Friday, December 14, 2012

"ခေါင်းဆောင်ကောင်းဆိုတာ..."



ခေါင်းဆောင်ကောင်းဆိုတာ
လုပ်ဆောင်ချက်ရဲ့အမှတ်အသားတစ်ခုသာ ဖြစ်တယ်။
ရာထူးမဟုတ်ပါဘူး။

Anonymous


ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့ စာစုများ...ကျနော်




သင် အသက်၂၀ဖြစ်ဖြစ်၊ အသက် ၈၀ဖြစ်ဖြစ်
သင်ဟာ သင်ယူလေ့လာမှုကို ရပ်ပစ်ပြီးဆိုတာနဲ့
သင် အိုသွားပြီ။
သင်ယူလေ့လာမှုက သင့်ကို နုပျိုစေတယ်ဆိုတာ မမေ့နဲ့။
ဘဝမှာ အရေးအကြီးဆုံးက
သင့်ရဲ့စိတ်ဓာတ်ကို နုပျိုအောင် 
ထိန်းသိမ်းထားဖို့ လိုပါတယ်။
Henry Ford


ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့ စာစုများ...ကျနော် 






အသိပညာ မြင့်မားလာလေလေ
ထူးဆန်း အံ့သြ အတုယူအားကျစရာတွေ
တွေ့ရလေလေပါပဲ။
Ralph W. Sockman


ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့ စာစုများ...ကျနော်






 မိုးသာမရှိခဲ့ရင်

သက်တန့်ရောင်စုံလည်း ရှိမှာမဟုတ်ဘူး။ 


 Gilbert Chesterton
 


ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့ စာစုများ...ကျနော်






“အမေ့ကို ကျနော် ချစ်တယ်…”

အသက် (၁၀)နှစ်တုန်းက
ကျနော်အမေ့ကို ချစ်တယ်။
အသက်(၁၄)နှစ်တုန်းက
အမေဟာ စိတ်ပျက်စရာအတော်ကောင်းတယ်။
အသက်(၁၈)နှစ်တုန်းက
ကျနော် အိမ်က ထွက်သွားချင်ခဲ့တယ်။
အသက်(၂၅)နှစ်တုန်းက
အမေဟာ မှန်ပါတယ် အမေ။
အသက်(၃၀)နှစ်တုန်းက
အမေ ကျနော့်ကို ခွင့်လွှတ်ပါနော်။
အသက်(၅၀)အရွယ်ရောက်လာတော့
ကျနော် အမေကို အဆုံးရှုံးမခံချင်ဘူးအမေ။
အသက်(၇၀)အရွယ်ရောက်တော့
အမေ့ကို ကျနော် အများကြီးချစ်တယ်အမေ။
 

ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့ စာစုများ...ကျနော်



ကျွန်ုပ်တို့အားလုံးဟာ ကြီးကျယ်တဲ့အလုပ်တွေကို မလုပ်နိုင်ကြပါဘူး။
ဒါပေမယ့် ကျွန်ုပ်တို့အားလုံးဟာ သေးငယ်တဲ့အလုပ်တွေကို
 ကြီးမားတဲ့မေတ္တာနဲ့တော့ လုပ်နိုင်ပါတယ်။
Mother Teresa
 
ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့စာစုများ...ကျနော် ကြိုက်တဲ့ စာစုများ...ကျနော်





လုပ်ငန်းရှင်သူဋ္ဌေးတစ်ယောက်နဲ့

ခေါင်းဆောင်တစ်ယောက်တို့ရဲ့
အဓိက ခြားနားချက်ကတော့
လုပ်ငန်းရှင်သူဋ္ဌေးက
 “သွားပါ” လို့အမိန့်ပေးတယ်။
ခေါင်းဆောင်ကတော့ 
“သွားကြရအောင်” လို့ ပြောတယ်။

E.M. Kelly

++++++++++++++++





သင့်ရဲ့နိုင်ငံတော်က သင့်အတွက်
ဘာလုပ်ပေးနိုင်သလဲလို့ မမေးပါနဲ့။

သင်က သင့်ရဲ့နိုင်ငံတော်အတွက်
ဘာလုပ်ပေးနိုင်သလဲလို့ အရင်မေးပါ။

John F.Kennedy
(အမေရိကန်နိုင်ငံတော်ရဲ့သမ္မတ)
 
 

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com