Friday, October 8, 2010

“ ကျေးဇူးရှင်...”



တစ်နေ့တွင် သမ္မတရာထူးအတွက်
ဝင်ရောက်ယှဉ်ပြိုင်မယ့် လင်ကွန်း ဟာ

ဖီလာဒဲလ်ဖီးယားပြည်နယ်နေ
ချာတိတ်မလေးတစ်ယောက်ဆီက စာတစ်စောင်ရခဲ့တယ်။


ကောင်မလေးရေးထားတာက .....

`မစ္စတာလင်ကွန်းရှင့်....
ကျမဟာ လူကြီးမင်းအား အလွန်လေးစားပါတယ်။
လူကြီးမင်း ကို သမ္မတဖြစ်စေချင်ပါတယ်။
ဒါပေမယ့် လူကြီးမင်း သမ္မတဖြစ်မှာ မဟုတ်ဘူးလို့ ကျမထင်နေပါတယ်။
အကြောင်းကတော့
လူကြီးမင်းရဲ့ ရုပ်ဟာ ထူးခြားမှုမရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

တကယ်လို့ လူကြီးမင်းဟာ ပါးသိုင်းမွှေးထားလိုက်မယ်ဆိုရင်တော့
သူများထက်ထူးခြားလာမှာဖြစ်ပြီးတော့
အားလုံးရဲ့အာရုံစိုက်မှုကို ခံရမယ်လို့ထင်မိပါတယ်။

လင်ကွန်းက အနည်းငယ်စဉ်းစားပြီးပါးသိုင်းမွှေးထားလိုက်ပါတယ်။
ရွေးကောက်ပွဲ မှာ လင်ကွန်းအနိုင်ရပြီး
သမ္မတဖြစ်လာပါတယ်။

သိပ်မကြာခင်မှာပဲ လင်ကွန်းဟာ
လူထုအစည်းအဝေးတစ်ခုမှာ မိန့်ခွန်းပြောဖို့အတွက်
ဖီလာဒဲလ်ဖီးယားပြည်နယ်သို့ခရီးထွက်ခဲ့တယ်။
မိန့်ခွန်းပြောနေရင်း
ချာတိတ်မလေးရဲ့စာကို သတိရပြီး

“ ဒီနေ့ ကြွ
ရောက်လာသူများအထဲမှာ ဟောဒီစာကို ရေးတဲ့
သူငယ်မလေး ရှိ
ပါသလား?

လို့မေးလိုက်တယ်။

ထိုကောင်မလေးကလည်း ပရိသတ်ကြားထဲက ထွက်လာပြီး
စင်မြင့်ပေါ်တင်လာခဲ့ပါတယ်။
ချာတိတ်မလေးကို လင်ကွန်းက မ,ချီလိုက်ပြီး
ပရိသတ်ကို ပြောလိုက်တာကတော့......

` ဒီကလေးမလေးဟာ ကျနော်ရဲ့ကျေးဇူးရှင်ပါ။
သူမကြောင့် ကျနော် သမ္မတဖြစ်လာတာပါ.... ´

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com