Wednesday, February 8, 2012

"သူငယ်ချင်းတွေနဲ့အတူတူ ကစားကြရအောင်..."














ကျနော်တို့မြို့လေးရဲ့ ကလေးစာကြည့်တိုက်မှာ

ကလေးတွေနဲ့အမြဲတမ်း စည်းကားနေတတ်ပါတယ်။

စာကြည့်တိုက်ဆိုပေမယ့် စာအုပ်တွေသာရှိတာမဟုတ်ပါဘူး။

ကလေးအတွက် ကစားစရာတွေလည်း ထားပေးပါတယ်။

ကွန်ပျူတာလည်း အလုံအလောက်ထားပေးထားပါတယ်။

ကွန်ပျူတာကို ကလေးတွေ ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။

အချို့ကလေးက ဂိမ်းကစားနေကြတယ်။

အချို့ကလေးက အရုပ်တွေကြည့်နေတယ်။

အချို့ကလေးက စာတွေ ဖတ်နေကြတယ်။

အချို့ကလေးက သီချင်းနားထောင်ကြတယ်။

ကလေးတွေကလည်း အသက်အရွယ်အမျိုးမျိုးတွေ့ရတယ်။

အချို့ကလေးက အသက်နှစ်နှစ်တောင်ပြည့်ဟန်မတူသေးဘူး။

ကွန်ပျူတာရှေ့မှာ လုပ်ချင်ရာရာကိုလုပ်နေတယ်။

စာကြည့်တိုက်က ကလေးတွေအတွက် အထူးအစီအစဉ်တွေ

မကြာခဏ လုပ်ပေးတတ်တယ်။

ကလေးတွေ ကြိုက်တတ်တဲ့ အစီအစဉ်တွေဖြစ်တယ်။

တစ်ရံတစ်ခါ ပုံပြင်ပြောတဲ့အစီအစဉ်။

အဲဒီအစီအစဉ်က ပြောရုံသက်သက်မဟုတ်ဘူး။

သရုပ်ဆောင်တွေနဲ့သရုပ်ပြပွဲတွေပါတယ်။

တစ်ရံတစ်ခါ အရုပ်ပြပွဲတွေပြတတ်တယ်။

လက်ထဲအရုပ်ထိုးပြီး ဇာတ်လမ်းဆင်ပြောတဲ့အစီအစဉ်မျိုး။

ကလေးတွေကိုယ်တိုင်ပါဝင်ရတော့ ပျော်တာပေါ့။

တစ်ရံတစ်ခါ သီချင်းဆိုပြိုင်ပွဲလိုမျိုးအစီအစဉ်။

နာမည်ရှိတဲ့အဖွဲ့က လူငယ်တွေက

တိရိစ္ဆာန်အဝတ်အစားအမျိုးမျိုးနဲ့သရုပ်ပြပြီးဆိုပြတယ်။

ကလေးတွေလည်း ဝင်ဆိုကြတယ်။

ပျော်စရာအလွန်ကောင်းလှပါတယ်။

+++++++++++++++++++

ကလေးစာပေ…

The earth and I…

By Frank asch.

13.95$


Friends play together.

Friends sing together.

Friends dance together.

Friends listen to each other.

This is a story about a friendship,

a very special friendship,

a friendship with the Earth.

++++++++++++++++++

The Earth and I are friends.

Sometimes we go for long walks together.

I tell her what’s on my mind.

She listens to every word.

Then I listen to her.

The Earth and I are friends.

We play together in my backyard.

I help her to grow.

She helps me to grow.

I sing for her.

She sings for me.

I dance for her.

She dances for me.

When she’s sad, I’m sad.

When she’s happy, I’m happy.

The Earth and I are friends.

++++++++++++++++++

ဘာသာပြန်…


“ကမ္ဘာမြေကြီးနဲ့ကျနော်…”


နိဒါန်း….

သူငယ်ချင်းတွေဆိုတာ အတူတူ ကစားကြတယ်။

သူငယ်ချင်းတွေဆိုတာ အတူတူ သီချင်းဆိုကြတယ်။

သူငယ်ချင်းတွေဆိုတာ အတူတူ က ကြတယ်။

သူငယ်ချင်းတွေဆိုတာ တစ်ယောက်ပြောတာကို တစ်ယောက်ကနားထောင်ကြတယ်။

ဒီဇာတ်လမ်းဟာ သူငယ်ချင်းတွေရဲ့အကြောင်းကိုပြောပြထားပါတယ်။

တကယ့်ကို ထူးခြားတဲ့သူငယ်ချင်းတွေ အကြောင်းပါ။

ကမ္ဘာမြေကြီးနဲ့ မိတ်ဆွေဖြစ်တဲ့အကြောင်းကိုပြောပြထားပါတယ်။


++++++++++++++++++


ကမ္ဘာမြေကြီးနဲ့ကျနော် ဟာ သူငယ်ချင်းတွေဖြစ်ကြတယ်။

တစ်ခါတစ်ရံမှာတော့ ကျနော်တို့ဟာ ခရီးရှည်ကို အတူတူ လျှောက်ကြတယ်။

ကျနော် သူမကို ကျနော့်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေတာကိုပြောပါတယ်။

သူမဟာ ကျနော်ပြောတဲ့စကားလုံးတိုင်းကို နားထောင်ပါတယ်။

နောက်တော့ သူမပြောတာကို ကျနော်နားထောင်ပါတယ်။

ကမ္ဘာမြေကြီးနဲ့ကျနော် ဟာ သူငယ်ချင်းတွေဖြစ်ကြတယ်။

ကျနော်တို့ဟာ ကျနော်တို့ရဲ့ အိမ်နောက်ဖက်ဥယျာဉ်မြေကွက်လပ်မှာ ကစားကြပါတယ်။

အပင်တွေပေါက်ဖို့ ကျနော်က သူမကိုကူညီပါတယ်။

ကြီးထွားဖို့သူမက ကျနော်ကို ကူညီပါတယ်။

ကျနော်က သူမအတွက် သီချင်းသီဆိုပါတယ်။

သူမဟာ ကျနော့်အတွက် သီချင်းသီဆိုပါတယ်။

ကျနော်ဟာ သူမအတွက် ကပြတယ်။

သူမဟာ ကျနော့်ကို ကပြတယ်။

သူမ ဝမ်းနည်းနေချိန်မှာ ကျနော်လည်းဝမ်းနည်းမိပါတယ်။

သူမပျော်နေချိန်မှာ ကျနော်လည်း ပျော်မိပါတယ်။

ကမ္ဘာမြေကြီးနဲ့ကျနော် ဟာ သူငယ်ချင်းတွေဖြစ်ကြတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com