တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိပါတယ်။ 
အဲဒီဘုရင်ကြီးဟာ သူရဲ့ ပျော်တော်ဆက် အမတ်ကြီးကိုခေါ်ပြီး
သူရဲ့လမ်းလျှောက်တုတ်တစ်ချောင်းကိုပေးပါတယ်။ 
ဘုရင်ကြီးက
“ပျော်တော်ဆက်ကြီး….ကမ္ဘာပေါ်မှာ အမိုက်မဲဆုံးလူကို
ဒီလမ်းလျှောက်တုတ်ကိုပေးလိုက်ပါ”
လို့ပြောပါတယ်။
တစ်နေ့သောအခါ ဘုရင်ကြီးဟာ 
အသည်းအသန်နေမကောင်းဖြစ်ပြီး 
သေခါနီးလဲလျောင်းနေချိန်မှာ ညည်းညူနေပါတယ်။
ပျော်တော်ဆက် အမတ်ကြီးနဲ့ဝန်ကြီးအဖွဲ့ကိုအနားကိုခေါ်ပြီး
 “ ငါဟာ ဘဝခြားတဲ့  တိုင်ပြည်ကိုသွားရတော့မယ်ထင်တယ်။ 
ဘယ်တော့မှ ပြန်လာလို့မရတော့ဘူး။ ”
လို့ပြောပါတယ်။
ဒီတော့ ပျော်တော်ဆက် အမတ်ကြီးက
“ အရှင်မင်းကြီး၊ အရှင်မင်းကြီးဟာ တစ်နေ့ကျရင် အဲဒီထူးဆန်းတဲ့
 တိုင်းပြည်ကိုသွားရမယ်ဆိုတာကို သေသေချာချာ သိနေတာပဲ။
 အဲဒီမှာ နေစရာအိမ်တစ်လုံးတော့ ရှိအောင် 
အသေအချာ ပြင်ဆင်ထားပြီးပြီလို့ထင်ပါတယ်။ ”
လို့ပြောလိုက်ပါတယ်။
အဲဒီအခါ ဘုရင်ကြီးက သူအနေနဲ့ 
ဘာမှ မပြင်ဆင်ထားရသေးကြောင်း ဝန်ခံပါတယ်။ 
အဲဒီအခါ ပျော်တော်ဆက် အမတ်ကြီးက 
ဘုရင်ကြီးပေးထားတဲ့ လမ်းလျှောက်တုတ်ကို
ဘုရင်ကြီးဆီကို ကမ်းပေးရင်း
“ ဒီလမ်းလျှောက်တုတ်ဟာ အရှင်မင်းကြီးပဲ ပိုင်ပါတယ်။
အရှင်မင်းကြီးဟာ ကမ္ဘာမှာ အမိုက်မဲဆုံးလူဖြစ်ပါတယ်။ ”

 
 

No comments:
Post a Comment