Wednesday, October 12, 2011

" အများကို ဒုက္ခမပေးတဲ့လူ..."


အေးချမ်းနေတဲ့သူဟာ

ဘယ်သူ့ကိုမှ

ဒုက္ခမပေးဘူး၊

ကိုယ့်ဘဝကို ကိုယ်ကျေနပ်တဲ့သူဟာ

အများကို ဒုက္ခမပေးဘူး။

+++++++++++++++++++++++++++++++++++++++

ကိုယ့်ဘဝကို ကိုယ်တကယ် နှစ်နှစ်ကာကာ

ကျေနပ်မှုရချင်ရင်

ရဖို့တစ်နည်းပဲရှိတယ်။

အဲဒီနည်းက ကိုယ်ဘာကို နှစ်နှစ်ကာကာ

တန်ဖိုးထားသလဲ၊

ကိုယ်တန်ဖိုးအထားဆုံးအရာဟာ

ဘာလဲဆိုတာကို သိအောင်လုပ်၊

ပြီးတော့ နေ့တိုင်း ကိုယ်တန်ဖိုးထားတာကို

အကောင်အထည်ဖေါ်ရင်း

နေသွားတာပဲ။

+++++++++++++++++++++++++++++++++++++++

အခက်အခဲရှိတာက ပြဿနာမဟုတ်ပါဘူး၊

ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ်

ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++++

ကိုယ်တန်ဖိုးထားတဲ့အရာဟာ

ကိုယ့်ဘဝကို စုစည်းပေးတယ်။

ကိုယ့်အင်အားတွေကို စုစည်းပေးတယ်။

ဥပမာအားဖြင့် နေရောင်ခြည်မှာ

မှန်ဘီလူးတစ်ခုထားကြည့်မယ်ဆိုရင်

အဲဒီမှန်ဘီလူးကနေရောင်ခြည်ကို

စုစည်းပေးတာမျိုး။

+++++++++++++++++++++++++++++++++++++++

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးကောင်းလာဖို့ဆိုတာ

မှန်ကန်တဲ့အသိအမြင်၊

မှန်ကန်တဲ့သဘောထား၊

မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့

မှန်ကန်တဲ့ အလုပ်တွေကို

လူတွေများများ လုပ်နိုင်ဖို့ လိုတယ်။

+++++++++++++++++++++++++++++++++++++++

ခေတ်တွေ ဘယ်လိုပြောင်းသွား၊ပြောင်းသွား၊

ငါ့ရဲ့တန်ဖိုးထားမှုကတော့ မပြောင်းတော့ဘူး။

နောက်ဘဝထိအောင် တန်ဖိုးထားမယ်

ဆိုတာမျိုးရှိကို ရှိမှ ဖြစ်မယ်။

+++++++++++++++++++++++++++++++++++++++

ကိုယ့်မှာရှိတဲ့အကောင်းဆုံးစိတ်ထားတွေနဲ့

အကောင်းဆုံး အသိဉာဏ်တွေကို

ထုတ်ပြီးတော့ ကိုယ်အသိနဲ့ကိုယ်၊

ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်၊

ကိုယ့်စိတ်ထားနဲ့ကိုယ်ကိုယ်အကောင်းဆုံးကို

အားသွန်ပြီးတော့ လုပ်နေမှသာ

အဲဒီလူက လူပီသတယ်။

+++++++++++++++++++++++++++++++++++++++


အခက်အခဲတစ်ခုခုကို ကြုံရတဲ့အခါမှာ

ကိုယ့်အသိဉာဏ်နဲ့ကိုယ်စဉ်းစားပြီးတော့

ဆုံးဖြတ်နိုင်တဲ့သူဟာ

သူ့စိတ်ထဲမှာ ရပ်တည်ရာ တစ်ခုခုရှိနေတယ်။

+++++++++++++++++++++++++++++++++++++++

ကိုယ်ပတ်ဝန်ကျင်မှာ ရှုတ်ထွေးနေတာတွေကို

မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့

အတွင်းမှာပဲ အင်အား

ပိုကောင်းလာအောင် လုပ်ရမယ်။

+++++++++++++++++++++++++++++++++++++++

အခြေအနေတွေ ဘယ်လောက်ပဲပြောင်းလဲသွား၊

ပြောင်းလဲသွား၊ ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ကိုယ့်ရဲ့

ဦးတည်ချက်ကို လက်လွတ်အဆုံးရှုံးမခံပဲနဲ့၊

ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့

ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်ရမယ်။

+++++++++++++++++++++++++++++++++++++++

ငါ ဘယ်လိုလူလဲ၊

ငါ စရိုက် ဝါသနာဟာဘာလဲ၊

ငါ ပါရမီဓာတ်ခံဟာဘာလဲ၊

ငါ ဘာကြောင့် လူဖြစ်လာတာလဲ၊

ငါ ဘာကို လုပ်ဖို့လူဖြစ်လာတာလဲ၊

အဲဒါတွေကို ကိုယ့်ဟာကိုယ် သေသေချာချာ

စဉ်းစားပြီးတော့ အဖြေကိုရအောင်လုပ်သင့်တယ်။

+++++++++++++++++++++++++++++++++++++++

( ဆရာတော် ဦးဇောတိက )

" အိုမှာကိုကြောက်တယ်..."




တစ်ခါတုန်းက တာလော့ဈေးအနားက

ဗယ်လင်တိုင်းကော်ဖီဆိုင်မှာ

လူနှစ်ယောက်ပြောနေတဲ့စကားဖြစ်ပါတယ်။

တစ်ယောက်က...ကိုအေးကိုဖြစ်တယ်။

“ ဒီဆရာဝန်ဟာ တော်တော်စွမ်းတယ်

ကျနော့်မိန်းမကို တစ်မိနစ်အတွင်း

ရောဂါတွေပျောက်အောင်ကုနိုင်တယ်”

အခြားတစ်ယောက်ဖြစ်တဲ့ကိုငယ်က...

“ဘယ်လိုကုလိုက်လို့လဲ.”

ကိုအေးကိုပြန်ပြောလိုက်တာက...

“ရောဂါတွေ မှန်သမျှဟာ

ဇရာရဲ့လက္ခဏာတွေလို့ သူပြောလိုက်တယ်လေ”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com