Thursday, December 30, 2010

“ ဂိတ်ကြေးပါရဲ့လား...”



တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ

တောင်ဝှေးကိုထောက်ပြီး တလှုပ်လှုပ်နဲ့ လမ်းလျှောက်နေပါတယ်။

တစ်နေ့မှာတော့ လမ်းဆုံလမ်းခွ လမ်းနှစ်ခွကိုရောက်လာပါတယ်။

တစ်ခုသောလမ်းကတော့အရိပ်အာဝါသကောင်းတယ်။

ဖြောင့်ဖြူးသာယာတယ်။

နောက်တစ်လမ်းကတော့ အရိပ်အာဝါသ မကောင်းပါ။

ဖြောင့်ဖြူးညီညာခြင်း မရှိပါ။

ဆူးညှောင့်အပြည့်နဲ့ ဖြစ်တယ်။

အဖိုးအိုဟာ သာယာတဲ့လမ်းဘက်ကို သွားဖို့ ဟန်ပြင်လိုက်ပါတယ်။


အဲဒီအခိုက် သေမင်းတမန်နတ်သား ဟာ ဘွားကနဲပေါ်လာပြီး

အို လူသား အဖိုးအို၊

လမ်းကောင်းကိုသွားဖို့ ဂိတ်ကြေးပါရဲ့လား


ဘာကို ဆိုလိုပါသလဲ၊ အသင်နတ်သား


ကောင်းပြီး အဖိုးအို၊

နားထောင်ပါလော့၊

သင်ဟာ ရတနာသုံးပါးကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မဆည်းကပ်ခဲ့မိပါ


သင်ဟာ မိဘတို့ကို လုပ်ကျွေးခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မလုပ်ကျွေးခဲ့ပါ


ရှိစေဦးတော့၊

ဒါနဝတ်တစ်ခုခု နေ့စဉ်ပြုခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မပြုခဲ့မိပါ


သင်ဟာ သီတင်းသီလကိုကော စောင့်သုံးခဲ့ပါရဲ့လား


မေ့လျော့နေတဲ့အတွက် မစောင့်သုံးခဲ့ပါ


ရှိစေဦးတော့၊

ဘာဝနာတစ်ခုခုကိုကော ပွားရှုခဲ့ပါသလား


မေ့လျော့နေတဲ့အတွက် မပွားရှုခဲ့မိပါ


အို လူသားအဖိုးအို၊

သင့်မှာ ဂိတ်ကြေးမပါတဲ့အတွက်

ဒီလမ်းကောင်းပေါ်မှာ သွားခွင့်မရှိပါ။

ဆူးအပြည့်ရှိတဲ့ လမ်းကိုသာ သွားပါလေလော့


မျက်မှောက်အကျိုး၊

တမလွန်အကျိုးကို လိုလားသူဟာ

ကုသိုလ်ကောင်းမှုကို မမေ့မလျော့ပြုဖို့လိုပါတယ်။

ကုသိုလ်ကောင်းမှုဟာ

သံသရာခရီးအတွက်

ဂိတ်ကြေးဆိုတဲ့ ရိက္ခာထုတ်ဖြစ်ပါတယ်။

“ ပြည်တော်ပြန် လက်ဆောင်…”



မြန်မာတိုးရစ်ဖြစ်နေတဲ့ကိုအောင်ကြည်မင်းဟာ

ပြင်သစ်ပြည်မှ

မြန်မာပြည်သို့ ပြန်တော့မယ့်နေ့မှာ

ကျန်နေတဲ့ ပြင်သစ်ငွေ ၂၅-ဖရန့်ကို

အလဟဿ အဖြစ်မခံလို့

ဆုံးဖြတ်ကာ

စတိုးဆိုင်တစ်ခုသို့ဝင်တယ်။


အရောင်းသမကမေးတယ်။


ဘာလိုချင်လို့ပါလဲရှင်


ဆပ်ပြာမွှေးတစ်တုံး ဘယ်လောက်ကျသင့်သလဲ


ဖရန့်၁၀၀ ကျပါတယ်


ဖရန့်၅၀ပေးရင်ကော ဆပ်ပြာကို

ခင်ဗျားထက်ဝက်လှီးပေးမလား


ရပါတယ်ရှင်


“၂၅-ဖရန့်ပေးရင်ကော ဆပ်ပြာတုံးကို

လေးစိတ်စိတ်ပေးမလား


ရပါတယ်ရှင်


မြန်မာတိုးရစ်ဖြစ်တဲ့ကိုအောင်ကြည်မင်း

က ၂၅-ဖရန့်ပေးလိုက်တယ်။


အရောင်းသမက ဆပ်ပြာတစ်စိတ်ကို

ကမ်းပေးလိုက်တယ်။

ပြီးတော့ ပလတ်စတစ်အထုတ်သေးသေး တစ်ခု

ကိုလည်း အပိုလက်ဆောင် ပေးလိုက်တယ်။


ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့

ကွန်ဒုန်းဖြစ်နေတာကို တွေ့ရတယ်။


အရောင်းသမဖြစ်တဲ့အမျိုးသမီးကပြောတယ်။


အဲဒါက လက်ဆောင်ပါ၊

ရှင့်လိုလူတွေ မတိုးပွားစေချင်ဘူးရှင်

“ ကိုယ့်စိတ်ကို ကိုယ်သိပြီးနေပါ...”


ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို
အပျက်အစီးမခံဘဲနဲ့ သူတစ်ပါးကို
စိတ်ဆင်းရဲအောင်လုပ်လို့ မရနိုင်ဘူး။
ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်
နေလိုက်သည်ပင်လျှင် သူတစ်ပါးကို
စိတ်ချမ်းသာအောင် ထားရာရောက်ပါတယ်။

++++++++++++++++++++++++++

လောကကြီးမှာ
အေးအေးချမ်းချမ်း
တည်တည်ငြိမ်ငြိမ်၊
ရင့်ရင့်ကျက်ကျက်နေတဲ့သူတွေ လိုတယ်။
ဘဝကို ဒီလို နေပါလို့ နေပြတဲ့လူတွေ လိုတယ်။

++++++++++++++++++++++++++

သူများပါးစပ်လှုပ်တိုင်း
ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင်
ကိုယ့်ဘဝဟာ သူများပါးစပ်ဖျားမှာ
လမ်းဆုံးသွားမယ်။

++++++++++++++++++++++++++

လူတစ်ယောက်ရဲ့စိတ်နေသဘောထား၊
အကျင့်သီလ၊
အသိဉာဏ်၊
လုပ်ရည်ကိုင်ရည်စသည်ဖြင့် အားလုံးအဆင့်မြင့်လာဖို့အရေးမှာ
အခြေခံအကျဆုံးအချက်က သတိပါပဲ။
စိတ်ထားတွေ၊
အသိဉာဏ်တွေ၊
လုပ်ရည်ကိုင်ရည်တွေ၊
လူမှုရေး၊
စီးပွားရေးတွေပါ တဖြည်းဖြည်းတိုးတက်လာချင်ရင်
တတ်နိုင်သလောက် ကိုယ့်စိတ်ကိုယ်သိပြီးနေပါ။

++++++++++++++++++++++++++

တည်ငြိမ်အေးချမ်းအောင်၊
ရိုးသားဖြောင့်မတ်အောင်၊
ကိုယ်ချင်းစာတတ်အောင်၊
ကူညီတတ်အောင်၊
မနာလိုစိတ်နဲအောင်၊
မုဒိတာများအောင်၊
တစ်ကိုယ်ကောင်းမဆန်အောင်၊
ခွင့်လွှတ်တတ်အောင်၊
အကောင်းမြင်တတ်အောင်၊
နေ့စဉ်စိတ်ကို
သတိနဲ့စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။

++++++++++++++++++++++++++

လူတွေမှာ အင်မတန်ကြီးမားတဲ့အစွမ်းသတ္တိတွေ
အများကြီးရှိပါတယ်။
အဲဒီစွမ်းရည်သတ္တိတွေကို
တစ်ခုဆိုတစ်ခု လေးလေးနက်နက်
ဦးတည်ချက်ထားပြီး တကယ်စွဲစွဲမြဲမြဲလုပ်ကြည့်စမ်းပါ။
အများကြီးဖြစ်မြောက်အောင်မြင်တာကို တွေ့ရလိမ့်မယ်။

( ဆရာတော် ဦးဇောတိက )

“ အကြောင်းရင်း…”


ယူရိုကဖီးဆိုင်တွင်

ပြောနေသောစကားများဖြစ်တယ်။


ကိုမြင့်သန်းက

ဦးရွှေအေး၊

ဘာဖြစ်လို့ ဒီလောက်တောင် ဇိမ်ကျကျ

နေနိုင်တာလဲဗျ ဟင်


အနီးစားပွဲတွင် ထိုင်နေသူ

ကိုလှမြင့်ကလှမ်းပြောတယ်။

သက်သေအထောက်အထားတွေ

မလုံလောက်လို့ပေါ့

“ ပိန်ဖို့ပဲ ကြိုးစား…”



အမှုသည်ဖြစ်သူ ကိုလူအေးက

ရှေ့နေဦးစိန်တင်ကို တိုင်တည်ပြီးပြောနေတယ်။


ဆရာ၊

ကျနော့်အိမ်နီးချင်းက

ကျနော့်ကို

ဝသလောက် ထုံအတဲ့လူလို့

ပြောပါတယ် ”


ရှေ့နေကပြန်ပြောလိုက်တာက

ပိန်အောင် ကြိုးစားလိုက်ပေါ့ဗျာ ”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com