Wednesday, June 1, 2011

" အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေမည့် နည်းလမ်းများ..."


အစားအသောက်ကို အလွန်အမင်းလျှော့စရာမလိုဘဲ

ကိုယ်အလေးချိန်လျော့ကျလိုပါ သလား။

အစားအသောက်မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက်

ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့်

နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက် ပါတယ်။


၁။ အိပ်ရေးဝဝအိပ်ပါ။

မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ညမှာ တစ်နာရီပိုအိပ်တာနဲ့

တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။

အိပ်ရေးဝခြင်းစာ ဆာလောင် စိတ်ကို အထိုက်အလျောက်

တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။


၂။ အိမ်မှာ စားပါ။

အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို

တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ

ခန္ဓာကိုယ် သွယ်လျတတ်ကြပါတယ်။

ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက်အများစုဟာ

ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အဆီပါဝင်မှုများတာကြောင့်ပါ။


၃။ အစားကို ဖြည်းဖြည်းချင်းဝါးစားပါ

အစားအသောက်တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာအချိန်ပေးပါ။

အစာစားတဲ့အခါ ဖြည်း ဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရင်

ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့် ကြောင်း အချက်ပြပါလိမ့်မည်။

အစားအသောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့် ကြောင်း

အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ်သွားပါတယ်။


၎။ ဟင်းသီးဟင်းရွက် များများစားပါ

အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင်စားပါ။

အစားအသောက်ကို များများစားရမှ ကျေနပ်တတ်သူတွေအနေနဲ့

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို များများ စားပေးလိုက်တာဟာ

စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်ကိုလည်း လျော့ကျ စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါဝင်ပြီး

ကယ်လိုရီပါဝင်မှု နည်းပါးတာ ကြောင့်ပါ။


၅။ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ အစာစားပါ။

ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင် ပေါင်မုန့်စတာတွေဟာ

ဝိတ်လျှော့လိုသူတို့ အတွက် အသင့်တော်ဆုံးပါပဲ။

အကြောင်း ကတော့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ

ကယ်လိုရီပါဝင်မှု နည်းပြီး ခန္ဓကိုယ်ထဲမှာ ကောင်းတဲ့

ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။


၆။ ဝက်ပေါင်ခြောက် ရှောင်ပါ။

နံနက်စာစားတဲ့အခါနဲ့ ဆင်းဒဝစ်ရှ် စားတဲ့ အခါ

ဝက်ပေါင်ခြောက်မစားပါနဲ့။

ဝက်ပေါင် ခြောက်နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက်

တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါ တယ်။

ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ

ဟင်းသီးဟင်းရွက် ပါဝင်တာ ကိုသာ ရွေးစားပါ။


၇။ သကြားမစားရပါ။

အချိုရည်အစား ရေပြောင်းသောက်လိုက်ရင်

သကြားလက်ဖက်စားဇွန်း ၁၀ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။

သကြားဟာ ကိုယ်အလေးချိန်တက်စေတဲ့အပြင်

စိတ်ကိုပါ ထိုင်းမှိုင်းညစ်နွမ်းသွားစေပါတယ်။


၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။

အရက်ပါတဲ့ လူမှုရေးဝိုင်းတွေသွားတဲ့အခါ

ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာ တွေကို

အရင်ဆုံး လက်လှမ်းမယ့် အစား ရေကို အရင်ဆုံးသောက်ပါ။

အရက်သောက် မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီရရှိ စေတဲ့အပြင်

အာဟာရတန်ဖိုးနည်းတဲ့ အစား အသောက်တွေကိုပါ

မဆင်ခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။


၉။ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ။

လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာဟာ

ကိုယ်အလေးချိန် လျော့ကျ စေမယ့် နည်းလမ်း ကောင်းတစ်ခုပါပဲ။

လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့

ဇီဝရုပ်ဖြစ်ပျက်မှုကို အား ကောင်းစေတာကြောင့်ပါ။

လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏအနည်းငယ်သောက် ရင်တောင်

စိတ်ကို လန်းဆန်းသွားစေနိုင် ပါတယ်။


၁၀။ ယောဂကျင့်ပါ။

ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ

ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် လျော့ နည်းကြကြောင်း

အမေရိကန်အာဟာရ အဖွဲ့ အစည်းက ဆိုပါတယ်။

အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို

အလွန်အကြူးစားတတ်တဲ့ အကျင့်မရှိကြ တာကြောင့်ပါ။

ယောဂကျင့်တာကြောင့် စိတ်ညစ်ငြိမ်အေးချမ်းနေတဲ့အတွက်

အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ

စားသောက်လေ့ရှိတာဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။


၁၁။ သကြားမပါသော ပီကေဝါးပါ။



၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင်လုပ်ပါ။


အစားမလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေး ချိန် ၁၀ ပေါင် ကျချင်ရင်

တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက်

မိနစ် ၂၀ကြာ တစ်မိုင်လမ်းလျှောက်ခြင်း၊

မိနစ် ၂၀ကြာ ဥယျာဉ်စိုက်ပျိုးခြင်း၊

မိနစ် ၃၀ကြာ အိမ်သန့် ရှင်းရေးလုပ်ခြင်း၊

၁၀မိနစ်ကြာ လမ်းအမြန် လျှောက်ခြင်း

စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခုလုပ်ဆောင်ပါ။


၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏစားပါ။

သက်သက်လွတ်စားတာဟာ ကိုယ်အလေးချိန်သွယ်လျစေကြောင်း

Web MD သုတေသန အရ သိရပါတယ်။

ပျမ်းမျှအားဖြင့် သက်သတ်လွတ်စားသူတွေဟာ

အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်းကိုယ်အလေးချိန်

လျော့ကျနေတတ်ပါတယ်။

ပဲနီလေးစွပ်ပြုတ်၊ ပဲအမျိုးမျိုး ပါတဲ့ ဟင်းလျာတွေဟာ

အမျှင်ဓာတ်ပါဝင်ပြီး အာဟာရဓာတ်ရရှိစေကာ

ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။


(မြန်မာပြည်မှ ရှေ့နေမလေး မနီဝမ်းမှ ကျေးဇူးပြုပါတယ်)


" ရရာအလုပ်ကို လုပ်သင့်သလား..."


ကျနော်တို့တောရွာဟာ မွန်ပြည်နယ်ထဲမှာရှိပါတယ်။

မော်လမြိုင်နဲ့ရေး မီးရထားလမ်းဘေးမှာလည်း ရှိနေတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။

တစ်ချိန်တုန်းက အမဲရောင်နယ်မြေဖြစ်တာမို့ ကျီးလန့်စာစာဖြစ်ခဲ့ပါတယ်။

စစ်တပ်နဲ့သူပုန်တပ်တွေကြားမှာ ရွာသားတွေကတော့ မြေဇာပင်ပါပဲ။

အဲဒီအတွက်ကြောင့်လည်း ကျနော်တို့မိဘများဟာ တောရွာကလေးကနေ ရန်ကုန်မြို့ကိုပြောင်းရွေ့အခြေချနေထိုင်ဖြစ်သွားခဲ့ပါတယ်။

ကျနော်တို့မိသားစုကတော့ အစောဆုံးပြောင်းရွေ့နေထိုင်သူများဖြစ်တာကြောင့်

နောက်ပြောင်းရွေ့သူများဟာ ကျနော်တို့အိမ်မှာနေထိုင်ပြီးမှ အခြားကိုပြောင်းရွေ့ကြပါတယ်။

ကျနော်တို့ငယ်စဉ်က အိမ်မှာ အယောက်နှစ်ဆယ်ပတ်ဝန်ကျင်ကတော့ အမြဲတမ်းရှိနေတတ်ပါတယ်။

ကျနော်တို့မိသားစုက ခုနှစ်ယောက်ရှိတာမို့ ဖေဖေရဲ့လုပ်ခလစာတစ်ခုထဲနဲ့

လူသုံးဆယ်ဝန်ကျင်ကိုကျွေးထားနိုင်တဲ့အချိန်တစ်ချိန်ရှိခဲ့ဖူးပါတယ်။

လာရောက်သူတွေထဲမှာ ယောကျာ်းအရေအတွက်ထက် မိန်းမအရေအတွက်က များပါတယ်။

ငယ်သေးချိန်မို့ လူများတာကိုပျော်ခဲ့ဖူးပါတယ်။

အလုပ် သက်သာတဲ့အတွက်ကြောင့်ဖြစ်တယ်။

လာရောက်ကြတဲ့သူတွေထဲမှာ ကိုအေးဖေဆိုတဲ့ ၂၅-နှစ်ဝန်ကျင်ရှိသူတစ်ယောက်ကတော့

အမေရဲ့နှစ်ဝမ်းကွဲမောင်တော်ပါတယ်။

သူက ရန်ကုန်မြို့ကိုရောက်လာပြီး၊သုံးလေးလကြာတဲ့အထိ

အလုပ်ကမရတော့ အမကိုအားနာလာပါတယ်။

မိုးလင်းတာနဲ့အလုပ်ရှာထွက်သွားပါတယ်။

မိုးချုပ်မှ ပြန်လာတဲ့ရက်တွေလည်းရှိလာပါတယ်။

အမေက “ အလုပ်ကရှာရင် ခက်တတ်တယ်။

အေးအေးဆေးဆေးရှာပါ။ ငါ့တို့မိသားစုကို အားမနာပါနဲ့။”

လို့အားပေးပေမယ့် သူကတော့မနားမနေအလုပ်ရှာပါတယ်။

တစ်နေ့တော့ ဝမ်းသာအားရပြောတယ်။

“ အမ ကျနော်အလုပ်ရလာပြီ၊

လခလည်းကောင်းတယ်။

ခဏပဲလုပ်ရတယ်။

အလုပ်ကတော့ ညအလုပ်ပါပဲ။”

“ ဟဲ…ဘာအလုပ်လဲ။သေသေချာချာပြောမှပေါ့ ”

အမေကတိတိကျကျမေးတော့ သူကောင်းကောင်းမဖြေချင်ပါ။

အမေက သုံးလေးကြိမ်မေးတော့မှ မိလ္လာကျုံးရတဲ့အလုပ်ဖြစ်ကြောင်းကို

မပြောချင်ပြောချင်နဲ့ပြောလာပါတယ်။

“ အမဆီမှာ ကျနော်စားရတာ အားနာလာလို့

ရရာအလုပ်ကို လုပ်ဖို့ကျနော်ဆုံးဖြတ်လိုက်ပြီ။”

“ ငါ့ကိုအားနာလို့ ကိုယ့်အတွက် မသင့်တော်တဲ့အလုပ်တော့မလုပ်ပါနဲ့ကွယ်။

မင်းတစ်ယောက်ကို ကျွေးထားရလို့ ငါ့အဖို့ပိုပြီးအပန်းမကြီးတော့ပါဘူး

ငါ ကျွေးထားနိုင်ပါတယ်။

မင်းရဲ့အလုပ်တစ်ကိုရွေးရင် သမ္မာအာဇီဝလည်းကျဖို့လိုတယ်။

ပြီးတော့ကိုယ့်အတွက် အန္တရာယ်လည်းကင်းဖို့လိုတယ်။

ကိုယ့်ကျန်းမာရေးအတွက်ကောင်းဖို့လည်းလိုတယ်။

ကုသိုလ်၊ပညာ၊ငွေကြေးဥစ္စာရတဲ့အလုပ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အဲဒါနဲ့ချိန်ဆကြည့်ပေါ့။

လုပ်ချင်စိတ်ရှိရင် အလုပ်ကမရှားပါဘူး။

စိတ်ရှည်တယ်ဆိုရင် ကိုယ်နဲ့သင်တော်တဲံအလုပ်တစ်ခုက ရလာမှာပါ”

လို့အမေကစိတ်ရှည်ရှည်ရှင်းပြပါတယ်။

“ ကျနော်က တောမှာ လယ်ပဲလုပ်ခဲ့ရတော့ ဘာပညာမှ မတတ်ဘူး။

ဒါဟာ ကျနော်နဲ့သင့်တော်တဲ့အလုပ်ဖြစ်မယ်ထင်ပါတယ်။”လို့ပြောတယ်။

အမေအတန်တန်တားပါသေးတယ်။

သူကလည်းသူ့စိတ်ကူးနဲ့သူဆိုတော့ အမေရဲ့စကားကို နားမဝင်နိုင်ပါ။

အဲဒီအလုပ်ကို လုပ်ဖြစ်သွားပါတယ်။

အလုပ်ကိုလုပ်ပြီးမကြာခင်မှာပင် အိမ်ပြောင်းသွားပါတယ်။

တစ်လကြာတော့ အိမ်လာလည်တယ်။ အရက်နံ့ရနေပြီ။

အမေက “ဘာကြောင့် အရက်သောက်ရသလဲ”

လို့မေးတော့

“မစင်ရဲ့အနံ့အသက်ကို မခံနိုင်လို့သောက်ရတယ်။

လုပ်တဲ့လူတိုင်းသောက်ကြရတယ်။”

လို့ပြောတယ်။

နောက်နှစ်လအကြာမှာလာတော့ သူ့ရဲ့ကိုယ်ခန္ဓာမှာ

အရေပြားအနာများအနှံ့အပြားဖြစ်နေပါတယ်။

မစင်ရဲ့အနံ့အသက်ကလည်း စွဲနေတာကို သတိပြုမိပါတယ်။

သူဟာ တဖြည်းဖြည်းအလာကျဲသွားတယ်။

နောက်လအတန်ကြာတော့ ကိုအေးဖေတစ်ယောက်

ကွယ်လွန်သွားကြောင်းကိုသာကြားရတယ်။

သူရွေးချယ်တဲ့လမ်းကို သူလျှောက်သွားရတဲ့သဘောဖြစ်နေပါတယ်။

+++++++

အခု ကျနော်အမေရိကားကို မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။

သုံးလကျော်ပြီး အလုပ်ကမရသေး။

အနီးနေသူတွေက ရရာအလုပ်လုပ်ဖို့ ဖိအားအမျိုးမျိုးပေးကြတယ်။

အမေရိကန်ရဲ့လူနေမှုစံနစ်ထင်ပါရဲ့။

အလုပ်မရွေးပါဘူးဆိုလည်း အလုပ်ရှားနေတဲ့ခေတ်ဖြစ်တာမို့

အလုပ်ကလွယ်လွယ်ကူကူမရနိုင်ခဲ့ပါ။

ကိုအေးဖေကို သွားသတိရမိပါတယ်။

ရရာအလုပ်ကို လုပ်သင့်ပါသလား?

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com