Tuesday, January 3, 2012

"မြန်မာနဲ့အမေရိကန်ဘာကွာခြားသလဲ..."





အမေရိကန်နိုင်ငံတွင် လပေါင်းများစွာသာသနာပြုလုပ်ငန်းကိုလုပ်ကိုင်ပြီးနောက်
မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့နိုင်ငံကျော်ဆရာတော်တစ်ပါးကို
မြန်မာနိုင်ငံသူ-သားတွေကမေးခွန်းတစ်ခုမေးပါတယ်။
မြန်မာနိုင်ငံကလူတွေနဲ့အမေရိကန်(နိုင်ငံသားစစ်စစ်)ကလူတွေဘာကွာခြားပါသလဲ
ကလေးဆိုရင်ကလေးချင်း၊
လူကြီးဆိုရင် လူကြီးချင်း
ခြားနားချက်ကိုနှိုင်းယှဉ်ပြပါလို့မေးကြပါတယ်။
ဆရာတော်ပြန်ဖြေတာက
မြန်မာနိုင်ငံကလူတွေက နူတ်ဆောင်အားဖြင့်တော့တော်တော်ကောင်းကြတယ်။
သုံးတန်း၊လေးတန်း၊အရွယ်ရောက်လာတယ်ဆိုရင်ပဲ
ကံငါးပါးနဲ့ပတ်သက်တဲ့
“ပါဏာတိပါတာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ”
သူ့အသတ်ကိုသတ်ခြင်းမှရှောင်ကြဉ်ပါ၏။
သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
ဆိုတဲ့ငါးပါးသီလကိုအလွတ်ရွတ်ဆိုနေကြပြီ။
နူတ်ဆောင်မှာတော့အလွန်ကောင်းကြတယ်။
အမေရိကန်နိုင်ငံသားတွေကတော့
“ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ”
ကိုမဆိုဖူးကြပါဘူး။
သရုပ်ဆောင်အားဖြင့်တော့
အမေရိကန်နိုင်ငံကလူတွေက
နိုင်ရင် နိုင်သလို ပိုးဟပ်တွေ၊ပုဇဉ်းတွေ၊လိပ်ပြာတွေ လိုက်သတ်တဲ့အလုပ်ကို မလုပ်ကြဘူး။
မြန်မာနိုင်ငံကလူတွေက တစ်နိုင်တစ်ပိုင်တော့ဖြင့် သတ်နေကြပြီ။
အားလေးနည်းနည်းရှိတဲ့အရွယ်ရောက်လာရင် ပုရွက်ဆိတ်တွေကို သတ်နေပြီ။
သရေကွင်းပစ်တတ်တဲ့အရွယ်ရောက်လာရင်
ပိုးကောင်တွေ၊လိပ်ပြာတွေ၊ပုဇဉ်းတွေကိုလိုက်ပစ်သတ်နေပြီ။
လေဂွကိုင်တတ်တဲ့အရွယ်ရောက်ရင် ငှက်တွေကိုသတ်နေပြီ။
ဒူးလေးကိုင်နိုင်တဲ့အရွယ်ရောက်ရင် သမင်နဲ့သားကောင်တွေကိုသတ်နေပြီ။
သေနတ်ကိုင်နိုင်တဲ့အရွယ်ရောက်ရင် လူတွေကိုသတ်တော့တာပဲ။(ရီသံများ)
++++++++++++++++++
အမေရိကန်နိုင်ငံသားတွေက သေနတ်တွေကိုလူတိုင်းကိုင်ဆောင်ခွင့်ရှိပေမယ့်
လူသတ်ခွင့်မရှိဘူး။တိရိစ္ဆာန်တွေကိုလည်းသတ်ခွင့်မရှိဘူး။
တောရိုင်းတိရိစ္ဆာန်တွေနဲ့လူတွေနဲ့ယဉ်ပါးနေကြတာကိုကြည့်ခြင်းဖြင့်
မသတ်ကြတာကို သိနိုင်တယ်။
အမေရိကန်ကလူတွေက ငါးပါးသီလဆိုတာဘာမှန်းတောင်သိကြတာမဟုတ်ဘူး။
မသိပေမယ့် ရှောင်ကြဉ်ကြတယ်။
ထိမ်းသိမ်းကြတယ်။စာနာကြတယ်။
စည်းကမ်းနဲ့ဥပဒေကိုလေးစားကြတယ်။
ဥပဒေရဲ့အောက်မှာ လူတိုင်းရှိကြတယ်။
အမေရိကန်နိုင်ငံသားတွေအားလုံးဟာ သူ့တို့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလေးစားကြတယ်။
သမ္မတလည်း ဥပဒေရဲ့အောက်မှာ ရှိနေကြတာကိုသိသလို
ပြည်သူ့တွေအားလုံးလည်း ဥပဒေရဲ့အောက်မှာ အေးချမ်းစွာနေထိုင်ကြတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com