Tuesday, October 26, 2010

“ မိန်းမချောတဲ့ဗျား…”




လူသူမပေါက်တဲ့ ကျွန်းတစ်ခုပေါ်မှာ

လူတစ်ယောက်နဲ့ ကြက်တူရွေးတစ်ကောင်တို့ နှစ်တော်တော်ကြာရောက်နေကြတယ်

တစ်နေ့မှာတော့ ကြက်တူရွေးဟာ စိတ်လှုပ်ရှားပြီး မိမိရဲ့ သခင်ဆီကို ပျံလာတယ်။


ကြက်တူရွေးက

မိန်းမချောတစ်ယောက်ကို ကျနော်တွေ့ခဲ့တယ်ဗျ


ယောက်ျားကြီးက ချက်ချင်းထပြီးကြက်တူရွေးနောက်ကိုလိုက်တယ်။

ကြက်တူရွေးဟာ ပျံရင်း လမ်းတစ်လျှောက်လုံး အဖွဖွပြောလာတာက


လှလိုက်တဲ့ မျက်လုံး၊

ကောင်းလိုက်တဲ့ ကိုယ်လုံး၊

တကယ့် ရှယ်ပဲ


တစ်နေရာကို ရောက်လာတဲ့အခါမှာတော့

ကြက်တူရွေးဟာ သစ်ပင်တစ်ခုပေါ် နားလိုက်ပြီး

ဘေးက သစ်ပင်ကို မိမိရဲ့ နှုတ်သီးနဲ့ ညွှန်ပြတယ်။


ကျနော်ပြောတဲ့ မိန်းမချောလေ၊

ဟောဟိုမှာ…”


ကြက်တူရွေး ညွှန်ပြတဲ့ဖက်ကို ယောက်ျားကြီး ကြည့်လိုက်တယ်။

ပြီးတော့ ယောက်ျားကြီးရဲ့နှုတ်က ဆဲသံဆိုသံများ ပေါ်ထွက်လာပါတော့တယ်။


တော်တော် အသုံးမကျတဲ့ အကောင်၊

ကြက်တူရွေးမ ကိုများ

ငါ့ကို ခေါ်ပြရတယ်လို့

“ အပြုံး…”




အပြုံးတစ်ချက် ပြုံးပြဖို့ ဘာမှ မကုန်ပါ။

ဒါပေမယ့် အပြုံးတစ်ချက်ဟာ ကြီးမားတဲ့ အကျိုးဆက်ကို ဖြစ်စေနိုင်ပါတယ်။

အပြုံးကို ရသူဟာ ပိုမိုအင်အားပြည့်ဝပြီး ပေးရသူအတွက်လည်း

ဘာမှ လျော့ပါးသွားခြင်းလည်း မရှိပါ။

အပြုံးတစ်ချက်ဟာ တစ်ခဏသာ ကြာပါတယ်။

အပြုံးလက်ခံရသူရဲ့ စိတ်နှလုံးမှာ ထာဝရ တည်သွားနိုင်ပါတယ်။

ချမ်းသာလွန်း၊ အင်အားကြီးလွန်းသူတွေလည်း

အပြုံးအင်အား၊အပြုံးချမ်းသာ ထပ်လိုကြပါတယ်။

အပြုံးဟာ ဆင်းရဲ၊ချမ်းသာဆိုပြီးခွဲခြားထားခြင်းမရှိပါ။

အပြုံးတစ်ချက်ဟာ မိသားစု ပျော်ရွှင်မှုကို ဖန်တီးပေးပါတယ်။

လုပ်ငန်းလုပ်ဆောင်ရာမှာလည်း စိတ်စေတနာကောင်းဖို့ ဖြစ်စေပါတယ်။

တစ်ဦးနဲ့တစ်ဦးမိတ်ဆွေဖြစ်မှုရဲ့ သက်သေပြ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

မတည်မငြိမ် ဝေဝါးနေသူအတွက် အပြုံးက အနားရစေပါတယ်။

ဝမ်းနည်းနေသူအတွက် မျှော်လင့်ချက်နေရောင်သဖွယ်ဖြစ်ပါတယ်။

အပြုံးဟာ ဒုက္ခရောက်နေသူအတွက် အကောင်းဆုံး သဘာဝဆေးပင်ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ဝယ်ယူ၍ မရပါ။

တောင်းခံ၍ လည်း မရပါ။

ချေးငှားခြင်း (သို့မဟုတ် )

ခိုးယူခြင်းဖြင့်လည်း မရနိုင်ပါ။

အပြုံးဟာ အခြားလူအတွက် မပေးကမ်းသမျှ

ဘယ်သူ့အတွက်မှ တန်ဖိုးမရှိတဲ့ အရာဖြစ်ပါတယ်။

သင့်အပြုံးနဲ့ အခြားသူများကို စတင်ကြိုလိုက်ပါ။

သူတစ်ပါးအတွက် မပြုံးနိုင်အောင်

အခြေအနေဆိုးသူ မရှိပါ။

ဆင်းရဲနေသူမရှိပါ။


“ ဖေဖေတဲ့လားဗျာ…”



ရုံမှ ပြန်ရောက်လာတဲ့ ယောက်ျား ဖြစ်သူကို အောင်မြတ်သူကို

မိန်းမဖြစ်သူ မနှင်းနှင်းနွယ်က ဝမ်းသာအားရဆီးကြိုပြီး၊

အားရပါးရ ပြောတယ်။


ကိုအောင်ရေ၊ ကျမတို့သားကလေးလေ၊

ဖေဖေ

ဆိုတဲ့စကားလုံးကို

ဒီနေ့ ပထမဆုံးအကြိမ် ပြောတယ်ရှင့်


ဟေ ဟုတ်လား၊ ဘယ်မှာ ပြောတာလဲကွ


တိရစ္ဆာန်ရုံထဲက မျောက်ဝံထားတဲ့

လှောင်ချိုင့်အနားမှာ ပြောတာပါ

“ သည်းခံတတ်သူ…”



ဗီယင်နာမှ စိန့်ကလင့်မင်းဟော့ဘာဟာ

မိဘမဲ့ကလေးများအတွက် ရန်ပုံငွေအလှူလိုက်ကောက်ခံပါတယ်။

နပိုလီယံစစ်ပွဲအတွင်း ဖခင်များ တိုက်ပွဲများတွင် ကျဆုံးသွားတဲ့အတွက်

ကျန်ရစ်တဲ့ ကလေးများအတွက် ရန်ပုံငွေ ကောက်ခံခြင်းဖြစ်ပါတယ်။

လူသုံးယောက်ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ

ဖဲကစားနေတာကို တွေ့တဲ့အတွက် သူ ဝင်သွားပါတယ်။

သူတို့ရဲ့ကောင်းမြတ်တဲ့လုပ်ငန်းအတွက်

အလှူငွေထည့်ရန် ယဉ်ကျေးစွာမေတ္တာရပ်ခံပါတယ်။

ဖဲကစားသူများအနက်မှ တစ်ဦးက

အလှူလာခံသူအား ဆဲရေးတိုင်းထွာပြီး

မျက်နှာတည့်တည့်ကို တံထွေးနဲ့ထွေးလိုက်ပါတယ်။

ဟော့ဘာက အေးဆေးစွာနဲ့ သူရဲ့လက်ကိုင်ပဝါထုတ်ပြီး

သူရဲ့ပါးမှာပေနေတဲ့ တံထွေးကို သုတ်လိုက်ပါတယ်။

ပြီးတော့ ဒေါသသံ လုံးဝမပါဘဲပြောလိုက်တာကတော့


“ အခု ရလိုက်တာကတော့ကျနော့်အတွက် ဟုတ်ပါပြီခင်ဗျာ၊

ကျနော်စောင့်ရှောက်နေတဲ့ မိဘမဲ့ကလေးတွေအတွက်

နည်းနည်းကူပါဦး ”


လို့ထပ်မံ မေတ္တာရပ်ခံပါတယ်။

မိုက်ရိုင်းတဲ့ ဖဲသမားဟာ အံ့အားသင့်သွားတယ်။

အံ့အားသင့်လွန်းတဲ့အတွက် သူရဲ့အိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး

သူ့မှာ ရှိသမျှငွေတွေ အားလုံးကို အလှူခံပုဂ္ဂိုလ်အား လှူလိုက်ပါတော့တယ်။

“ နောက်ကွယ်ကလူ…”



အောင်မြင်တဲ့ ဂိုးသွင်းသူရဲ့နောက်မှာ

အဲဒီဂိုးသွင်းနိုင်ဖို့

အကောင်းဆုံး အခြေအနေ ဖန်တီးပေးသူ ရှိပါတယ်။

တစ်ကိုယ်ကောင်းမဆန်တဲ့ အားကစားသမားတို့ဟာ

ဂိုးသွင်းပေးနိုင်သူဆီကို ဘောလုံးရောက်အောင်

ပို့ပေးတတ်ကြပါတယ်။

အဲဒီလို ဖန်တီးပေးသူသာ မရှိပါက

အနိုင်ဂိုးမရနိုင်သလို ဂိုးသွင်းနိုင်တဲ့

ထူးချွန်တဲ့ အားကစားသမားများလည်း မရှိနိုင်ပါ။

ဖန်တီးပေးသူတို့ရဲ့ အမည်များကို

မှတ်တမ်းတင်မှု နည်းတတ်သော်လည်း သူတို့မပါဘဲ

အောင်မြင်မှုဆိုတာ မရနိုင်ပါ။

အဲဒီအချက်ကို ကောင်းစွာ နားလည်သဘောပေါက်သူဟာ

ဉာဏ်ပညာရှိသူဖြစ်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com