Thursday, October 7, 2010

`မချမ်းသာနိုင်ဘူး...´




၁။ ။ ချွေတာစုဆောင်းခြင်းကို အားမပေးဘဲ မချမ်းသာနိုင်ပါ။

၂။ ။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ။

၃။ ။ အားကြီးသူတွေကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူတွေကို
အားပြည့်လာအောင် မလုပ်နိုင်ပါ။

၎။ ။ လစာပေးနေသူတွေကို နှိမ့်ချခြင်းဖြင့် လစာရသူတွေရဲ့ လစာကို တိုးမြှင့်မပေးနိုင်ပါ။

၅။ ။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ။

၆။ ။ ၀င်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ။

၇။ ။ လူတန်းစား မုန်းတီးမှုကို အုံကြွ အောင်လုပ်ခြင်းဖြင့်
ညီရင်းအစ်ကို စိတ်ဓါတ်မျိုး တိုးတက်မလာနိုင်ပါ။

၈။ ။ ချေးငှားထားသော ငွေဖြင့်လုံခြုံမှု မရရှိနိုင်ပါ။

၉။ ။ လူသားရဲ့လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ်လုပ်ကိုင်လိုစိတ်ကို
ဖယ်ရှားခြင်းဖြင့် သတ္တိ နဲ့ ကိုယ်ကျင့်စာရိတ္တကို မတည်ဆောက်နိုင်ပါ။

၁၀။ ။လူတို့အနေဖြင့် သူတို့ကိုယ်တိုင် လုပ်နိုင်တဲ့ကိစ္စ၊
သူတို့အတွက် သူတို့ကိုယ်တိုင် လုပ်သင့်တဲ့ကိစ္စများကို လုပ်ပေးနေခြင်းဖြင့်
သင်ဟာ လူများအား ထာဝရ မကူညီနိုင်ပါ။

အမေရိကန် သမ္မတ လင်ကွန်း၊(16ယောက်မြောက်သမ္မတ)

“ စေတနာ အကျိုးပေး…”



ဆောက်လုပ်ရေးလုပ်ငန်းများကို လိုက်လံပြီး ကြီးကြပ်ရသော

ဝါရင့်ကြီးကြပ်ရေးမှူးဖြစ်တဲ့ ဦးအေးရွှေဆိုသူတစ်ဦးရှိပါတယ်။


အသက်ကြီးပြီး အလုပ်ရဲ့ဖိစီးမှုကို မခံနိုင်အောင်ဖြစ်လာတဲ့အတွက်

သူဋ္ဌေးထံမှ အလုပ်မှ အနားယူချင်ကြောင်းတင်ပြပါတယ်။

သူဋ္ဌေးကလည်း နောက်ဆုံးတိုက်တစ်လုံးတော့ဆောက်ပေးဖို့မေတ္တာရပ်ခံပါတယ်။


ဦးအေးရွှေဟာ အဆောက်အဦးတွေကို လိုက်လံကြီးကြပ်ပေးရတဲ့

အလုပ်ကို တော်တော်စိတ်ပျက်နေပါတယ်။

သူဋ္ဌေးကိုလည်း မလွန်ဆံရဲတာကြောင့် စိတ်ညစ်သွားတယ်။

နောက်ဆုံးလုပ်ရတဲ့ လုပ်ငန်းကို ပိုင်ရှင်စိတ်ပျက်အောင်လုပ်မယ်ဆိုတဲ့

စိတ်ပုတ်စိတ်ညစ်ဖြင့်စီစဉ်ခဲ့ပါတယ်။

ဆွေးနေတဲ့ သစ်များကိုသုံးခဲ့တယ်။

အပေါစားဆေးတွေ သုံးခဲ့တယ်။

မှားယွင်းတဲ့ ဘိလပ်မြေရောစပ်မှုကိုစီစဉ်ခဲ့တယ်။

သံချေးတက်နေတဲ့ သံချောင်းများ၊ ရေပိုက်များကို တမင်အသုံးပြုခဲ့တယ်။

အရည်အသွေးမမီတဲ့ သစ်သားများကို တမင်ရွေးချယ်အသုံးပြုခဲ့တယ်။

ဒီလိုလုပ်ခဲ့တာကတော့ အဆောက်အဦးတာရှည်မခံဘဲ

လေး၊ငါးနှစ်အတွင်း တစ်စစီ ပြိုကျပျက်စီးစေရန် တမင်စီစဉ်ခဲ့ခြင်းဖြစ်တယ်။

အဲဒီအဆောက်အဦးလုပ်ငန်းပြီးစီးခဲ့ရင် လုပ်ငန်းမှ လုံးဝအနားယူမယ်လို့စိတ်ဆုံးဖြတ်ခဲ့တယ်။


အဆောက်အဦးပြီးစီးပြီးနောက်မှာတော့ သူအမှုထမ်းခဲ့တဲ့ ကုမ္ပဏီက

သူ့အတွက် နှုတ်ဆက်ပွဲလေးတစ်ခုစီစဉ်ပေးပါတယ်။

ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးက


ဦင်္းအေးရွှေဟာ ကျနော်ကုမ္ပဏီအတွက် တန်းဖိုးမဖြတ်နိုင်အောင်

အလုပ်အပေါ်အလွန်စေတနာထားသူဖြစ်ပါတယ်။

ဒါတွေဟာ သူ့ရဲ့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။

သူရဲ့လုပ်ဆောက်ခဲ့တာကို ကျေးဇူးဆပ်တဲ့အနေနဲ့

ကုမ္ပဏီက လက်ဆောင်အဖြစ်

အိမ်ခန်းသော့တစ်ချောင်းကို လက်ဆောင်ပေးပါတယ်။

အဲဒီအိမ်ခန်းကတော့ သူနောက်ဆုံး ကြီးကြပ်ဆောက်လုပ်ခဲ့တဲ့

အဆောက်အဦးမှ အိမ်ခန်းဖြစ်ပါတယ်။


လို့ပြောပါတယ်။


ဦးအေးရွှေက လက်ခုပ်သံများကို မကြားနိုင်ခဲ့ပါ။

မျက်ရည်များဝဲလာပါတော့တယ်။


စေတနာအကျိုးပေးကို ကောင်းကောင်းနားလည်သဘောပေါက်သွားခဲ့ပါတယ်။

အခုတော့ နောက်ကျသွားပါပြီ။

“ ရောဂါ အမျိုးအမည်...”



လူနာက ဆရာဝန်ကို မေတ္တာရပ်ခံပါတယ်။

ဆရာခင်ဗျား ကျနော်ကျန်းမာရေးနဲ့ပတ်သက်ပြီး

တစ်ခုခုဖြစ်တယ်ဆိုရင် ကျနော်နားမလည်တဲ့ ဆေးပညာရပ်ဆိုင်ရာ

သိပ္ပံနာမည်ရှည်ကြီးတွေ မပြောပါနဲ့။

ကျနော်နားလည်အောင် ရိုးရိုးလူပြိန်းစကားနဲ့ပြောပေးပါခင်ဗျာ


ဆရာဝန်က အနည်းငယ်စဉ်းစားပြီး

ကောင်းပါပြီ

လို့ပြန်ပြောလိုက်ပါတယ်။

လူနာကို သေသေချာချာ စမ်းသပ်ပြီးနောက် ဆရာဝန်က

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့

ခင်ဗျားမှာ ထူးထူးခြားခြား ဘာရောဂါမှ မရှိပါဘူး။

အပျင်းထူတာ သက်သက်ပါပဲ

လို့ လူပြိန်းနားလည်တဲ့ စကားနဲ့ ပြောလိုက်ပါတယ်။

လူနာက

ဟာ ….ကျေးဇူးတင်လိုက်တာ ဆရာရယ်။

ဒါက ကျနော်အတွက်ပေါ့လေ။

ဒါပေမယ့် ကျနော့်မိသားစုကို ပြန်ပြောပြဖို့

ဆေးပညာရပ်ဆိုင်ရာ သိပ္ပံနာမည်ရှည်ကြီးတွေကို

ပြောပါဦးဆရာရယ်

လို့ လူနာက ထပ်မံတောင်းဆိုလိုက်ပါတယ်။

“ အမိုက်မဲဆုံးလူသား...”



တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိပါတယ်။

အဲဒီဘုရင်ကြီးဟာ သူရဲ့ ပျော်တော်ဆက် အမတ်ကြီးကိုခေါ်ပြီး

သူရဲ့လမ်းလျှောက်တုတ်တစ်ချောင်းကိုပေးပါတယ်။

ဘုရင်ကြီးက


ပျော်တော်ဆက်ကြီး….ကမ္ဘာပေါ်မှာ အမိုက်မဲဆုံးလူကို

ဒီလမ်းလျှောက်တုတ်ကိုပေးလိုက်ပါ


လို့ပြောပါတယ်။

တစ်နေ့သောအခါ ဘုရင်ကြီးဟာ

အသည်းအသန်နေမကောင်းဖြစ်ပြီး

သေခါနီးလဲလျောင်းနေချိန်မှာ ညည်းညူနေပါတယ်။

ပျော်တော်ဆက် အမတ်ကြီးနဲ့ဝန်ကြီးအဖွဲ့ကိုအနားကိုခေါ်ပြီး


ငါဟာ ဘဝခြားတဲ့ တိုင်ပြည်ကိုသွားရတော့မယ်ထင်တယ်။

ဘယ်တော့မှ ပြန်လာလို့မရတော့ဘူး။


လို့ပြောပါတယ်။

ဒီတော့ ပျော်တော်ဆက် အမတ်ကြီးက


အရှင်မင်းကြီး၊ အရှင်မင်းကြီးဟာ တစ်နေ့ကျရင် အဲဒီထူးဆန်းတဲ့

တိုင်းပြည်ကိုသွားရမယ်ဆိုတာကို သေသေချာချာ သိနေတာပဲ။

အဲဒီမှာ နေစရာအိမ်တစ်လုံးတော့ ရှိအောင်

အသေအချာ ပြင်ဆင်ထားပြီးပြီလို့ထင်ပါတယ်။


လို့ပြောလိုက်ပါတယ်။

အဲဒီအခါ ဘုရင်ကြီးက သူအနေနဲ့

ဘာမှ မပြင်ဆင်ထားရသေးကြောင်း ဝန်ခံပါတယ်။

အဲဒီအခါ ပျော်တော်ဆက် အမတ်ကြီးက

ဘုရင်ကြီးပေးထားတဲ့ လမ်းလျှောက်တုတ်ကို

ဘုရင်ကြီးဆီကို ကမ်းပေးရင်း


ဒီလမ်းလျှောက်တုတ်ဟာ အရှင်မင်းကြီးပဲ ပိုင်ပါတယ်။

အရှင်မင်းကြီးဟာ ကမ္ဘာမှာ အမိုက်မဲဆုံးလူဖြစ်ပါတယ်။


လို့ပြောလိုက်ပါတယ်။ ။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com