Wednesday, October 27, 2010

“ နှစ်ယောက်စလုံးမှန်တယ်...”



တစ်ခါတုန်းက တောရွာတစ်ရွာမှာ လူနှစ်ယောက် စကားများရန်ဖြစ်ကြပါတယ်။
တောရွာဆိုတော့ ရွာဦးဘုန်းတော်ကြီးကျောင်းကိုရောက်လာကြပါတယ်။

ပထမလူက
ရန်ဖြစ်တဲ့အကြောင်းကို သူ့ဖက်က သူ့အမြင်ကို ပြောပါတယ်။
ဆရာတော် ဘုန်းကြီးက သေသေချာချာနားထောင်တယ်။
ပြီးတော့ စကားဆုံးသွားတော့
တကာကြီး မှန်တယ်
လို့ ပြောပါတယ်။

နောက်တစ်ယောက်ကလည်း
ရန်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး သူ့ဖက်က သူ့အမြင်ကို တင်ပြပြန်ပါတယ်။

ဆရာတော်ဘုန်းကြီးက
ခေါင်းတစ်ညိတ်ညိတ်နဲ့သေသေချာချာ နားထောင်ပါတယ်။

စကားဆုံးသွားတော့
တကာကြီး မှန်တယ်
လို့ ပြောတယ်။

ပထမလူက မကျေမနပ်ဖြင့်
ဆရာတော်
တပည့်တော်တို့ နှစ်ယောက်စလုံးမှန်တယ် ဆိုတာ
မဖြစ်နိုင်ဘူး
လို့ ပြောလိုက်ပါတယ်။

ဆရာတော်ဘုန်းကြီးရဲ့ မျက်လုံးများဟာ
အဲဒီ့ပထမလူရဲ့ စကားကို သဘောကျတဲ့အတွက် ပြုံးပြုံးကြီးလုပ်ပြီး၊

တကာကြီး မှန်တယ်ဆိုတာ တကာကြီး သိပါတယ်
လို့ ပြန်ပြောလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com