Wednesday, October 27, 2010

“ တယ်စွမ်းတဲ့ငါပါလား…”


တစ်ခါတုန်းက
သစ်တောက်ငှက်တစ်ကောင်ဟာ
အသိုက်အမြုံကနေ ရက်ပေါင်းများစွာ ပျံသန်းခဲ့တဲ့အတွက်
သူဟာ သစ်တောတစ်ခုရဲ့အလယ်ကိုရောက်နေပါတယ်။
သူဟာပင်ပန်းနွမ်းနယ်နေတဲ့အတွက်
အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပင်စည်ထွားကြိုင်တဲ့ ထင်းရူးပင်တစ်ပင်ရဲ့
ထိပ်ဖျားကိုင်းပေါ်မှာ နားနေရင်း
ငါ ဆာလှပြီ၊
ဒီသစ်ပင်ရဲ့ အခေါက်တွေအောက်မှာ
ပိုးကောင်တစ်ချို့တော့ ရှိတန်ကောင်းပါရဲ့။
လို့စဉ်းစားပါတယ်။

အဲဒါကြောင့်
သစ်တောက်ငှက်ဟာ
သစ်ပင်ရဲ့ ပင်စည်ကို နှုတ်သီးနဲ့ အင်အားပြင်းပြင်းပေါက်ပါလေတော့တယ်။
သစ်တောက်ငှက်က သစ်ပင်ရဲ့ပင်စည်ကို နှုတ်သီးနဲ့ ပေါက်နေတဲ့အချိန်မှာပဲ
မိုးကြိုးပစ်ချလိုက်တဲ့အတွက်
အဲဒီသစ်ပင်ဟာ ထိပ်ကနေ အောက်ခြေအထိ နှစ်ခြမ်းကွဲသွားပါတော့တယ်။

အောက်ကို ကျသွားတဲ့ သစ်တောက်ငှက်ဟာ လူးလဲထပါတယ်။
သူ့ရဲ့ ပေကျံသွားတဲ့ အမွှေးအတောင်တွေကို ခါလိုက်ပြီး
သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပုံက

ဘယ်သူမဆို၊ မိမိ အသိုက်အမြုံက
မစွန့်ခွာခင်တော့
ကိုယ်တိုင် ဘယ်လောက်စွမ်းတယ်ဆိုတာ မသိနိုင်ခဲ့ပါဘူး
လို့။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com