Thursday, November 18, 2010

“ အကြံပေးချင်ပါတယ်…”



ရိုးသားတာနဲ့အမျှ

အလုပ်ကို ကြိုးစားလုပ်တဲ့ ကိုတင်ဝင်းဟာ

ရုံးကိုလာတိုင်း ဖိုသီဖတ်သီနိုင်လှပါတယ်။


လုံချည်မှာ မီးပူတိုက်တာလည်း မရှိပါ။

အမြဲတမ်းကြွေမွနေတတ်တယ်။

ရှပ်အင်္ကျီမှာလည်း အဲဒီအတိုင်းဖြစ်တယ်။

တိုက်ပုံဆိုရင်လည်း ကြေနေတဲ့အပြင်

မင်းစွန်းရာများ နေရာအနှံ့အပြားမှာရှိနေပါတယ်။


ဘယ်လိုမှ ကြည့်မကောင်းဖြစ်လွန်းတဲ့အတွက်

ရုံးက အရာရှိကြီးက

စေတနာ ဒေါသောနဲ့ပြောပြီးအကြံပေးတာက….......


ကိုတင်ဝင်း၊

ခင်ဗျား အိမ်ထောင်ရှိ၊မရှိတော့

ကျနော်မသိဘူး၊

ဘာဘဲဖြစ်ဖြစ်

ခင်ဗျားကို ကျနော် အကြံပေးချင်တယ်။

ခင်ဗျား လူပျိုကြီးဆိုရင် မိန်းမယူလိုက်၊

အဲ မိန်းမရှိပြီးသားဆိုရင်

အဲဒီမိန်းမကိုကွာလိုက်၊

“ သားသမီးဆိုတာ အဖိုးအတန်ဆုံးရတနာ…”



ကော်နယ်လီယာဟာ
စိတ်ထားမြင့်မြတ်တဲ့ ရောမအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
သူမဟာ အင်ပါရာဘုရင်ကြီးရဲ့မိဖုရားဖြစ်တယ်။
သူမတွင် သားငယ်လေး နှစ်ဦးရှိတယ်။
အဲဒီသားတွေကို အလွန်မြတ်နိုးချစ်ခင်ပြီး
သူတို့အတွက် ဂုဏ်ယူမဆုံးဖြစ်ပါတယ်။
အခြားကလေးတွေ ဆုံးပါးကုန်ပြီဖြစ်တဲ့အတွက်
အဲဒီကလေးနှစ်ဦးကို အထူး ချစ်ခင်မြတ်နိုးပါတယ်။

တစ်နေ့မှာတော့
အခြားရောမလူမျိုး မင်းမျိုးမင်းနွယ်တစ်ဦး အလည်ရောက်လာပါတယ်။
သူမနဲ့အတူ ပါလာတဲ့ တန်ဖိုးထိုက်တဲ့ ရတနာတွေကို
အိမ်ရှင် ကော်နယ်လီယာကို ပြသပါတယ်။
ဧည့်သည်အမျိုးသမီးက သူပိုင်ရတနာတွေပြပြီး
ကော်နယ်လီယာအား
သူမပိုင် ရတနာကို ပြရန် တောင်းဆိုပါတယ်။

အဲဒီအခါ အခန်းထဲပြေးဝင်လာတဲ့
ကလေးငယ်နှစ်ဦးကို လက်ညှိုးထိုးပြီး
အဲဒါတွေက ကျမရဲ့ ရတနာတွေပါပဲ
လို့ပြောလိုက်ပါတယ်။

“ ပြန်သတိရလေတိုင်း...”



ရန်ကုန်-မန္တလေး အမြန်ရထားအိပ်ခန်းတွဲ တစ်ခုတွင်

အသက် ခုနစ်ဆယ်ကျော် ဦးအုန်းကြိုင်ဆိုတဲ့ အဖိုးအိုနဲ့

အလွန်ချောမောလှပတဲ့ မခင်ပပဆိုတဲ့

အသက် ဆယ့်ရှစ်နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့လိုက်ပါလာကြတယ်။

အဖိုးအိုဟာ အမျိုးသမီးငယ်ကို ရံဖန်ရံခါ ကြည့်တယ်။


အဲဒီနောက် ထွီ ဆိုပြီးအသံပြုပြီး တံထွေး ထွေးဟန်လုပ်တယ်။

ခဏခဏ ဖြစ်လာရာ ခင်ပပက အသံကိုမြှင့်ပြီးမေးလိုက်ပါတယ်။

ထွီ၊

ထွီ

ဆိုပြီးတံထွေးထွေးသလို

လုပ်နေတာက ဘာသဘောလဲရှင့်


ဦးအုန်းကြိုင်က

စိတ်မဆိုးပါနဲ့၊

မိန်းကလေးကို ရည်ရွယ်တာ မဟုတ်ပါဘူးကွယ်။

မိန်းမချောကလေးတွေကို မြင်တိုင်း

အိမ်က မိန်းမကို သတိရလို့ပါ။

ထွီ

“ လူငယ်ဆိုတာ မျှော်လင့်ချက်ရှိပါမှ…”


နယူးယောက်မြို့ရှိ
ဆိုးသွမ်းလူငယ်များအားတရားစီရင်တဲ့ တရားရုံးတစ်ခုတွင်
အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဖခင်တစ်ဦးက
သူနဲ့သူ့ဇနီးတို့ဟာ သူတို့သားလူဆိုးလူတေ မဖြစ်အောင်
လုပ်ခဲ့သမျှ သဲထဲရေသွန်သလို အဟောသိကံ ဖြစ်ရကြောင်း
ညည်းညည်းညူညူပြောပါတယ်။

ဖခင်က
တရားသူကြီးမင်းခင်ဗျား၊
ကျနော်တို့ ဒီကလေးကို လက်လျှော့ရပါတော့မယ်။
သူ့ကို အမွေပြတ်ဖြတ်ရပါတော့မယ်။
သူ့အတွက် နောက်ထပ် ဘာလုပ်ပေးနိုင်မယ်ဆိုတာ မမြင်တော့ပါဘူး။
လို့ ပြောပါတယ်။

တရားသူကြီးက...
ခင်ဗျားရဲ့သားကို အခု စွန့်လွှတ်လိုက်ရင်
ခင်ဗျားတို့ သူ့ကို ထာဝရ ဆုံးရှုံးရပါလိမ့်မယ်။
ခင်ဗျားတို့အပေါ် ယုံကြည်အားထားခြင်းဆိုတဲ့
နောက်ဆုံးပိတ် သံယောဇဉ်ကြိုးတန်းလေးကို
ဖြတ်ပစ်ရာရောက်ပါလိမ့်မယ်။
လို့
စိတ်ပျက်နေတဲ့ ဖခင်ကို ပြန်ပြောလိုက်ပါတယ်။

“ အကြွားသန်သူ…”


တစ်ခါတုန်းက

အလွန်အကြွားသန်တဲ့

တက်ဆက်ပြည်နယ်သားတစ်ဦးရှိပါတယ်။


သူပိုင်တဲ့ ခြံမှာ အလွန်ကျယ်ဝန်းကြောင်း

သူရဲ့မိတ်ဆွေ အင်္ဂလိပ်လူမျိုးကို ရှင်းပြပါတယ်။


ကျနော့်ခြံက ဘယ်လောက်ကျယ်သလဲဆိုရင်၊

မနက်စောစော အိပ်ရာကထပြီး၊ကျနော့်ကားနဲ့

ခြံတစ်ပတ်မောင်းတာ၊

ညနေ နေဝင်တဲ့အထိ အိမ်ကို ပြန်မရောက်ဘူး၊

အဲဒီလောက် ကျယ်ပါတယ်

လို့ ကြွားလိုက်ပါတယ်


အဲဒီအခါ နားထောင်နေတဲ့ အင်္ဂလိပ်လူမျိုးက


ခင်ဗျားပြောတာ

ကျနော်ကောင်းကောင်းသဘောပေါက်ပါတယ်၊

ဘာကြောင့်လဲဆိုတော့

ကျနော့်မှာလည်း အဲဒီလို ကားမျိုး တစ်စီးရှိထားလို့ပါ


လို့ ပြန်ပြောလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com