Saturday, May 8, 2010

“ လူ့တန်ဖိုး-၃...( နယူတန် )”



နယူတန်

(၁၆၄၂-၁၇၂၇)

ဆာအိုင်းဆက်နယူတန်ဟာ အင်္ဂလန်ပြည် လင်ကွန်းရှိုင်ယာရှိဝူး စသော့ရွာမှာ

၁၆၄၂ ခု ဒီဇင်ဘာ (၂၅) ရက်နေ့မှာ ဖွားမြင်တယ်။

ဖခင်က လယ်သမားဖြစ်ပြီး နယူတန်မမွေးမီ သုံးလအလိုက ကွယ်လွန်သွားခဲ့တယ်။

နယူတန်ဟာ ဂရင်းသန်မြို့ သဒ္ဒါသင်ကျောင်းမှာ ရှေးဦးစွာ စာသင်ကြားခဲ့စဉ်

စာမှာ စိတ်မဝင်စားတဲ့အတွက် အတန်းထဲမှာ အညံ့ဆုံးဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ တစ်နေ့တော့ သူ့ကို အမြဲလိုအနိုင်ကျင့်နေတဲ့ အတန်းသားတစ်ဦးကို အညံ့မခံလိုတာကြောင့်

အဲဒီကျောင်းသားကို လက်သီးနဲ့ ပြန်ထိုး သူ့ထက် တော်အောင်ကြိုးစားရာက

နောက်ဆုံးတစ်တန်းလုံးမှာ အတော်ဆုံး ဖြစ်လာခဲ့တယ်။


နယူတန်ဟာ ငယ်စဉ်ကပဲ သင်္ချာနဲ့ စက်ကိရိယာများ စိတ်ဝင်စားခဲ့သူ ဖြစ်ပြီး

အားလပ်ချိန်များမှာ ရေနာရီ၊ လေရဟတ်စက်နဲ့ တခြားကစားစရာ

အရုပ်လေးတွေ ပြုလုပ် အချိန်ဖြုန်းလေ့ ရှိတယ်။

နယူတန်ဟာ အလွန်ခင်တွယ်တယ်။

မိခင်ကို ကူညီလိုပြီး လယ်ယာအလုပ် ဝင်လုပ်ခဲ့ပေမဲ့ စိတ်မပါဘဲ

စာဘက်မှာသာ စိတ်အား ထက်သန်တာကြောင့်

နောက်ဆုံး မိခင်က နယူတန် ပညာ ဆက်သင်ဖို့ ကိန်းဗရစ်တက္ကသိုလ်ကို ပို့ခဲ့တယ်။

သူ့အသက် (၂၇) နှစ် အရွယ်ရောက်တဲ့အခါ

ပြိုင်ဘက်ကင်းလောက်အောင် ထူးချွန်ထင်ရှား လာတော့တယ်။


တက္ကသိုလ်ပညာ ဆည်းပူးနေစဉ် ကျောင်းပိတ်ရက်အတွင်း ဥယျာဉ်တစ်ခုထဲမှာ

ထိုင်နေခိုက်ပန်းသီးတစ်လုံး ကြွေကျတယ်။

ပန်းသီးဟာ တခြားအရပ်မျက်နှာကို လွင့်ထွက်မသွားဘဲ

ဘာကြောင့်မြေကြီးပေါ်မှာသာ ကျရသလဲလို့ သူတွေးတောကြံဆမိတယ်။

အဲဒီကမှ ဒြပ်ဝတ္တုတွေနဲ့ ဆွဲငင်သတ္တိကိုသူသိမြင်လာခဲ့တယ်။

နယူတန်ဟာ အရာဝတ္တုအချင်းချင်း ဆွဲငင်တဲ့အားအကြောင်း စဉ်းစားပြီး ဆွဲငင်ခြင်းသတ္တိ

နိယာမပြဌာန်းခဲ့တယ်။

အဲဒီနိယာမအရ အာကာသလဟာပြင်မှာ ရှိရှိသမျှ ဒြပ်ဝတ္တုတွေ

တစ်ခုကိုတစ်ခု ဆွဲငင်လျက်ရှိပြီး အဲဒီ အရာဝတ္တုနှစ်ခုတို့ရဲ့ ဆွဲအားဟာ

အဲဒီဝတ္တုတို့ရဲ့ အကွာအဝေးရဲ့ နှစ်ထပ်ကိန်းနဲ့ ပြောင်းပြန်အချိုးအစား ဖြစ်တယ်လို့ဆိုတယ်။


အဲဒီသဘာဝအရ ကမ္ဘာကို လှည့်ပတ်ရာမှာ ကမ္ဘာ့ဆွဲအားကြောင့်

စက်ဝန်ပုံလမ်းကြောင်း အတိုင်း လှည့်ပတ်သွားစဉ် ကမ္ဘာနဲ့ လတို့ အကြားရှိ ဆွဲအားဟာ

ကမ္ဘာ့ဗဟိုချက်နဲ့ လဗဟိုချက် အကွာအဝေးရဲ့ နှစ်ထပ်ကိန်းနဲ့ ပြောင်းပြန် အချိုးအစား ဖြစ်တယ်လို့

ရှင်းပြခဲ့တယ်။ သူဟာ အဖြူရောင်ရှိတဲ့ နေရောင်ခြည်မှာ သက်တန့်ရောင်ခုနှစ်မျိုး ပါဝင်ကြောင်း၊

အလင်းရောင်မှာ အလွန်သေးတဲ့ အလင်းမြူတွေ ပါဝင်ပြီး တစ်စက္ကန့်မှာ မိုင်ပေါင်း (၁၈၆,၀၀၀)

ခန့်ပြေးနိုင်ကြောင်း ဖော်ထုတ်ခဲ့တယ်။


"နယူတန်ရဲ့ လေးစားဖွယ် ယူဆချက်တွေဟာ

ကမ္ဘာ့သိပ္ပံလောကအတွက် ........................ဧရာမ ကျေးဇူးတရားတွေပါပဲကွယ်။"

“ ပြောရမှာတောင် အားနာပါတယ်”



တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ

အထည်ရောင်းစားတဲ့ဈေးသည်မတစ်ယောက်ရှိပါတယ်။


အဲဒီလို ဈေးရောင်းနေတဲ့အခိုက်မှာ

ယောကျာ်းဈေးဝယ်တစ်ယောက်ရောက်လာပြီး လုံချည်တစ်ထည် ဝယ်ပါတယ်။

ဒီတော့ ဈေးဝယ်သူကဒီ လုံချည် ဘယ်လောက်လဲဗျလို့မေးတော့

ဈေးသည်မ ကလည်းမောင်ကြီးရယ်ဈေးဆိုရမှာ အားနာလှပါတယ်။

မောင်ကြီးသာကြည့်ပြီးတော့ ဈေးပြောပါ။

ရောင်းသာရင်လဲ ရောင်းပါ့မယ် လို့ပြောပါတယ်။

ဒါပေမယ့် ဈေးဝယ်ယောကျာ်းကလည်း

ကျုပ်ဟာလဲ ဈေးပေးရမှာ အားနာတယ်။

နည်းသော်ရှိ များသော်ရှိ မကောင်းပါဘူး။

ခင်ဗျားပဲကြည့်ပြောပါ လို့ပြန်ပြောပါတယ်။

ဒီတော့ ဈေးသည်မကလည်း

အိုပေးသာပေးပါ၊ ကျမဈေးဆိုရတာ အားနာတယ်လို့ ပြန်ပြောပါတယ်။


ဈေးဝယ်ယောကျာ်းကလည်း

ဟာဗျာကျုပ်ကလည်း အားနာတတ်တာပဲ၊

အားနာတတ်တာမှ မပြောပါနဲ့တော့၊

ကျုပ် အားနာမိတာ ငွေ သုံးသိန်းကုန်တဲ့အထိ အားနာမိပါတယ်ဗျာ လို့ပြောတော့

ဈေးသည်မက အားကျမခံပြန်ပြောတာက

အမယ်လေးမောင်ကြီးအားနာတာက ငွေသုံးသိန်းရယ်ပါ၊

ကျမဖြစ်ပုံလောက် မဆိုးသေးပါဘူး။

ကျမ အားနာတာက ဟောဒီ ကလေးခြောက်ယောက်ကိုကြည့်၊

တစ်ယောက်မှ အဖေမပေါ်ဘူးလို့ပြောသတဲ့။


ကဲကောင်းကြသေးရဲ့လား၊

အားနာလိုက်ပုံက ပြောရမှာတောင် အားနာပါတယ်။

တကယ်တော့ အားနာတယ်ဆိုတာ

စိတ်ဓါတ်ပျော့ညံ့တယ်လို့ဘဲပြောရမလား?

ကြောက်တဲ့စိတ်ကြောင့်လို့ဘဲပြောရမလား?

ဘာဘဲဖြစ်ဖြစ် အားနာတာတော့ မကောင်းတာတော့ အမှန်ပါပဲ။

အားနာတဲ့စိတ်ကြောင့် တကယ်တန်းတော့ ကိုယ်ဘဲ နစ်နာတာပါ။

အားနာတဲ့စိတ်ကို အတတ်နိုင်ဆုံး ပယ်ဖျောက်သင့်ပါတယ်။

“ နှစ်ခုစလုံး…”



ဗိုလ်မှူးကြီး ဟာ မကြာခဏ တပ်များကို စစ်ဆေးလေ့ရှိပါတယ်။

တပ်များကို လိုက်လံစစ်ဆေး တဲ့ ဗိုလ်မှူးကြီး ရောက်မလာခင်

တပ်စုမှူးက တပ်သားသစ်များကို မှာကြားနေပါတယ်။

အမှားအယွင်းမဖြစ်အောင် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။


သေသေချာချာ မှတ်ထားကြ၊

ဗိုလ်မှူးကြီးဟာ မေးခွန်းသုံးခုကိုပဲ

အမြဲမေးလေ့ရှိပါတယ်။

တစ်ကမင်းအသက်ဘယ်လောက်လဲ…”

နှစ်ကတပ်ထဲမှာ ဘယ်လောက်ကြာပြီလဲ

သုံးကစစ်သားဘဝ နဲ့ အရပ်သားဘဝ ဘယ်ဟာကို ပိုကြိုက်သလဲ

ဆိုတဲ့မေးခွန်းတွေပဲ။


ဒီတော့ ပထမမေးခွန်းကို၂၁-နှစ်

ဒုတိယမေးခွန်းကို-

တတိယမေးခွန်းကိုနှစ်ခုစလုံး

လို့ ဖြေကြရမယ်။

သေသေချာချာ မှတ်ထားကြနော်။

မမှားစေနဲ့လို့ အမိန့်ပေး ညွှန်းကြားနေပါတယ်။


ဗိုလ်မှူးကြီး ရောက်လာပါတယ်။

တန်းစီနေတဲ့ စစ်သားများ ရှေ့ဖြတ်လျှောက်ရင်း တစ်ယောက်ကို မေးတယ်။

ဒီတစ်ခါတော့ ဗိုလ်မှူးကြီးက ဘာစိတ်ကူးပေါက်သွားသလဲ မသိပါ။

မေးခွန်း အစီအစဉ်ပြောင်းသွားပါတယ်။


တပ်ထဲမှာ ဘယ်လောက်ကြာပြီလဲ

တပ်သားက၂၁-နှစ်ပါ

ဗိုလ်မှူးကြီးက

မင်းအသက် ဘယ်လောက်လဲ

ခြောက်လ

ဗိုလ်မှူးကြီးဟာ စိတ်ရှုတ်သွားတယ်။

ဒါနဲ့ပဲ တပ်သားနားကပ်ပြီး ရင်းရင်းနှီးနှီးဖြင့်ပြောလိုက်တယ်။


မင်း ဘယ်လိုထင်တုံး၊

မင်း ခေါင်းချောင်နေသလား၊

ဒါမှမဟုတ်

ငါ့ခေါင်းပဲ ချောင်နေသလားကွ ဟေ


တပ်သားပြန်ဖြေလိုက်တာက

နှစ်ခုစလုံးပါ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com