Sunday, April 17, 2011

" မိတ်ဆွေကောင်းလိုချင်ရင်..."


တစ်ဦးသိတာကို နောက်တစ်ဦးကို မျှပေးလို့

လူ့လောကကြီး

တိုးတက်လာတာပါ။

အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတာပါ။

+++++

အဖော်မဲ့အထီးကျန်ဖြစ်ဖို့ရာ

အရင်းခံ အကြောင်းဟာ

အတ္တစွဲပါပဲ။

+++++

မာန သိပ်ကြီးသွားရင်

အဖော်မဲ့သွားတယ်။

လူမသိအောင် ဖုံးရတာတွေ များရင်လည်း

အဖော်မဲ့ အထီးကျန်ဖြစ်တယ်။

+++++

လူ့လောကမှာနေပြီး

ကိုယ့်ကိုယ်တိုင်လူဖြစ်တဲ့အတွက်ကြောင့်

အရေးအကြီးဆုံးက

လူ့အကြောင်းနားလည်ဖို့ပါ။

+++++

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်

လုပ်တာဟာ သူများမဟုတ်ပါဘူး။

ကိုယ့်စိတ်ပါ၊

ကိုယ့်အတွေးပါ။

ကိုယ့်သဘောထားမှားနေလို့ပါ။

ကိုယ့်အတွေးအခေါ်တွေ မှားနေလို့ပါ။

ကိုယ့်စိတ်ကို ကိုယ် နားမလည်လို့ပါ။

ကိုယ့်စိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့

ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။

+++++

နေ့စဉ်နေ့တိုင်း

ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့

နေသွားမယ်ဆိုရင်

အလိုအလျှောက်ပဲ ကောင်းတဲ့ဘက်ကို

တိုးတက်လာမယ်။

+++++

ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ

ကိုယ့်အဖော်ဖြစ်နေတယ်။

သတိဟာ ကိုယ့်အဖော် ဖြစ်နေတယ်။

+++++

သတိပဋ္ဌာန်တရားကို

ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့

မိတ်ဆွေကောင်းဖြစ်အောင်

လေ့ကျင့်ပြုစုပျိုးထောင်ထားပါ။

+++++

မိတ်ဆွေကောင်းလိုချင်ရင်

ကိုယ်ကိုယ်တိုင်ကပဲ

မိတ်ဆွေကောင်း၊ အဖော်ကောင်း

ပီသအောင် နေလိုက်ပါ။

+++++

(ဆရာတော် ဦးဇောတိက)




"တန်ဖိုးထားခဲ့ရတဲ့ လက်ဆောင်များ…..."


သမ္မတကြီး ဝီလ်ဆင်ဟာ
အမေရိကန်ပြည်ထောင်စုကို
ရထားနဲ့ခရီးလှည့်ရာမှာ

ပရိသတ်ကို စကားပြောဖို့
မွန်တနာ ဘီလင်းစ်တွင် ခဏရပ်နားပါတယ်။

ကားရပ်တဲ့လူသွားလမ်းပေါ်မှာ တက်ပြီး
စကားပြောပါတယ်။

သမ္မတကြီး ဝီလ်ဆင်ရဲ့ ဘေးနားမှာ
မစ္စစ်ဝီဆင်နဲ့ နိုင်ငံရေးမှာ အရေးကြီးတဲ့

ပုဂ္ဂိုလ်အချို့ဟာ သူနဲ့အတူတူ ရပ်နေကြပါတယ်။

အဲဒီအချိန်မှာ
ကလေးငယ် နှစ်ဦးဟာ
အစောင့်ရဲများရပ်နေတဲ့နေရာက

ရှေ့တိုးဝင်လာပြီး
သမ္မတကြီး ဝီလ်ဆင်စီးလာတဲ့ရထားတွဲနဲ့

ကပ်လျက်ရပ်နေပါတယ်။
သူတို့နှစ်ဦးဟာ
သမ္မတကြီး ဝီလ်ဆင်ရဲ့မျက်နှာကို မော့ပြီး
ကလေးတစ်ဦးက
သူ့လက်ထဲမှာ ယူဆောင်လာတဲ့
အမေရိကန်အလံလေးကို
ဝှေ့ရမ်းနှုတ်ဆက်ပါတယ်။

မစ္စစ်ဝီလ်ဆင်က
ကလေးဆီက အလံလေးကို လက်ခံပြီး
အဲဒီလက်ဆောင်အတွက်

ကလေးကို
ဝမ်းပန်းတသာ ကျေးဇူးတင်စကားဆိုပါတယ်။


အခြားကလေးတစ်ယောက်က
ခပ်ကြောင်ကြောင်ဖြစ်ပြီး ရပ်နေပါတယ်။

သူ့မှာ လက်ဆောင်ပေးစရာ
အလံ မရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။

အဲဒါကြောင့်
အဲဒီကလေးဟာ
သူ့ဘောင်ဘီအိတ်ကပ်ထဲမှာ
တစ်ခုခုကို မရမက
လိုက်စမ်းပြီး ရှာနေပါတယ်။
နောက်ဆုံးမှာ သူရှာတွေ့ပြီး
အပြင်ကို ဆွဲထုတ်လိုက်ပါတယ်။

ထွက်လာတဲ့ပစ္စည်းကတော့
ပြားစေ့လေးတစ်စေ့ဖြစ်ပါတယ်။

သူဟာ ပြားစေ့လေးကို သမ္မတကြီး ဝီလ်ဆင်ဆီကို
ခြေဖျားထောက်ပြီး လှမ်းပေးပါတယ်။

သမ္မတကြီး ဝီလ်ဆင်ဟာ ကိုယ်ကို ကိုင်းပြီး
ကလေးဆီက ပိုက်ဆံတစ်ပြားကို လှမ်းယူပါတယ်။

အဲဒီနောက်
ကျေးဇူးတင်စကားကို
ကြင်ကြင်နာနာပြောဆိုပါတယ်။


ဒါပေမယ့်
အဲဒီအဖြစ်အပျက်ဟာ အဲဒီမှာ မပြီးဆုံးသွားခဲ့ပါ။
နောက်ထပ် ၅-နှစ်ကြာတဲ့အခါ
သမ္မတကြီး ဝီလ်ဆင်ကွယ်လွန်ခဲ့ပါတယ်။

မစ္စစ်ဝီလ်ဆင်က
သမ္မတကြီးရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို စစ်ဆေးပါတယ်။
သမ္မတကြီး ဝီလ်ဆင်အမြဲဆောင်တတ်တဲ့အိတ်ကလေးကို
ဖွင့်ကြည့်ပါတယ်။
အဲဒီအိတ်ထဲရှိ သီးသန့်အကန့်လေးတစ်ခုမှာ
စာရွက်နဲ့သေသေချာချာထုပ်ထားတဲ့
အထုပ်ကလေးတစ်ခုကို တွေ့ပါတယ်။
ဖွင့်ကြည့်လိုက်တဲ့အခါ
ကလေးလေးပေးထားတဲ့
လက်ဆောင်ပိုက်ဆံပြားစေ့လေးဖြစ်နေပါတယ်။
အဲဒီပိုက်ဆံပြားစေ့လေးဟာ
သမ္မတကြီးနဲ့အတူ ၅-နှစ်တိုင်တိုင် ရှိနေခဲ့ပါတယ်။

သမ္မတကြီး ဝီလ်ဆင်
သွားလေရာပါနေတဲ့ ပစ္စည်းလေးဖြစ်ခဲ့ပါတယ်။
သမ္မတကြီး ဝီလ်ဆင်ဟာ
ကလေးရဲ့လက်ဆောင်လေးကို
တန်ဖိုးထားမြတ်နိုးလွန်းတဲ့အတွက်
သူနဲ့အတူထားပြီး
အသက်ထက်ဆုံးသိမ်းဆည်းထားခဲ့ပါတယ်။

သမ္မတကြီး ဝီလ်ဆင်ဟာ
ကလေးတွေကို တန်ဖိုးထားတယ်။

ကလေးတွေ ပေးတဲ့လက်ဆောင်ကို လက်ခံတယ်။
တန်ဖိုးထားတယ်။
အမြဲသိမ်းဆည်းပြီး အမှတ်တရထားတယ်။
အဲဒီလက်ဆောင်ကို
မွန်မွန်မြတ်မြတ် သိမ်းဆည်းထားခဲ့ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com