Thursday, April 21, 2011

" မကိုက်ဘူး၊ ရှုံးတယ်တဲ့ဗျာ..."


ကျနော် ကော့သောင်မြို့မှာ ဆေးခန်းဖွင့်စဉ်တုန်းက
အဖြစ်အပျက်တစ်ခုပါ။
တစ်နေ့မှာ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုမြသီက
မကျေမနပ်နဲ့ဆေးခန်းကိုရောက်လာပါတယ်။
သူကိုကြည့်ရသည်မှာ ဒေါသထွက်နေတယ်။
မျက်နှာကလည်း နီရဲနေတယ်။
သွေးပေါင်ချိန်ကြည့်တော့
ကြောက်ခမန်းလိလိ သွေးတိုးနေတာကိုတွေ့ရတယ်။
သွေးတိုးရောဂါရှိနေသူမို့ အငန်တွေလျော့စားဖို့လည်း
အကြိမ်ကြိမ်သတိပေးထားပါရက်နဲ့
ဘာကြောင့်များသွေးတွေတိုးနေပါလိမ့်။
သွေးကျဆေးလည်း ပုံမှန်ပေးထားတယ်။
ဆေးများမသောက်တာလား။

" ကဲ...ကိုမြသီ ခင်ဗျားဘာဖြစ်လာတာလဲ"

" မပြောချင်ပါဘူးဆရာရယ်"

" မပြောချင်လို့မရဘူးလေ၊
အခုခင်ဗျားသွေးတွေအရမ်းတက်နေတယ်။
ဒီလိုသာ သွေးတက်နေရင်
ခင်ဗျားအချိန်မရွေးလေဖြတ်သွားနိုင်တယ်၊ သိလား"

'' ဒီလိုဗျာ၊
ကျနော့်စက်လှေအတွက် အဖွဲ့အစည်းကငွေတောင်းတယ်ဆရာ၊
ကျပ်-သိန်းတစ်ရာတဲ့ဗျာ၊

ကျနော်က သိန်းငါးဆယ်ကျပ်သာတတ်နိုင်တဲ့အကြောင်းပြောတော့

သိန်းငါးဆယ်ဆိုရင် မကိုက်ဘူးတဲ့၊
အဲဒီလောက်သာဆိုရင် သူတို့ရှုံးတယ်တဲ့ဗျာ၊
ဘာတွေရင်းနှီးထားလို့ရှုံးတယ်
ဆိုတာကျနော်စဉ်းစားလို့မရဘူး၊

စဉ်းစားရင်း၊
စဉ်းစားရင်းနဲ့
ဒေါသကထွက်လာပြီး
သွေးတက်သွားတာလားမသိဘူးဆရာ"

တဲ့။

" အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဆိုတာ..."




" ကျွန်ုပ်တို့စိတ်ဟာ

လက်ငင်းလက်တွေ့ဘဝကိုသာအာရုံပြုထားနိုင်မယ်ဆိုရင်

ကြောက်စိတ်တို့ကို ဖယ်ရှားနိုင်လိမ့်မယ်။

ကြောက်စိတ်ဆိုတာ မဖြစ်သေးသောကိစ္စကို ပူပန်ကြောင့်ကြခြင်းဖြစ်တယ်။

ကြောက်စိတ်ကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ

မျက်မှောက်ကိစ္စကို အာရုံပြုရန်ဖြစ်ပါတယ်။

ကျနော်ဘဝမှာ ကြောက်ရွံ့ဆိုးဝါးစရာတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။

အဲဒီအထဲက တချို့ပဲ တကယ်ဖြစ်ခဲ့တယ် "

လို့အမေရိကန်စာရေးဆရာ မတ်တိန်း ကပြောခဲ့ဖူးပါတယ်။

+++++

ကျနော်တို့က ဘာလုပ်ပေးခဲ့တယ်

ဆိုတဲ့ကိစ္စက အရေးမကြီးပါဘူး။

တစ်ချိန်ချိန်မှာ

တစ်ယောက်ယောက်ကို

တစ်ခုခုလုပ်ပေးနိုင်တယ်

ဆိုတဲ့စိတ်ဓာတ်က အရေးကြီးပါတယ်။

+++++

အကြင်နာစိတ်ထား၊

ပွားများနိုင်ကြပါစေ။

+++++

" လူတစ်ယောက်ရဲ့အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဆိုတာ သူ့ရဲ့သတ္တိပါပဲ။

သတ္တိသာရှိခဲ့မယ်ဆိုရင် အခြေအနေတွေ ဘယ်လောက်ပဲ မဲမှောင်နေပါစေ၊

အမှောင်ကိုခွင်းနိုင်ပါတယ် "

အဲဒီစကားတွေကို

အမေက စိတ်ဓာတ်ကျလာတဲ့အခါတိုင်းမှာ

ပြောခဲ့ပါတယ်။

အမေပြောတဲ့အခါတိုင်းမှာလည်း

စိတ်ဓာတ်တွေပြန်တက်လာစမြဲပါပဲ။

" အနီးကိုလည်း အာရုံစိုက်ပါအုန်း..."


တစ်ခါတုန်းက

နက္ခဗေဒပညာရှင်တစ်ဦးရှိပါတယ်။

သူ့ရဲ့နာမည်ကတော့ မင်းအောင်ဟိန်းလို့ခေါ်ပါတယ်။

သူဟာ ကောင်းကင်ရှိ ကြယ်တွေ၊ဂြိုလ်နက္ခတ်တွေကို

ကြည့်ရှု့လေ့လာဖို့ ညတိုင်းလမ်းလျှောက်တတ်ပါတယ်။

တစ်ညမှာတော့ ကောင်းကင်ရှိ ကြယ်တွေ၊ဂြိုလ်နက္ခတ်တွေကို

ငေးကြည့်ရင်း ရေတွင်းတစ်ခုထဲကို ကျသွားပါတော့တယ်။

အော်ပြီးအကူအညီတောင်းသံကို အိမ်နီးချင်းတစ်ယောက်

ဖြစ်တဲ့ ကိုအောင်တင်ဝင်း ကကြားပြီး

ရေတွင်းဆီကို ပြေးလာပါတယ်။

ကိုအောင်တင်ဝင်းက

“ ဟေ့ သူငယ်ချင်း ဘာဖြစ်တာလဲ ”


မင်းအောင်ဟိန်းက

“ ဟာ မပြောချင်ပါဘူး၊

ကောင်းကင်ကိုမော့ကြည့်ရင်း

ရေတွင်းထဲ ပြုတ်ကျသွားတာပါပဲ”


အကြောင်းသိနေတဲ့ သူငယ်ချင်းဖြစ်သူ ကိုအောင်တင်ဝင်း

က တဟားဟားရယ်မောပါတယ်။

ပြီးတော့ ပြောလိုက်တာက

“ မင်းက

မင်းခြေမရဲ့ရှေ့ဖက် တစ်လက္မလောက်ကိုတောင်

မမြင်နိုင်ဘဲ

ဟိုးအဝေးကြီးကအကြောင်းအရာကို

အာရုံစိုက်လွန်းတာကိုးကွ”

တဲ့။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com