Friday, December 4, 2009

“ကြောက်ရင်...မလုပ်နဲ့ပေါ့...”



တစ်ခါတုန်းက ကိုသူရ တစ်ယောက်ဟာ နာမည်နဲ့မလိုက်အောင် မိန်းမကိုကြောက်သူဖြစ်တယ်။

သူဟာ မိန်းမကို ကြောက်ပေမယ့် အရက်ကိုကျတော့ ကြိုက်နေပြန်တယ်။

မိန်းမဖြစ်သူမငြိမ်းတုတ်က အရက်သောက်တာကို လုံးဝမကြိုက်ပါ။

ကိုသူရကို အရက်မသောက်ဖို့ နောက်ဆုံးရာဇဒဏ်ပေးထားတယ်။

ကိုသူရလည်းကတိပေးထားလိုက်ရတယ်။

တစ်နေ့မှာတော့ နိုင်ငံခြားမှပြန်လာတဲ့ သူငယ်ချင်းတွေက ကိုသူရကို ဖိတ်လိုက်သောအခါ

ငယ်သူငယ်ချင်းတွေက အတင်းတိုက်တွန်းသောကြောင့် အရက်ကိုသောက်ဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းတွေနဲ့သောက်ပြီဆိုတော့လည်း အရက်သမားတွေရဲ့ထုံးစံအတိုင်း ဘရိတ်အုပ်၍ မရတော့ပါ။

အရှိန်လွန်ကုန်တော့တာပေါ့။

ရေချိန်ကိုက်ပြီမို့ ပြန်ခါနီးမှာ ကိုသူရကသူငယ်ချင်းတွေကို မေးတာက

“ အရက်နံ့ပျောက်အောင် ဘာလုပ်ရမလဲ?”

သူငယ်ချင်းတစ်ယောက်က

“ ကြက်သွန်ဖြူ နှစ်လုံး-သုံးလုံးလောက်ဝါးစားလိုက်ကွာ” လို့အကြံပေးပါတယ်။

စားသောက်ဆိုင်ကကြက်သွန်ဖြူတောင်းပြီးဝါးလိုက်ပါတယ်။

နောက်တစ်ယောက်က

“ကွမ်းဝါးလိုက်ရင် အနံ့ပျောက်ပါတယ်”ဆိုတာကြောင့်

ကိုသူရ ကွမ်းယာဆိုင် ပြေးပြီးဝါးရပြန်ပါတယ်။

နောက်တစ်ယောက်က

“စီကရက်တစ်လိပ်လောက်သောက်လိုက်ပေါ့” ဆိုတော့

ဆေးလိပ်သောက်ရပြန်ပါတယ်။

နောက်တစ်ယောက်က

“ပီကေကိုဝါးရင်အရက်နံ့ ပျောက်တယ်”ဆိုတော့

ပီကေလည်းဝါးလိုက်ပြန်ပါတယ်။

ပါးစပ်ဟပြီးသူငယ်ချင်းများကို အနံ့ရှုခိုင်းလိုက်တော့ အားလုံးက အရက်နံ့မရတော့ဟုဆိုလေတော့မှ

အိမ်ကိုစိတ်ချလက်ချပြန်သွားပါတော့တယ်။

အိမ်ရှေ့တံခါးကိုခေါက်လိုက်တယ်။

အထဲက မိန်းမဖြစ်သူ မငြိမ်းတုတ်က မာဆတ်ဆတ်အသံနဲ့

“ကိုသူရ…ရှင်မူးလာပြန်ပြီလား?”

“မမူးပါဘူးကွ”

“မယုံဘူး။

တံခါးသော့ပေါက်ကနေ ပါစပ်နဲ့အသက်ရှုထုတ်စမ်း”

မိန်းမကအမိန့်ပေးလိုက်တဲ့အတိုင်း ကိုသူရ ယုံကြည်မှုအပြည့်နဲ့ လုပ်လိုက်ပါတယ်။

တစ်ဖက်က မငြိမ်းတုတ်ဟာမျက်နှာမဲ့ရှုံ့သွားပြီးရုတ်တရက်နောက်ဆုတ်သွားပါတယ်။

ပြီးတော့ စိတ်ဆိုးမာန်ဆိုးနဲ့တအားအော်ပြောလိုက်တာက

“ ရှင်တော်တော်ယုတ်မာပါလား ကိုသူရ။

ရှင့်ကို ပါးစပ်နဲ့အသက်ရှုခိုင်းတာ။

လေလည်ခိုင်းတာ မဟုတ်ဘူးရှင့်။ သေချင်းဆိုး။”

“ ဘာမှ မကွာပါဘူး...”




ကျနော်တို့ရွာတွင် ရွှေအေးဆိုသူတစ်ယောက်ရှိတယ်။
မိဘများက အသက်ကြီးမှ မွေးလာသောကြောင့် ရွှေအေးကို အလွန်ချစ်တယ်။
မိဘများက အလိုလိုက်လွန်းသောကြောင့် ရွှေအေးက အလိုက်မသိတတ်ပါ။
ရွှေအေးဟာ အသက်ကြီးလာပေမယ့် အသိဉာဏ်က ကြီးမလာပါ။
အသက် (၂၀) ကျော်လာပေမယ့် ကလေးများနဲ့ကစားတုန်းဖြစ်တယ်။
ဒါပေမယ့် ကလေးများနဲ့လည်း မသင့်မြတ်ပါ။
ရွှေအေး ဝင်ကစားတဲ့ကလေးဝိုင်းများဟာ ပွဲပျက်တာများတယ်။
ဘာကြောင့်ဆိုတော့ ရွှေအေးက အငြင်းသန်ပြီး ဗိုလ်ကျတဲ့အတွက်ကြောင့်ဖြစ်တယ်။
ရွာက ကလေးများက သူ့ကိုမကြိုက်ကြပါ။
အရွယ်မတူတဲ့အတွက် ပြန်မလုပ်ရဲကြပါ။


တစ်နေ့တော့ ရွှေအေး လမ်းလျှောက်လာတယ်။
ချာတိတ်တစ်ယောက်ဖြစ်တဲ့ တာတူးက
အခြားတစ်ယောက်ဖြစ်တဲ့ လူအေးထွန်း ကို မေးသံ ကြားရတယ်။

“ ရွှေအေးနဲ့ ခွေး ဘာကွာလဲ သိလား..”

ရွှေအေးကကြားသွားတဲ့အတွက်
တာတူးရဲ့နားရွက်ကို ဆွဲလိမ်လိုက်တယ်။

ပြီးတော့ တာတူးကိုမေးလိုက်တယ်။

“ကိုင်း ရွှေအေးနဲ့ ခွေး ဘာကွာလဲ ပြောစမ်း ”

တာတူးက နားရွက်ဆွဲလိမ်ထားတဲ့အတွက်
နာကျင်လွန်းတဲ့အတွက်ကြောင့်
ရှုံ့မဲ့ပြီး ပြန်ဖြေလိုက်တယ်။

“ ဘာမှ မကွာပါဘူး၊
ဘာမှ မကွာပါဘူး

ဘာမှ မကွာပါဘူး၊ ”


“အေး...အဲဒီလိုမှပေါ့”

ရွှေအေးကကျေနပ်သွားတယ်။
ပြီးတော့ တာတူးရဲ့နားရွက်ကို လွှတ်ပေးလိုက်ပါတယ်။



“အသုံးကျမှလည်း တန်းဖိုးရှိပါတယ်။”



တစ်ခါတုန်းက ကြက်ဖတစ်ကောင်ဟာ အစာရှာဖို့အတွက်

ခြံဝင်းတစ်ခုထဲမှာကောက်ရိုးတွေကိုယက်နေပါတယ်။

အဲဒီအချိန်မှာ ကောက်ရိုးတွေကြားထဲက

အနီရောင်ဝင်းတောက်နေတဲ့ ပတ္တမြားတစ်လုံးကိုတွေ့ရတာပေါ့။

ဒါနဲ့ပဲ ကြက်ဖက

“မင်းကို အထူးကိုတန်းဖိုးထားတဲ့လူတွေအတွက် အရမ်းလှပတဲ့ အရာတစ်ခုမှန်းတော့

ငါပြောရဲပါတယ်။

ဒါပေမယ့် ငါ့အတွက်တော့ စပါးလုံးတစ်လုံးလောက်တောင် အဖိုးမတန်ပါဘူးကွယ်။ ဒါဟာ စပါးလုံးလေးပဲ

ဖြစ်လိုက်ပါတော့”လို့ပြောလိုက်ပါတယ်။


အသုံးမဝင်တဲ့ အလှအပ ဟာ တန်းဖိုးမရှိပါဘူး။

အရာရာဟာ အသုံးချမှ အသုံးကျတာပါ။

အသုံးကျမှလည်း

တန်းဖိုးရှိပါတယ်

ပညာတွေ ဘယ်လောက်တတ်တတ်၊

တတ်တဲ့ပညာတွေကိုအသုံးချမှ အသုံးကျတာပါ။

ဘွဲ့ဒီဂရီတွေ ဘယ်လောက်ပဲ ရရ၊

ရတဲ့ဘွဲ့ဒီဂရီကိုအသုံးချပါမှ အသုံးကျပါတယ်။

တန်းဖိုးရှိတဲ့သူတွေဖြစ်အောင် တတ်သိတဲ့ပညာတွေကို အသုံးချ နိုင်ကြပါစေ။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com