Thursday, July 19, 2012

"အသက်နဲ့လဲပြီး ကာကွယ်နိုင်တဲ့ တန်ဖိုးထားစရာ..."




(2)  Something to live for
ဘာအတွက် အသက်ရှင်သလဲလို့ မေးရင် အဖြေရှိရမယ်။
ဘာအတွက် အသက်ရှင်နေရမှန်း မသိရင် Something to live for မရှိဘူး။
စားဝတ်နေရေးထက် ပိုပြီးမြင့်တဲ့ ရည်မှန်းချက် ရှိရမယ်။           
ဒါမှ ဘဝကို စုစည်းပေးတဲ့ value ရှိတယ်။
အဓိပ္ပာယ်ရှိတဲ့ ရည်မှန်းချက်ရှိဖို့ လိုတယ်။
ဒါလုပ်ဖို့ အသက်ရှင်နေရတာလို့ ပြောစရာရှိရမယ်။
လုပ်လည်း လုပ်နေရမယ်။
တချို့အလုပ်ကို ငွေမရပေမယ့် လုပ်သင့်တယ်။
ငွေရမှလုပ်မယ် ငွေမရရင် ဘာမှမလုပ်ဘူးဆိုရင် ဘဝကို ငွေနဲ့တန်ဖိုးဖြတ်ထားသလို ဖြစ်နေမယ်။
တချို့အလုပ်တွေကို ငွေနဲ့တန်ဖိုးဖြတ်လို့ မရဘူး။
ငွေနဲ့တန်ဖိုးဖြတ်လို့ မရတာကို လုပ်မှ အဓိပ္ပာယ်ပိုရှိတယ်။
စိတ်ကျေနပ်မှု ပိုရတယ်။

++++++++++++++++++++++++++++++++++++

တချို့လူတွေ ကောင်းကောင်း စားဖို့၊ ကောင်းကောင်း ဝတ်ဖို့၊
ကောင်းကောင်း နေဖို့ အသက်ရှင်နေကြတယ်။
ဒီထက်ပိုတဲ့အကြောင်း သိပ်မရှိဘူး။
စားဝတ်နေရေး အဆင့်မြင့်တာ ကောင်းပါတယ်။
ဒါပေမယ့် စားဝတ်နေရေးထက် ပိုပြီး အဆင့်မြင့်တာ ရှိဖို့လိုပါတယ်။
တချို့လူတွေဟာ သိတတ်တဲ့အရွယ်ကတည်းက Searching for something more
စားဝတ်နေရေးထက် ပိုမြင့်တာကို ရှာတယ်။
သူတို့ကိုကြည့်ရင် ဦးတည်ချက်တစ်ခုနဲ့ ဘဝကိုနေသွားနေတယ်ဆိုတာ မြင်ရတယ်။
ငွေရတိုင်း မလုပ်ဘူး။
အလုပ်ကို ခံယူချက်နဲ့လုပ်တယ်။
သူ့ခံယူချက်နဲ့မကိုက်ညီရင် ငွေဘယ်လောက်ရရ မလုပ်ဘူး။
သူဟာ စားဖို့ အသက်ရှင်နေတာ မဟုတ်ဘူး။
အသက်ရှင်ဖို့ စားနေတာ။
I don’t live to eat. I eat to live. ပြောနိုင်တဲ့သူပဲ။

++++++++++++++++++++++++++++++++++++

ကုန်ကျစရိတ်ဆိုတာနဲ့ တန်ဖိုးဆိုတာ မတူပါဘူး။
ကျန်မာရေးမကောင်းတဲ့သူ သေတော့မယ့်အခြေအနေမှာ တကယ်လိုတဲ့ဆေးကို
ထိုးလိုက်လို့ အသက်ရှင်တယ်ဆိုရင် အသက်ကို ကယ်နိုင်တဲ့ဆေးဟာ
ဘယ်လောက်ပေးရသလဲလို့မေးရင် ကုန်ကျစရိတ်ကို ပြောလို့ရတယ်။
ဘယ်လောက်တန်ဖိုးရှိသလဲလို့ မေးရင်
အသက်လောက်တန်ဖိုးရှိတယ်လို့ ဖြေရမယ်။
ငွေနဲ့တိုင်းပြီးဖြေလို့ မရဘူး။
တချို့လူတွေဟာ ကုန်ကျစရိတ်ကိုပဲ သိတယ်။
တန်ဖိုးကို မသိဘူး။

++++++++++++++++++++++++++++++++++++



(3)  something to die for

သေရမယ်ဆိုရင်တောင် အသေခံပြီး လုပ်ရဲတဲ့ အလုပ်ရှိဖို့လိုတယ်။
အသက်နဲ့လဲပြီး ကာကွယ်နိုင်တဲ့ တန်ဖိုးထားစရာ ရှိရမယ်။
တချို့အကျင့်စာရိတ္တကို တန်ဖိုးထားတယ်။ 
ဂုဏ်သိက္ခာကို တန်ဖိုးထားတယ်။
လွတ်လပ်မှုကို တန်ဖိုးထားတယ်။
လွတ်လပ်မှုအတွက် အသေခံတယ်။

++++++++++++++++++++++++++++++++++++

မြန်မာပြည်အတွက် လွတ်လပ်ရေးအတွက် အသက်ကိုပေးသွားတဲ့သူတွေ အများကြီး ရှိခဲ့တယ်။
သူတို့ဟာ ကြေးစားစစ်သား မဟုတ်ဘူး။
သူတို့အကြောင်းကို မမေ့သင့်ဘူး။
သူတို့ အသက်နဲ့လဲပြီး ရအောင်ယူခဲ့တဲ့ လွတ်လပ်ရေးကို တန်ဖိုးထားရမယ်။
အသက်နဲ့လဲပြီး ကာကွယ်ရမယ်။
အသက်ထက်ပိုပြီး တန်ဖိုးထားတာရှိဖို့ လိုတယ်။
အဲဒါ တော်တော် ရှားတယ်။

++++++++++++++++++++++++++++++++++++

Studies confirm that an important ingredient of well-being is the sense of meaning and purpose.
ဘဝအဓိပ္ပာယ်ရှိတာနဲ့ ဘဝဦးတည်ချက်၊ ရည်မှန်းချက်ရှိတာဟာ
စိတ်ချမ်းသာဖို့ လိုအပ်ချက်တစ်ချက်ဖြစ်တယ်လို့ တွေ့ရှိရတယ်။

++++++++++++++++++++++++++++++++++++

A loss of meaning accentuates today’s epidemic depression.
ဘဝအဓိပ္ပာယ်ပျောက်နေတာဟာ အခုခေတ်မှာ depression စိတ်ကျရောဂါ ကပ်ဆိုးကြီးကို
ပိုဆိုးစေတယ်လို့ စိတ်ပညာရှင်ကြီးများက တွေ့ရှိရတယ်။
Epidemic ဆိုတာ လူများစုဖြစ်နေတာလို့ ဆိုလိုတယ်။
 loss of meaning ဖြစ်ရင် depression ပိုဆိုးမယ်။
depression ပျောက်ချင်ရင် အရာရာတိုင်းရဲ့ လေးနက်တဲ့အဓိပ္ပာယ်ကို မြင်အောင် ကြည့်ရမယ်။
ကိုယ့်ဘဝမှာ ဖြစ်သမျှ အဓိပ္ပာယ်ရှိတယ်လို့ မြင်ဖို့လိုတယ်။
အဓိပ္ပာယ်ရှိတာကို လုပ်နေဖို့လည်း လိုတယ်။

++++++++++++++++++++++++++++++++++++

The self is a very poor site for finding meaning.
အတ္တဟာ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိဖို့ အလားအလာ အင်မတန်နည်းတဲ့ နေရာ ဖြစ်တယ်။
ရွှေတို့ ကျောက်တို့ တူးတဲ့နေရာကိုလည်း site လို့ ခေါ်တယ်။
ဘဝအဓိပ္ပာယ်ကို ရှာချင်ရင် တစ်ကိုယ်ကောင်းဆန်တဲ့အလုပ် (site) ထဲမှာ ရှာလို့ မရနိုင်ဘူး လို့ဆိုလိုတာပါ။
ကိုယ်ကျိုးကို အဓိကထားတဲ့သူဟာ လုပ်သမျှအဓိပ္ပာယ်မဲ့နေမယ်။
( ဘယ်သူတွေ အဓိပ္ပာယ် မဲ့နေသလဲ)
ကိုယ်ကျိုးနဲ့အများအကျိုးကို မျှအောင် လုပ်နိုင်ရင် ပိုကောင်းပါတယ်။
အမြဲတန်း အနစ်နာခံတယ် ဆိုတာလည်း သိပ်မကောင်းပါဘူး။

++++++++++++++++++++++++++++++++++++

ဘဝမှာ ဦးတည်ချက်တစ်ခု ရှိရမယ်။
ကိုယ်လုပ်တဲ့ ကိစ္စမှန်သမျှဟာ အဲဒီဦးတည်ချက်ကို အထောက်အကူပေးနေရမယ်။
အဲဒီဦးတည်ချက် ရည်မှန်းချက်နဲ့ဆန့်ကျင်တာ ဘာမှ မလုပ်ရဘူး။
ကိုယ်လုပ်သမျှဟာ ကိုယ် တန်ဖိုးအထားဆုံးကိစ္စ ဖြစ်မြောက်အောင် တစ်နည်းနည်းနဲ့ အကျိုးပြုနေတယ်ဆိုရင်
လုပ်တိုင်း အားတက်နေမယ်။

++++++++++++++++++++++++++++++++++++

တချို့လည်း ကောင်းမွန်တဲ့စာပေတွေ စာဖတ်သူတွေ ဖတ်နိုင်ဖို့ လုပ်နေကြတယ်။
လူ့အခွင့်အရေးတွေကို ရဖို့ လုပ်နေကြတယ်။
ပညာရေး အဆင့်မြင့်ဖို့ လုပ်နေကြတယ်။
လွတ်လပ်မှုရှိဖို့ လုပ်နေကြတယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်အကျိုးကနေ စပါ။ 
ဒါပေမယ့် ကိုယ့်အကျိုးမှာပဲ လမ်းမဆုံးပါစေနဲ့။
ကိုယ့်ကိုယ်ကို ကိုယ် နားလည်ဖို့လုပ်ပါ။
ဒါပေမယ့် ကိုယ့်အကြောင်းကိုပဲ တွေးမနေပါနဲ့။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++
ပြီးစီး/အောင်မြင်.....
++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၃၂)...


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com