြီးကိုတော့ တစ်ယောက်မှ မပြောကြဘူး။
 စီးပွားရေးဆိုတာ
 မြင်ပေမယ့် သတိမထားမိတဲ့ အချက်ကို 
လုပ်တတ်ဖို့ပါပဲ။ ”
လို့ ပြောလိုက်ပါတယ်။

 
 

No comments:
Post a Comment