တစ်ခါတုန်းက တာချီလိတ်က ဟိန်းဆေးခန်းကို
 အသက်ကြီးကြီးလူနာအဖွားကြီး တစ်ဦးရောက်လာပါတယ်။
လူနာ အဖွားကြီးက ပြောတယ်။
“ ဒေါက်တာ…
အဖွား လက်ဖက်ရည် သောက်တဲ့အခါမှာ 
ညာဖက်မျက်လုံး သိပ်နာတာပဲကွယ် ”
ဒေါက်တာ အောင်ဝင်းမြင့် ပြန်ပြောလိုက်တာက 
“ အဖွား
နောက်ကို ဇွန်းကို ဖယ်ပြီး သောက်ပါ 
မျက်လုံးနာတာ ကောင်းသွားမှာပါ ”


 
 
