ဒီရေတက်တော့မယ်ဆိုရင်
တံငါလှေတွေဟာ ကမ်းနဲ့ဝေးရာ
ပင်လယ်အတွင်းပိုင်းကို ရောက်နိုင်သမျှရောက်အောင်  တိုးဝင်ရတယ်။
နောက်ဆုတ်ဖို့တော့ မကြိုးစားနဲ့။
ကမ်းဖက်ကို ဦးလှည့်လို့ကမ်းပေါ်မရောက်ခင်
ဒီလှိုင်းက မီလာလို့ကတော့   ကမ်းနဲ့လှိုင်းကြားမှာ တစ်စစီဖြစ်သွားမယ်။
သာသနာတော်မှာလည်း   ကိုယ်စွမ်းနိုင်သမျှ
ဒါန၊ သီလ၊ ဘာဝနာတို့ကို  အားထုတ်တဲ့နေရာမှာ
ဆင်းရဲတစ်ခုခုကြုံလာလို့  ဒီဆင်းရဲကို ကြောက်တယ်ဆိုရင်  နောက်မဆုတ်လိုက်နဲ့။
ရှေ့တိုးနိုင်သမျှတိုးကျင့်ရမယ်။
( ဒေးဒရဲ ကွင်းကျောင်းဆရာတော် )
++++++++++++++++++ခန္ဓာကိုယ်နာသော်လည်း
စိတ်မနာစေနဲ့။  
++++++++++++++++++
လောကမှာ စွန့်နိုင်ခဲတဲ့အရာလေးမျိုးရှိတယ်။
၁။       ။အာရုံငါးပါး ကာမဂုဏ်တရား၊
၂။       ။အယူဝါဒ
၃။       ။အကျင့်စရိုက်
၎။       ။မိမိကိုယ်မိမိ (စွန့်ရန်အခက်ခဲဆုံး )
++++++++++++++++++
ရုပ်ခန္ဓာကြီးက သေရွာဘက်သွားနေချိန်မှာ
နာမ်ခန္ဓာ (အထူးသဖြင့် ဉာဏ်ပညာ )က
မသေရာဘက်သွားနေစေရမယ်။
++++++++++++++++++
ရုပ်ခန္ဓာရဲ့ယိုးယွင်းပျက်စီးမှုများကို
နာမ်ခန္ဓာ(=ဉာဏ်ပညာ)ရဲ့တိုးတက်မှုအတွက်
အသိထား၊
အသိပွားအောင်  အသုံးချကြ။
++++++++++++++++++
ဘယ်ပုံဘယ်နည်းနှလုံးသွင်းပြီး ခုလိုနေထိုင်နိုင်ကြပါသလဲ လို့
မြတ်စွာဘုရားက ကမေးတော့   အရှင်အနုရုဒ္ဓါမထေရ်က
“ တပည့်တော်စိတ်ထဲမှာ ဒီလိုသီတင်းသုံးဖော်တို့နဲ့နေရတာ  အရတော်ပါပေတယ်လို့
ဆင်ခြင်ပြီး  တစ်ပါးပါးကြောင့်ဖြစ်ပေါ်လာတဲ့ပြုဖွယ်ကိစ္စကို   ကိုယ့်ကိစ္စလို သဘောထားပြီး  မတွယ်မကပ်ဆောင်ရွက်ပါတယ်။
အချင်းချင်းချိုသာအေးကြည်ပြောဆိုပါတယ်။”
++++++++++++++++++
တပည့်တော်…..
မိမိရဲ့စိတ်အလိုဆန္ဒကို ဖယ်ထားပြီး
ကျန်အရှင်နှစ်ပါးတို့ရဲ့အလိုဆန္ဒအတိုင်း
အသာလက်ခံကျင့်သုံးနေထိုင်ပါတယ်အရှင်ဘုရား
( အရှင်အနုရုဒ္ဓါမထေရ် )
++++++++++++++++++
 အညီအညွတ် ဝမ်းမြောက်ဝမ်းသာ၊ငြင်းခုံခြင်းမရှိကြဘဲ၊
နို့ နှင့် ရေပမာ ရောနှောပြီး  အချင်းချင်း ချစ်ကြည်တဲ့မျက်လုံးများနဲ့  ကြည့်ရှုနေထိုင်ကြပါကြောင်း  လျှောက်ထားပါတယ်အရှင်ဘုရား ”  ဟု အရှင် အနုရုဒ္ဓါမထေရ်မြတ်က မြတ်စွာဘုရားကို  လျှောက်ထားခဲ့ပါတယ်။
++++++++++++++++++
ကျန်မာချမ်းသာစေကြောင်း နှလုံးကောင်းထားပြီး  မေတ္တာပွားပါတယ်။
ဒီလိုကံ သုံးပါးနဲ့ယှဉ်တဲ့မေတ္တာစိတ်ကို မွေးမြူပါတယ် ”
++++++++++++++++++“ တပည့်တော်စိတ်ထဲမှာ မိမိရဲ့စိတ်အလိုဆန္ဒကို   ဖယ်ထားပြီး
ကျန်အရှင် နှစ်ပါးရဲ့စိတ်အလိုဆန္ဒအတိုင်း  လက်ခံကျင့်သုံးရရင်ကောင်းမှာပဲလို့  နှလုံးသွင်းပြီး ဒီအတိုင်းပဲကျင့်သုံးနေထိုင်ပါတယ် အရှင်ဘုရား ”လို့
လျှောက်ထားပါတယ်။
++++++++++++++++++နိဗ္ဗာန်ကို စေလွှတ်တဲ့ စိတ်ထားနဲ့မမေ့မလျော့နေထိုင်ပြီး
ငါးရက်တစ်ကြိမ်ညဥ့်သုံးယံပတ်လုံး တရားဟော၊  တရားနာခြင်း၊ ပိဋကတ်တော်လာ ပါဠိအနက် အဓိပ္ပါယ်တို့ကို  ဆွေးနွေး၊ မေးမြန်းခြင်းကို ပြုပြီးတခြားစကားများကို  မပြောမဆိုကြပါကြောင်း ”လျှောက်ထားကြပါတယ်။
++++++++++++++++++မင်းတို့ ဘုန်းကြီးကိုကြည်ညိုတာလား၊
ဒါမှမဟုတ်  အလောင်းကို ကြည်ညိုတာလား၊
++++++++++++++++++မြတ်ဗုဒ္ဓအလိုအရ 
အမြင့်ဆုံးစိတ်ထားဆိုတာ…
၁။       ။သတ္တဝါအားလုံးကို မိမိနဲ့ထပ်တူထားပြီး   ချစ်ခင်တတ်တဲ့ မေတ္တာစိတ်။
၂။       ။ဒုက္ခိတ သတ္တဝါကို စာနာသနားတဲ့ ဂရုဏာစိတ်။
၃။       ။သူတစ်ပါးကြီးပွားချမ်းသာတာကို ဝမ်းသာကျေနပ်တဲ့ မုဒိတာစိတ်။
၎။       ။သူတစ်ပါးရဲ့ချို့ယွင်းချက်အပြစ်တို့ကို ခွင့်လွှတ်လျစ်လျူရှုတဲ့ ဥပေက္ခာစိတ်။
များထားရှိနိုင်တာကို ဆိုတာပါ။
ဒီစိတ်ထားများဟာ  ဗြဟ္မာစရိယ ( ဗြဟ္မာစိုရ် )စိတ်ထားလို့လည်း ခေါ်ဆိုတယ်။
++++++++++++++++++ဂရုဏာတရားကို အကောင်အထည်ဖော်ဖို့ဆိုတာ
ကိုယ့်အိတ်ထဲက စိုက်ပြီးကုန်တန်ကုန်ရသေးတယ်။
မုဒိတာစိတ်ဖြစ်ဖို့ကတော့ အိတ်ထဲက ဘာမှစိုက်ကုန်စရာ  မလိုတဲ့အပြင်
ကိုယ်ကတောင် ရလိုက်သေးတယ်။
++++++++++++++++++ဗုဒ္ဓက ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးမပြီးမှ
သူတစ်ပါးတို့ကိုဆုံးမရမယ်။
အဲဒါက အရေးအကြီးဆုံးနဲ့အခက်ဆုံးပါပဲ။
++++++++++++++++++သီလဆိုတာ အရွယ်မရွေး  အတင့်တယ်ဆုံး၊
အလှပဆုံး၊
အမြင့်မြတ်ဆုံး  အဆင်တန်ဆာဖြစ်တယ်။    
++++++++++++++++++ဘုရားလောင်း သီလဝဆင်မင်းက
“ ကျွန်ုပ် ဒီအစွယ်တွေကို မချစ်၊မနှစ်သက်လို့  ပေးလှူတာ မဟုတ်ပါ။
ဒီအစွယ်တွေထက်  သဗ္ဗုညုတ ဉာဏ်တော်ကြီးကို   ပိုပြီး ချစ်မြတ်နိုးလို့ လှူတာပါ။
ဒီအစွယ်ကို လှူဒါန်းရတဲ့ကုသိုလ်ဟာ
သဗ္ဗညုတဉာဏ်ကို  ထိုးထွင်းသိမြင်ခြင်းရဲ့ အထောက်အပံ့ဖြစ်ပါစေသား ”
ဆိုပြီး  လှူလိုက်ပါတယ်။
++++++++++++++++++ပြုဖူးတဲ့ သူ့ကျေးဇူးကို သိတတ်သူ၊
သိပြီးပေးဆပ်သူများဟာ   တောင့်တသလို လိုတိုင်း  ရနိုင်တယ်။
မသိ၊မဆပ်သူများဟာ  တောင့်တသမျှ ပျက်စီးရတယ်။
++++++++++++++++++ဒေါသအားကြီးသူက တုတ်၊ဒါးလက်နက်ကိုင်ပြီး အနိုင်ယူတတ်ကြတယ်။
မေတ္တာခွန်အားကြီးသူကျတော့ ခန္ဓီလက်နက်စွဲကိုင်ပြီး  အရှုံ့းပေးရဲတဲ့သတ္တိရှိရတယ်။
( တူးမောင်းဆရာတော် )
++++++++++++++++++
သီလလုံခြုံသူအတွက်  ဘေးရန်အမျိုးမျိုးတို့နဲ့လဲ မတွေ့မကြုံရဘူး၊
မိမိသန္တာန်မှာ အပြစ်ကင်းခြင်းဆိုတဲ့  ချမ်းသာကိုလဲ ခံစားရမယ်။
++++++++++++++++++ဓားအိမ်ထဲက ဓားကို ဆွဲထုတ်လိုက်တာ  ငရဲတံခါးတွေ ပွင့်သွားတာ။
ဓားအိမ်ထဲက ဓားကို ပြန်သွင်းပြီး   ဦးညွှတ်ကန်တော့တာ  နတ်ဘုံတံခါးတွေ ပွင့်သွားတာ။    
++++++++++++++++++မြတ်စွာဘုရားက
“ ချစ်သားဝက္ကလိ၊  ဒီအပုပ်ကိုယ်ကြီးကို ကြည့်နေလို့  ဘာအကျိုးရှိမလဲ။
တရားကိုမြင်သူသာ  ငါ ဘုရားကိုမြင်သူဖြစ်တယ်။
တရားကိုမမြင်သူဟာငါ ဘုရားကိုတွေ့နေရပေမယ့်  မြင်ရသူမဟုတ်ဘူး။
တရားကို ကြည့်သူဟာ   ငါဘုရားကိုမြင်အောင် ရှုကြည့်သူဖြစ်ရမယ် ”
လို့ ဆုံးမတော်မူပါတယ်။
တရားတော်ကို မြင်နေသမျှ  ငါ ဘုရားရှင်ကို တွေ့မြင်နေသူဖြစ်တယ်။
++++++++++++++++++ကုသိုလ်ဆိုတာ သူတစ်ပါးအကျိုးဆောင်ရင်း
ကိုယ့်အကျိုးရစေတဲ့ အလုပ်ဖြစ်တယ်။
++++++++++++++++++လက်ကို အမြဲတမ်းဆုပ်ထားတာလည်း  အင်္ဂါချို့ယွင်းတာပဲ။
လက်ကို အမြဲတမ်းဖြန့်ထားတာလဲ  အင်္ဂါချို့ယွင်းတာ  တစ်မျိုးပဲ။
( ဂျပန်ဘုန်းတော်ကြီးမိုကုဘင်တိတိ )
++++++++++++++++++“ ဗုဒ္ဓအဆုံးအမ…”
၁။       ။နေ့စဉ်ဝင်ငွေရဲ့လေးဖို့ နှစ်ဖို့ကို   လည်ပတ်ငွေ အဖြစ်သတ်မှတ်ပါ။
(2/4)=(1/2)=50%
၂။       ။တစ်ဖို့ကို အရေးပေါ်လိုအပ်ချက်အတွက်  အရန်သင့် ဆောင်ထားပါ။  (1/4)=25%
၃။       ။တစ်ဖို့ကို စားသောက်၊   လှူဒါန်းရေးအတွက် သုံးစွဲသင့်တယ်။  (1/4)= 25%
++++++++++++++++++“ ကြောက်တတ်ရင် ရှေ့တိုး…”
( ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
