Tuesday, May 31, 2011

" ဘာကြောင့်ပြောင်းလဲသွားပါလိမ့်..."


ကျနော်ငယ်ငယ်တုန်းက

ပန်းခင်းတွေထဲဖြတ်ပြီးမကြာခဏ ခရီးသွားဖူးပါတယ်။

ပန်းတွေရဲ့အလှကို မခံစားတတ်ပါ။

လက်ထဲမှာ ပါလာတဲ့ တုတ်တစ်ချောင်းနဲ့

ဟိုရမ်းဒီရမ်းလုပ်တတ်ပါတယ်။

ပန်းပွင့်တွေကို ပျက်စီးစေချင်တာမျိုးလည်းမဟုတ်ပါပဲ

လက်ဆော့တတ်ပါတယ်။

ဒီလိုလုပ်ရင် ဘာတွေဖြစ်မလဲဆိုတာကို

သိချင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျနော့်ရဲ့တုန်ချက်ကြောင့်

ပန်းပွင့်တွေ ကြွေကျပျက်စီးကုန်ပါတယ်။

ပန်းပွင့်တွေ ပြန့်ကျဲပြီး ကြွေကျတာကို

ကြည့်ပြီး ပျော်ခဲ့ဖူးပါတယ်။

ပန်းပိုင်ရှင်လိုက်တဲ့အတွက်လည်း ပြေးခဲ့ဖူးပါတယ်။


နောက် နည်းနည်း အသက်အရွယ်

ရောက်လာတဲ့အခါမှာ

ငယ်ငယ်တုန်းကလို

လက်ဆော့ဖျက်ဆီးတာမျိုးကို မလုပ်ချင်တော့ပါ။

လှတဲ့ပန်းလေးတွေကိုခူးပြီး

ပန်းအိုးမှာ အလှထိုးတတ်လာပါတယ်။

ပန်းတွေကို ခူးပြီး ဘုရားမှာ

ပန်းကပ်တာတွေလည်း လုပ်တတ်လာပါတယ်။


အခုတော့

အသက်အရွယ်ကြီးပြီးလို့ဆိုရမလားမသိပါ။

ပန်းတွေကို မဖျက်ဆီးချင်တတ်သလို

ပန်းတွေကိုလည်း မခူးချင်တော့ပါ။

ပန်းလေးတွေကို

သဘာဝအတိုင်း သူ့အပင်ပေါ်မှာပဲ

ပွင့်နေစေချင်တယ်။

လှနေစေချင်တယ်။

သူ့သဘာဝအတိုင်း လှပနေတာကိုပဲ

ကြည့်ပြီးကြည်နူးနေချင်မိတယ်။


ပန်းပွင့်တွေဟာ ပန်းပင်ပေါ်မှာပဲ

သဘာဝအတိုင်း လှပနေတာကို

ကြည့်ကြည့်ပြီး

ပိုပိုပြီးကြည်နူးနှစ်သက်ရတာကိုက

အဓိပ္ပာယ်ရှိလာတယ်လို့

ပိုပိုပြီး ထင်လာမိပါတယ်။


အသက်အရွယ်ကြောင့်လား၊

အသိဥာဏ်ကြောင့်လား၊

ဘာကြောင့်များပြောင်းလဲသွားပါလိမ့် !



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com