Friday, August 17, 2012

"အားမနာနိုင်တော့ဘူး..."




တစ်ခါတုန်းက စိုးမင်းဟာ ကားမောင်းလိုင်စင်ရဖို့အတွက် အကြိမ်ကြိမ်ကြိုးစားရတယ်။
နောက်ဆုံးတော့မှ ကားမောင်းလိုင်စင်ကို ရလာတယ်။ 
လိုင်စင်ရပြီးနောက်မှာတော့ အချစ်ဆုံးသူငယ်ချင်း သုံးယောက်ကို 
သူနဲ့အတူ ကားလိုက်စီးဖို့ခေါ်ပါတယ်။
သူငယ်ချင်းတွေကလည်း အားနာပါးနာနဲ့လိုက်လာပါတယ်။
စိုးမင်းဟာ ကားမောင်းလည်းမကျွမ်းကျင်သေးပဲနဲ့ ကားကို အရှိန်မြှင့်မောင်းတဲ့အတွက်
သူငယ်ချင်းဖြစ်သူတင်ဝင်းအောင်က ရင်တုန်ပန်းတုန် ဖြစ်လာပြီး ကားကို အတင်းရပ်ခိုင်းပြီး
ကားပေါ်က ဆင်းသွားပါတယ်။ 
ဆက်မောင်းလာရာ ကားမောင်းမကျွမ်းကျင်တဲ့အတွက် ကျန်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့လှမင်းသိန်းနဲ့မောင်မောင်လတ်တို့လည်း
 ကြောက်ကြောက်လန့်လန့်နဲ့ ကားပေါ်က ဆင်းသွားကြပြန်ပါတယ်။
စိုးမင်းက “တော်တော်သူရဲဘောကြောင်တဲ့အကောင်တွေပဲ။ 
သွားကြစမ်းပါစေ၊ သူတို့မပါလည်း ဘာဖြစ်လဲ။
ငါရဲ့ကိုယ်စောင့်နတ်က ငါ့ကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးမှာပဲ…” ဆိုပြီး တစ်ဦးတည်း ရေရွတ်ကာ ကားကို ဆက်မောင်းပါတယ်။ 
မကြာမီအချိန်မှာပင် စိုးမင်းရဲ့ပခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သလို စိုးမင်းခံစားရပါတယ်။ တစ်ဆက်တည်းမှာ စကားပြောသံကိုလည်း ကြားလိုက်ရပါတယ်။
“ငါဟာ မင်းရဲ့ကိုယ်စောင့်နတ်ပဲ။
 ငါလည်း ကားပေါ်က ဆင်းပါရစေ”


"ပန်းကမ္ဘာထဲက အဖြစ်အပျက်..."



တစ်ခါတုန်းက ကိုတင်ဝင်းဟာ ဆေးဝယ်ပြီး ပန်းကမ္ဘာဆိုတဲ့ဆေးဆိုင်မှ ထွက်လာတယ်။
ဆေးရောင်းသူ မဥမ္မာခင်ဟာ ကိုတင်ဝင်းရဲ့နောက်ကို ပြေးလိုက်လာပါတယ်။
“ခဏနေပါအုန်း၊
စောစောက ရှင် ကျမတို့ဆိုင်က ချောင်းဆိုးပျောက်ဆေး ဝယ်သွားတယ်။
အဲဒီဆေးကို ပြန်ပေးပါရှင်”
“ဘာဖြစ်လို့လဲ”
“ကျမဆေးမှားပြီး ဝမ်းနုတ်ဆေး ပေးလိုက်မိလို့ပါ”
“ကျနော် သောက်လိုက်ပြီဗျ”
“အဲဒါဆို နောက်ထပ် ငွေ တစ်ရာ ထပ်ပေးပါ”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com