Thursday, November 18, 2010

“ အဆိုးကိုသာ အမြဲမြင်တတ်ပါတယ်…”



တစ်နေ့မှာ

မကောင်းဆိုးဝါးကောင်ဟာ

အလွန်ကျေနပ်နေပါတယ်။


ကျေနပ်နေတာကတော

အောင်မြင်တဲ့လုပ်ရပ်ကို

ပြုလုပ်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

သူဟာ မှန်တစ်ချပ်ကို တီထွင်နိုင်ခဲ့ပါတယ်။

အဲဒီမှန်မှာ ထူးခြားတဲ့ သတ္တိရှိပါတယ်။


မှန်မှာ ထင်ဟပ်ပေါ်လွင်တဲ့ အရာရာတိုင်းကို

ဆိုးဆိုးဝါးဝါးပုံပျက်အောင် ထင်ဟပ်နိုင်ပါတယ်။


လှပချစ်စဖွယ် မျက်နှာတို့ဟာ

အရုပ်ဆိုး၊ အကျည်းတန်ဆုံးများ ဖြစ်လာပါတယ်။

တင့်တယ်လှပတဲ့ ရှုခင်းသာဟာ

ကျီးပေါင်းတက်ပြီး တွန့်ခေါက်နေတဲ့

သစ်ရွက်လိပ်နဲ့တူလာစေပါတယ်။


စိတ်စေတနာကောင်းဖြင့် ပြုံးပြီးကြည့်သူဟာ

မှန်တွင် အံကြိတ်ပြီးမကျေမနပ်ဖြစ်နေတဲ့ပုံ ပေါ်နေပါတယ်။


မကောင်းဆိုးဝါးရဲ့

တီထွင်အောင်မြင်မှုကို

သူ့ဆရာက သိပ်သဘောကျပါတယ်။

သူဟာ တစ်လောကလုံးကို

သူရဲ့တီထွင်မှုဖြင့်

ဇောက်ထိုးပြောင်းပြန်တွေ ဖြစ်အောင် လုပ်ပါတယ်။

မကောင်းဆိုးဝါးဟာ လူတွေကို ဒုက္ခရောက်အောင်

လုပ်ရတာကို အားမရပါ။


နတ်ဒေဝါများကိုပါ

သူတီထွင်ထားတဲ့မှန်ဖြင့်

ရယ်စရာဖြစ်အောင်

လှောင်ပြောင်ချင်စိတ်ဖြစ်ပေါ်လာပါတယ်။

မကောင်းဆိုးဝါးကောင်ဟာ

ကောင်းကင်ဘုံကို ပျံတက်သွားရာ၊

ကောင်းကင်ဘုံနဲ့ နီးလေလေ၊

သူ့မျက်နှာဟာ

ပိုပြီးတင်းမာလာလေ ဖြစ်လာပါတယ်။


သူရဲ့တင်းမာတဲ့မျက်နှာဟာ

မှန်ထဲမှာ ကြောက်စရာအလွန်ကောင်းတဲ့အတွက်

မှန်မှာ လွတ်ကျပြီး

ကမ္ဘာမြေပေါ်ကို ရောက်လာတဲ့အခါ

အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားပါတော့တယ်။


အဲဒီလို ကွဲသွားတဲ့အခါ

အရင်ကထက် ပိုပြီး ဒုက္ခပေးပါတော့တယ်။


မှန်ကွဲတွေဟာ သဲမှုန်လေးပမာ

အစိတ်စိတ်အမြွာမြွာ ကွဲပြီး ကမ္ဘာမြေအနှံ့ပျံ့ကုန်ပါတယ်။

အဲဒီအမှုန်တစ်ခုဟာ

လူတို့ရဲ့မျက်လုံးထဲရောက်ခဲ့ရင် ပြန်ထုတ်မရတော့ပါ။

အဲဒါကြောင့် မှန်မှုန့်မျက်စိထဲဝင်သူဟာ

မြင်သမျှ အဆိုးကိုသာမြင်နေပါတော့တယ်။

မြင်သမျှအရာရာတိုင်း၊

လူတိုင်းအပေါ်တွင် မကောင်းမြင်နေပါတော့တယ်။



စာရေးဆရာကြီးအင်ဒါဆင်က


မကောင်းကို သာမြင်တတ်တဲ့အလေ့အကျင့်ဆိုးဟာ

သဘာဝ အရဖြစ်တဲ့ကိစ္စမဟုတ်ပါ။

မကောင်းဆိုးဝါးထံမှ ရလာခြင်းဖြစ်ပါတယ်


လို့ပြောဆိုပါတော့တယ်။





No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com