Monday, October 29, 2012

"ကွန်ပျူတာရဲ့နောက်ကွယ်မှာ..."


 
ကွန်ပျူတာရဲ့နောက်ကွယ်မှာ ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာများနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းများကို ပြောချင်တာပါ။
အနာသိရင် ဆေးရှိပါတယ်။ သိပြီး ကာကွယ်နိုင်ဖို့ အတွက် 
တင်ပြလိုက်တာပါနော်။

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာအောင် အသုံးပြုသူများအတွက်
 ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးပြဿနာတွေကတော့… 




၁။ အမြင် အာရုံကြောများ အားနည်းခြင်း (Decreasing eyesight)

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက်
အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။
ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင့်
မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@




၂။ ကြွက်သားများ အားနည်းခြင်း (Muscle weakening)

 
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။
လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး
ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှုမရှိတဲ့အတွက်
အဓိက ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ နှေးကွေးလာတတ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@


၃။ RSI (Repetitive strain injury)

ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေရမှုကြောင့်
အမြဲတမ်းအသုံးပြုနေရတဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။
ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက
အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@



၎။ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Mental side effects)

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်ပြင်ပမှာ
 လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။
Facebook, G-talk တို့လို  ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေကို ဘယ်လိုသုံးသုံး
တကယ့်ပြင်ပ လူမူကွန်ရက်နဲ့ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။
ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@



၅။ ခါးနဲ့ဆိုင်သော ပြဿနာများ (Back Problems)

ခါးနာတာကတော့ ဖြစ်ကိုဖြစ်ရမယ့် ရောဂါဝေဒနာတစ်ခုပါ။
ဘယ်လောက် သက်တောင့်သက်သာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင်
ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေအတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ်ပါတယ်။
အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့်
အသက် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲတဲ့ ဝေဒနာဟာ
 ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

မှားယွင်းတဲ့အနေအထားများ...

@@@@@@@@@@@@@@@@@@@@@@@@@@@

ကာကွယ်နိုင်တဲ့နည်းလမ်းများကတော့...

ပထမ တစ်ချက်ဖြစ်တဲ့  အမြင် အာရုံကြောများ အားနည်းခြင်း (Decreasing eyesight)
အတွက်ကတော့…
ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀-၃၀ တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားအဝေးတစ်နေရာတစ်ခုခုကို ကြည့်ရှုပေးသင့်ပါတယ်။
မျက်တောင်ခတ်ပေး ရပါမယ်။
နည်းနည်းခပ်ဝေးဝေးမှာရှိတဲ့ အစိမ်းရောင်ဖြစ်တဲ့
အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ပေးရပါမယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

နံပါတ်၂ ဖြစ်တဲ့ ကြွက်သားများ အားနည်းခြင်း (Muscle weakening) နဲ့
နံပါတ် ၃ ဖြစ်တဲ့ RSI (Repetitive strain injury) အတွက်ကတော့
အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။
အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။
အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး
အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်းမာနေမှုတွေ ကို လျော့ချပေးနိုင်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

အချက်၎ ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Mental side effects)
အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊
 အာရုံများများ စိုက်ရတဲ့ Program အစီအစဉ်တွေကို နားနားနေနေ လုပ်ဆောင်ဖို့နဲ့
ဂိမ်းတို့မှာ နားနားနေနေနဲ့ ဆော့ကစား ပေးဖို့လိုအပ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

အချက် ၅ ဖြစ်တဲ့ ခါးနဲ့ဆိုင်သော ပြဿနာများ (Back Problems)
အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊
ကြောရိုးဆန့်အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။
အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။
အလွယ်ဆုံးလုပ်ဆောင်ဖို့ လိုအပ်တာကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။
ဒါကလည်း  အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။









လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com