Monday, August 15, 2011

" အင်အားအကြီးဆုံးကုသိုလ်..."



လူတိုင်းမှာ
တကယ်မလုပ်မဖြစ်တဲ့အလုပ်

တစ်ခုပဲရှိတယ်။
ကိုယ့်အကြောင်းကို ကိုယ်သိဖို့ပဲ။

+++++++++++++++++++++++++++++++++++

ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ
ကိုယ့်ရဲ့အကောင်းဆုံးအရည်အချင်းတွေ
ထွက်လာဖို့ အဓိကအကြောင်းဖြစ်တယ်။

+++++++++++++++++++++++++++++++++++

ကိုယ့်စိတ်ကို ကိုယ်သိလာတဲ့အခါ
အင်မတန် ကြီးမားတဲ့အင်အား တစ်ခုကိုတွေ့ရတယ်။
ချီးမွမ်းတာ၊ကဲ့ရဲ့တာကို မကြောက်တော့ဘူး။
ဘာကိုမှ မကြောက်တဲ့စိတ်ကို ရတယ်။

+++++++++++++++++++++++++++++++++++

ကိုယ့်စိတ်ကို ကိုယ်သိနေတဲ့သူဟာ
အကျိုးရှိတာကို ဦးစားပေးတယ်။
လုပ်သင့်တာတွေကို ပိုလုပ်ဖြစ်တယ်။

+++++++++++++++++++++++++++++++++++

သတိကြီးတဲ့သူ၊
သမာဓိကြီးတဲ့သူ၊
ဉာဏ်ပညာကြီးတဲ့သူရဲ့စိတ်မှာ
Power ရှိတယ်။

+++++++++++++++++++++++++++++++++++

ကောင်းမှုကုသိုလ်တွေ အမျိုးမျိုးရှိတဲ့အထဲမှာ
တကယ်အကျိုးအများဆုံး၊
အင်အားအကြီးဆုံးကုသိုလ်ဟာ
မမေ့မလျော့ သတိနဲ့နေတာ။

+++++++++++++++++++++++++++++++++++

သတိမြဲလာလေလေ၊
အသက်ဝင်လာလေလေ။

+++++++++++++++++++++++++++++++++++

ဘာဘဲလုပ်လုပ်၊
ဘာဘဲတွေးတွေး၊
အချိန်မရွေး၊
အခါမရွေး၊
သတိနဲ့နေရတာ
အကောင်းဆုံးပဲ။

+++++++++++++++++++++++++++++++++++

သတိနဲ့နေတဲ့သူဟာ
အပိုအလို မရှိပြောတယ်။
တည်တည်ငြိမ်ငြိမ်၊
အေးအေးချမ်းချမ်း ရှိတယ်။

+++++++++++++++++++++++++++++++++++

သတိရှိနေခြင်းသည်ပင်လျှင်
စိတ်ဓာတ်နဲ့အသိဉာဏ်ကို
မြှင်ပေးထားတာနဲ့တူတယ်။

+++++++++++++++++++++++++++++++++++

တွေးမိတိုင်းပျော်တယ်…စာအုပ်မှ
( ဆရာတော် ဦးဇောတိက )
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com