
     ပညာရှိသူတော်ကောင်းမှန်သမျှသည်
လူ့ဘဝ၏အောင်မြင်မှုကို
တိုက်တာခြံမြေ၊ ရွှေ ငွေတို့ဖြင့် တိုင်းတာသည်မဟုတ်ပေ။
လောကကောင်းကျိုးကို   မည်မျှလောက်ထိဆောင်ရွက်နိုင်ခဲ့သနည်း
ဟူသောအချက်ဖြင့်သာ တိုင်းတာကြပေသည်။
+++++++++++++++++++++++++++
"မေးခွန်း.."
“ မြန်မာများသည် အမြတ်ဆုံးဖြစ်သော   ဗုဒ္ဓဘာသာဝင်များဖြစ်ပါလျက်
ဒါနလည်း အမြဲတမ်းပြုနေပါလျှက်
ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးဖြစ်နေသည်မှာ
အဘယ့်ကြောင့်နည်း ”
 ပထမအဓိက   အကျဆုံး အချက်တစ်ချက်မှာ
ပကာသနတွေများသောကြောင့် ဖြစ်သည်။
ဉာဏ်မယှဉ်သောကြောင့်လည်း ဖြစ်သည်။       
+++++++++++++++++++++++++++
သူတစ်ပါးအသက်သတ်သူများ
အပါယ်ကျသည်ဟုယေဘုယျယူဆလျှင်
ငါဘုရား လက်ခံသည်။
သို့သော်   သူတစ်ပါးအသက်သတ်သူတိုင်း
အပါယ်ကျသည်ဟူသော  စကားကို ငါဘုရားလက်မခံနိုင်။
     အကြောင်းကား….  သူတစ်ပါးအသက်ကိုသတ်သူသည်
နှစ်ဆယ့်လေးနာရီ ကာလပတ်လုံး   မရပ်မနားသတ်ဖြတ်နေသည်မဟုတ်၊
သတ်ချိန်မှာ သတ်သလို   ကုသိုလ်လုပ်ချိန်မှာလည်း
ကုသိုလ်လုပ်နေမည်မှာ  ဖြစ်သောကြောင့်ဖြစ်သည်။
သေခါနီးတွင်   သတ်သောအကုသိုလ်က
အရင်အကျိုးပေးချိန်မရဘဲ ပြုထားဖူးသော
ကုသိုလ်က အရင်အကျိုးပေးလျှင်   သူတစ်ပါးအသက်သတ်၍
အသက်မွေးမြူသူပင် ဖြစ်သော်လည်း
ကောင်းရာသုဂတိကို   ရောက်နိုင်ကြောင်း
ရှင်းလင်းဟောကြားထားသည်။
+++++++++++++++++++++++++++
ဥစ္စာစည်းစိမ်ဆင်းရဲလို့ အပါယ်မကျ။
ကိုယ်ကျင့်သီလဆင်းရဲမှ အပါယ်ကျသည်။
ဥစ္စာစည်းစိမ်ဆင်းရဲလို့   မည်သည့်ပညာရှိ သူတော်ကောင်းကမှ   အထင်မသေး။
ကိုယ်ကျင့်သီလ ဆင်းရဲမှသာ   ပညာရှိသူတော်ကောင်းများ အထင်သေးသည်။
        “ သင်တို့ကို မည်သူမျှ ကယ်၍ မရ၊
သင်တို့ကိုယ်တိုင်   ဆောက်တည်ထားသောသီလကသာ
ကယ်တင်လိမ့်မည်။
ငါ့ထံတွင် ငါးပါးသီလဆောက်တည်ကြလော့ ”
ဟုပြောပြီး   ရဟန်းတော်က ခိုးသားငါးရာကို   သီလပေးလေသည်။
+++++++++++++++++++++++++++
ကြောက်ရင်လွဲဆိုသည်မှာ -
ဒါန၊ သီလ၊ ဘာဝနာဟူသော   ကုသိုလ်တရားတွေကို
ကြောက်ပြီးမပြုဘဲနေလျှင်
လူချမ်းသာ၊  နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့နှင့်လွဲမည်ဟု
ဆိုလိုခြင်းဖြစ်သည်။
+++++++++++++++++++++++++++
ရဲလျှင်မင်းဖြစ် ဟူသည် -
ဒါန၊ သီလစသော ကုသိုလ်တရားတွေကို   ရဲဝံ့စွာပြုလျှင်
လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ  တို့ကိုရမည်ဟု
ဆိုလိုခြင်းဖြစ်သည်။         
