Wednesday, October 27, 2010

“ ကောင်းကွက်ကိုရှာ မေတ္တာ…”



ဘုရားရှင်လက်ထက်က အရှင်သာရိပုတ္တရာမထေရ်မြတ်

ဟောကြားထားတဲ့ တရားတော်ဖြစ်ပါတယ်။


တစ်နေ့သောအခါမှာ

ပံသကူ ဒုတင်ဆောင် ရဟန်းတစ်ပါးဟာ

လွယ်အိတ်တစ်လုံးကိုပုခုံးတွင်လွယ်၊

ဒုတ်ကောက်တစ်ချောင်းကိုကိုင်ပြီး

အမှိုက်ပုံတွေဆီကို ထွက်လာခဲ့ပါတယ်။


သူတစ်ပါးတွေ မလိုအပ်တော့တဲ့ အဝတ်အတို၊အစတွေကို

အမှိုက်ပုံတွေ၊ သင်္ချိုင်းတွေမှာလွှတ်ပစ်လေ့ရှိကြပါတယ်။


အဲဒီရဟန်းက သူတစ်ပါးမလိုတော့လို့ လွှတ်ပစ်ထားတဲ့

အဝတ်အပိုင်း၊အစတွေကို လိုက်ကောက်ပါတယ်။

ရဟန်းဟာ အဝတ်စတစ်စကို ကောက်၊

ဆွေးနေတဲ့ အပိုင်း၊

မစင်တွေပေနေတဲ့အပိုင်းကို စုတ်ပစ်ပါတယ်။

ပြီးတော့ အမှိုက်ပုံမှာ ပြန်ပစ်ခဲ့ပါတယ်။


ကောင်းတဲ့အပိုင်းအစတွေကို လွယ်အိတ်ထဲထည့်ပါတယ်။

ပြီးတော့ နောက်အမှိုက်ပုံတစ်ခုဆီကိုသွားပြန်ပါတယ်။

မကောင်းတဲ့အပိုင်းအစကို အမှိုက်ပုံမှာပြန်စွန့်ခဲ့ပြီး၊

ကောင်းတဲ့အပိုင်းအစကိုတော့ လွယ်အိတ်ထဲထည့်ပြန်ပါတယ်။


ဒီလိုနည်းနဲ့ အမှိုက်ပုံတကာကိုသွား၊

မကောင်းတာကို စွန့်ပစ်၊

ကောင်းတာကို ယူ၊ လွယ်အိတ်ထဲထည့်။

ကျောင်းပြန်ရောက်တော့ လွယ်အိတ်ကို သွန်ချ၊

ကောင်းတာတွေပဲ ရ။

အဲဒီကောင်းတဲ့ အဝတ်အပိုင်းအစကို စပ်ပြီး သင်္ကန်းချုပ်တော့

သင်္ကန်းကောင်းတစ်ထည် ရပါတယ်။

အဲဒီလို မျိုးပါပဲ။

အကောင်းဆိုတာမျိုးက နည်းနည်းချင်းစုမှ ရတတ်တာပါ။


ဒါကြောင့်

ကောင်းတာကို ကြည့်ပါ။

ကောင်းတာကို နားထောင်ပါ။

ကောင်းတာကို စဉ်းစားပါ။

ကောင်းတာကို ပြောပါ။

ကောင်းတာကို လုပ်ပါ။


လို့ မေတ္တာရှေ့ထားပြီး တိုက်တွန်းလိုက်ချင်ပါတယ်။


[ ဒေါက်တာ အရှင် ဉာဏိဿရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဟောကြားတော်မူသည့်တရားတော်

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ( /၁၀ရက် )နေ့တွင်ဟောကြားသည့်တရားတော် မှ

ကောက်နူတ်ဖော်ပြပါသည်။ ]

“ ဒီပဲရင်း ဆုတောင်း…”




ငါသည် သူတစ်ပါးရဲ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရပါလို၏။


သူတစ်ပါးတို့ကလည်း ငါ့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ကြပါစေ။


ငါသည် ဘယ်သူ့ကိုမှ ဒုက္ခမပေးပါရစေနဲ့။


သူတစ်ပါးကလည်း ငါ့ကို ဒုက္ခမပေးပါစေနှင့်။


ဒီပဲရင်းဆရာတော်….



{ ဒီပဲရင်း ဆရာတော်ဟာ

တတိယ ရွှေကျင်သာသနာပိုင်ဖြစ်ပါတယ်။

ယ္ခုဆုတောင်းဟာ ပရမတ္ထစက္ခုကျမ်းမှာ

ရေးသားထားတဲ့ ဆုတောင်းဖြစ်ပါတယ်။ }



[ ဒေါက်တာ အရှင် ဉာဏိဿရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်

ဟောကြားတော်မူသည့်တရားတော်၊

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ( /၁၀ရက် )နေ့တွင်

ဟောကြားသည့်တရားတော် မှ

ကောက်နူတ်ဖော်ပြပါသည်။ ]

“ ဟုတ်ပေသားပဲ…”



ဆရာဝန်ဒေါက်တာအောင်ဇော်ထက် ဆီကို

အသက်ကြီးကြီး လူကြီးတစ်ယောက် ရောက်လာတယ်။


ဒေါက်တာ

ကျနော်ရဲ့အိမ်နားက တောင်ကုန်းပေါ် တက်တိုင်း

ရင်တုန်၊ ပန်းတုန်ဖြစ်တယ်။

အဲဒီအချိန်ဆိုရင် အသက်ကို ကောင်းကောင်း မရှုနိုင်ဘူး ”


ဘာကိစ္စနဲ့ တောင်ကုန်းပေါ်တက်ရတာလဲ။

အိမ်မှာ အေးအေးဆေးဆေး ထိုင်ပြီး

ပုံမှန်အသက်ရှုပါလား ”

“ အဖြူ အမည်းကွဲစေချင်....…”




သဲသဲဆိုတဲ့အမျိုးသမီးဟာ

အပျော်အပါးအတွက်

အများအမြင်အရ မသွားသင့်တဲ့နေရာကိုသွားရောက်ခဲ့ပါတယ်။

သူမရဲ့ အပြုအမူကို ကာကွယ်တဲ့အနေနဲ့


မိန်းကလေးတွေဟာလည်း ယောက်ျားလေးတွေလို

နေရာတိုင်းသွားနိုင်တယ်လို့ ကျမတော့ယူဆတာပဲ

လို့ပြောဆိုပါတယ်။


ဟုတ်တော့ဟုတ်တာပေါ့


ဟု သူမ၏ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မခိုင် က

ဝင်ပြောပြပါတယ်။


ဒါပေမယ့်လည်း

မခိုင်ရဲ့ အဖေ အလုပ်လုပ်တဲ့ ကျောက်မီးသွေးတွင်းမိုင်းကို

သွားကြည့်တုန်းက အဖြစ်အပျက်ကလေးကို ပြောပြပါတယ်။


မခိုင်က

အလွန်လှပတဲ့အ၀တ်အစား အဖြူရောင် လှလှလေးကိုဝတ်လာပါတယ်။

ကျောက်မီးသွေးတွင်းသို့ သွားရောက်လေ့လာတဲ့အခါမှာ

အဲဒီလို အဖြူရောင် အ၀တ် အစားလှလမ၀တ်သင့်ကြောင်း၊

အခြေအနေနှင့်မကိုက်ညီကြောင်း

ကျောက်မီးသွေးတွင်းလုပ်သားကြီးဖြစ်တဲ့ အဖေက ပြောပါတယ်။


ထိုအခါ အ၀တ်ဖြူဝတ်လာသော မခိုင်က


လမ်းပြအဖြစ်ပြသမဲ့ မိုင်းလုပ်သားကြီးအဖေကို

မိုင်းထဲသွားကြည့်တဲ့အခါ အခုလို အ၀တ်ဖြူကိုမ၀တ်ရဘူးလား


လို့ထပ် မေးကြည့်ပါတယ်။


ကျောက်မီးသွေးတွင်းမိုင်းလုပ်သားကြီးဖြစ်တဲ့အဖေက


ဒီမှာ သမီးလေး၊

မိုင်းထဲကိုသွားကြည့်တဲ့အခါ အ၀တ်အစားအဖြူရောင် မ၀တ်ရဘူးလို့တော့

သမီးကိုဘယ်သူကမှ မတားပါဘူးကွယ်။

ဒါပေမယ့်

မိုင်းကပြန်လာတဲ့အခါတော့ သမီးရဲ့

အင်္ကျီကို မူလအတိုင်း ဖြူဖြူဖွေးဖွေး တွေ့ရတော့မှာမဟုတ်ဘူး

လို့ ရှင်းပြလိုက်ပါတယ်။


ဒီလိုပါပဲ

နင်ဟာလည်း မသွားသင့်တဲ့နေရာကို သွားတဲ့အတွက်

နင့်ရဲ့ ဖြူစင်တဲ့အနေအထားကတော့ မူလအတိုင်း

ပြန်ပါလာမှာမဟုတ်ဘူးဆိုတာ သူငယ်ချင်း နားလည်စေချင်ပါတယ်။


လို့ ရှင်းပြလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com