Monday, August 24, 2009

အကောင်းဆုံးလက်ဆောင်,အကောင်းဆုံးအချိန်......


"Present" ဆိုတဲ့အဓိပ္ပါယ်ကိုစဉ်းစားကြည့်ရအောင်၊
အဓိပ္ပါယ်နှစ်မျိုးတွေ့ရတယ်။ တစ်မျိုးက
“လက်ဆောင်”
နောက်တစ်မျိုးက
“ပစ္စုပ္ပန်ကာလ”
လူသားတွေအတွက်အကောင်းဆုံးအချိန်ဟာ...
“ပစ္စုပ္ပန်ကာလ”...
တစ်နည်းအားဖြင့်..
.“ယခုအချိန်”ပါပဲ။
အတိတ်ဆိုတာ...ပြီးသွားပြီ။
တာတာ့လုပ်သွားပါပြီ။အဲဒါကိုမပြီးနိုင်၊မစီးနိုင်အောင်စဉ်းစားနေလို့လဲ...
အတိတ်ကပြောင်းလဲသွားမှာမဟုတ်ပါဘူး။
အတိတ်အကြောင်းကိုတွေးလိုက်လေတိုင်း လူသားပီပီလုပ်ခဲ့မိတဲ့အမှားတွေအကြောင်းကိုဘဲ စဉ်းစားမိတာများပါတယ်။
အဲဒီအချိန်မှာ...နောင်တတွေကြောင့် ပူလောင်ရပါတယ်။
အနာဂတ်အကြောင်းစဉ်းစားပြန်တော့လည်း ဘာထူးလဲ။ စိုးရိမ်ကြောင့်ကြနေရပြန်ပါတယ်။
အေးချမ်းမှုကိုလိုချင်ပေမဲ့ တကယ်ရလာတာက...ပူလောင်မှု။
တကယ်စစ်မှန်တဲ့အေးချမ်းမှုကိုလိုချင်ရင်...“ပစ္စုပ္ပန်ကာလ”ကိုပဲတွေး။
ပြောရလွယ်ပေမဲ့ လုပ်ဖို့တော့ခက်လှပါတယ်။
မဖြစ်နိုင်လောက်အောင် ခက်ခဲပါသလား....
နည်းလမ်းသိရင်မခက်ခဲပါဘူး။
သတိနဲ့နေတတ်တဲ့အလေ့အကျင့်ရှိဖို့လိုအပ်ပါတယ်။
သတိနဲ့သာနေတတ်မယ်ဆိုရင်...စစ်မှန်တဲ့အေးချမ်းမှုကိုခံစားနိုင်ပါတယ်။
လူကြီးမင်း....နည်းလမ်းသိသိနဲ့ လေ့ကျင့်ကြည့်ပါလား။
ဒါဆိုရင်...
“present”.....ဆိုတဲ့ အကောင်းဆုံးအချိန်ကို အသုံးချတတ်တဲ့
လူကြီးမင်းအတွက်
“present” ဟာ အကောင်းဆုံးလက်ဆောင်ဖြစ်လာပါလိမ့်မယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com