လူကြီးတစ်ယောက် 
တည်းခိုခန်းပိုင်ရှင်ဆီ ရောက်လာပြီး
မကျေမနပ် အော်ပြောတယ်။
 
“ ခင်ဗျားတို့ တည်းခိုခန်းဟာ 
ဘယ်လို တည်းခိုခန်းလဲ၊
ညဥ့်လယ်ခေါင်မှာ
အသံဗလံတွေကြောင့် ကျနော်လန့်နိုးတယ်၊
ကြည့်လိုက်တော့
ကြွက်နှစ်ကောင် သတ်နေကြပါလားဗျ ”
တည်းခိုခန်းပိုင်ရှင် က 
တည်းခိုသူကို မျက်မှောင်ကုတ်ပြီး ကြည့်တယ်။.
အဲဒီနောက် ပြန်ပြောလိုက်တာက…......
“ ဘာလဲ၊ 
တစ်ညကို လေးထောင်ပဲ ပေးရတဲ့အခန်းထဲမှာ 
ခင်ဗျားအတွက်
ကျနော်တို့ နွားတိုက်ပွဲ စီစဉ်ပေးရမလားဗျ ဟင် ”

 
 

No comments:
Post a Comment