Friday, April 22, 2011

" နားလည်ပေးပါ ဖေဖေ..."


တစ်နေ့မှာ သားငယ်လေး အခန်းထဲဝင်လာပြီး
သူ့ဖခင်အနားတွင် ငြိမ်ငြိမ်လေးရပ်နေပါတယ်။
သားငယ်ရဲ့ဖခင် ဆရာဝန်ဟာ သူ့အလုပ်နဲ့သူ ရှုပ်နေပါတယ်။
အလုပ်များနေတဲ့ ဆရာဝန်ဟာ သူ့အိပ်ကပ်ထဲနှိုက်ပြီး
ပိုက်ဆံအကြွေတချို့ကို ယူလိုက်ပါတယ်။
အဲဒီငွေကို သူ့သားငယ်ကို လှမ်းပေးပါတယ်။

အဲဒီအချိန်မှာ သားငယ်က
" သား ဘာပိုက်ဆံမှ မလိုချင်ပါဘူးဖေဖေ"
လို့ပြန်ပြောပါတယ်။
သားငယ်က သူ့အဖေနားမှာ ဆက်ပြီးရပ်မြဲရပ်နေပါတယ်။

ခဏကြာတဲ့အခါမှာ ဖခင်ဆရာဝန်ဟာ
သူ့စားပွဲအံဆွဲကိုဖွင့်ပြီး
သားကြိုက်တတ်တဲ့ ချောကလက်သကြားတောင့်တစ်ချောင်းကို
ယူလိုက်ပါတယ်။
အဲဒီချောကလက်သကြားတောင့်ကို သားငယ်ကို လှမ်းပေးလိုက်ပြန်ပါတယ်။
သားငယ်က သူမလိုချင်ကြောင်း ငြင်းပြန်ပါတယ်။

စိတ်မရှည်နိုင်အောင်ဖြစ်လာတဲ့ ဖခင်ဆရာဝန်က

" သားက ဟိုဟာလည်း မဟုတ်၊
ဒီဟာလည်း မဟုတ်၊
သားဘာလိုချင်လဲပြော"
လို့ မေးလိုက်ပါတယ်။

သားငယ်က
" သား ဘာကိုမှ မလိုချင်ပါဘူး၊
သားက ဖေဖေနဲ့အတူတူ
အနားမှာနေချင်တာပါ"
လို့ပြန်ပြောလိုက်ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com